Tag: News
-

ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများထံ ဇန်နဝါရီလ အတွင်း ဗိုလ်မှူး ၁ ဦးအပါအဝင် တပ်သားနှင့်ရဲ ၁၃၆ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများနှင့် ပကဖများကို ဆက်သွယ်ကာ တပ်သားနှင့်ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများထဲတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်…
-

စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက်ထုတ်
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ် အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်။ မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပါသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊…
-

ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ
နိုင်ငံတစ်ဝန်း တိုင်းရင်းသားအဖွဲ့များနှင့် PDF များပူးပေါင်း တိုက်ခိုက်မှုခံနေရပြီး ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းတို့အထိ တိုက်ပွဲများ ရောက်ရှိဟု မင်းအောင်လှိုင် ဝန်ခံ မြန်မာနိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDF များပူးပေါင်း၍ တိုက်ခိုက်မှုခံနေရပြီး ရခိုင်ပြည်နယ်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာ၀တီတိုင်းအထိ တိုက်ပွဲများ ရောက်ရှိလာနေပြီဖြစ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဝန်ခံပြောဆိုလိုက်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ၆ လသက်တမ်းတိုးသည့် ကာ/လုံအစည်းအဝေးတွင် အကြမ်း ဖက်မင်းအောင်လှိုင်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ လွန်ခဲ့သော ၆ လတာ ကာလအတွင်း ကချင်ပြည်နယ်တွင် KIA က PDF များနှင့်ပေါင်း၍ တရုတ်-မြန်မာနယ်စပ်ဒေသ၊ ဗန်းမော်ဒေသ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ အင်းတော်ဒေသ၊ ကရင်ပြည်နယ်တွင် KNU က PDF…
-
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် လူငယ်များနှင့် အမျိုးသမီးများ သတင်းအစအန မရတော့ဘဲ ပျောက်ဆုံးနေ၊ လှိုင်သာယာတွင် လူငယ် ၂ ဦးကို စစ်မှုထမ်းရမည်ဟုဆိုပြီး စစ်တပ်က ညအချိန် ဝင်ရောက် ဖမ်းဆီး ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း၊ နေပြည်တော် ၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းမှ လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေပြီး အမျိုး သမီးငယ်များလည်း ပျောက်ဆုံးမှု ပိုများလာကြောင်း ဒေသခံသတင်းရင်းမြစ်များနှင့် မိသားစုဝင်တချို့က ပြောဆိုသည်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၃၆ နှစ်အရွယ် ကိုမျိုးမင်းခိုင်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ကြောင်း၊ မိသားစုဝင်များက ၎င်းဖုန်းကို…
-

အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြု
အာဏာသိမ်း စစ်ကောင်စီသည် အမိန့်အမှတ်၊ ၁၀/၂၀၂၅ ဖြင့် အလုပ်သမားဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနများ၏ ပြည်ထောင်စုဝန်ကြီးများအား တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း သိရသည်။ ပြည်ထဲရေးဝန်ကြီး အပြောင်းအလဲ ဖြစ် ဒေါ်သက်သက်ခိုင် ဝန်ကြီးရာထူးက ဖယ်ရှားခံရ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်လာပါတယ်။ အရေးပေါ်ကာလကို သက်တမ်းတိုးတဲ့ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ကောင်စီက ရာထူးအပြောင်းအရွှေ့ ဒါဇင်ကျော်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စစ်တက္ကသိုလ်အပတ်စဉ် (၂၂) ဖြစ်ပြီး ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့အပတ်စဉ်တူသူဖြစ်ပါတယ်။ ပြည်ထဲရေးဒုဝန်ကြီးပါအပြောင်းအလဲဖြစ်ခဲ့ပြီး လက်ရှိဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ရောက်သွားပါတယ်။ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ)လက်အောက်က အောက်မြန်မာပြည် ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်က ပြည်ထဲရေး ဒုဝန်ကြီးသစ် ဖြစ်လာပါတယ်။ စစ်ကောင်စီကဝန်ကြီးသုံးဦးကို အနားပေးလိုက်ပြီး လူသိများတဲ့ လုပ်ငန်းရှင်…