စစ်ကောင်စီက စက်တပ်လေထီးများကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရန်ကြိုးပမ်းလာခြင်းက မောင်းနှင်သူအတွက်အသက်အန္တရာယ်ကို အလေးမထားခြင်းကိုပြသနေသည်။ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာကို ဒီဇင်ဘာ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်မှုလုပ်ပြီး စက်တပ်လေထီး (Powered parachute) အသုံးပြုတိုက်ခိုက်မှု ဗွေဆော်ဦးစတင်ခဲ့သည်။ လေယာဉ်ဆီမလိုအပ်ဘဲ သာမာန် စက်သုံးဆီများဖြင့် ပျံနိုင်သကဲ့သို့ လေယာဉ်ပြေးလမ်းများလည်း မလိုအပ်သော စက်တပ်လေထီးကို စစ်ဘက်ဆိုင်ရာတွင်အသုံးပြုခြင်းကလည်း မြန်မာနိုင်ငံစစ်သမိုင်းတွင် ပထမဆုံးဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် မိုးကုန်ကာလ မှစတင်ကာ ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တပ်လေထီးများကို အစမ်းမောင်းနှင်လေကျင့်ခဲ့ကြောင်း စစ်ကောင်စီ၏ လေကြောင်းပျံသန်းမှုကို စောင့်ကြည့်နေသည့်အဖွဲ့ဖြစ်သည့် NAS-နပ်စ်လေကြောင်းရန် အဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။ “ပြီးခဲ့တဲ့ လတွေက ပြင်ဦးလွင်မှာ လေ့ကျင့်ပါတယ်။ ရှမ်းတဲကနေ အခုက လေ့ကျင့်ရင်း စမ်းသပ် 81 မမ…
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ မြဝတီမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ရဲများ ထိခိုက်ဒဏ်ရာရမှု ရှိသော်လည်း သတင်းဖုံးထားကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (ဒီဇင်ဘာ ၂၈ ရက်) ည ၇ နာရီ ၂၅ မိနစ်အချိန်က ဗုံးပေါက်ကွဲသံ နှစ်ကြိမ်ကြားရပြီး မြဝတီရဲစခန်း ဒရုန်းဖြင့် ဗုံးကြဲခံရခြင်းဖြစ်သည်ဟု မြဝတီသတင်းရင်းမြစ်က ပြောသည်။ ” အကျယ်ကြီးပဲ နှစ်ခါတောင် ” ဟု မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ဒေသခံတဦးက ပြောသည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း မြို့မရဲစခန်းမှ ရဲနှစ်ဦးထက်မနည်း ထိခိုက်မှု ရှိခဲ့သော်လည်း သတင်းဖုံးထားကြသည်ဟု မြေပြင် သတင်းရင်းမြစ်က ပြောသည်။ ” လောလောဆယ်တော့သတင်းကမတိကျသေးဘူး။ သူတို့ကသတင်းအမှောင်ချထားတယ်။ သိရသလောက်တော့ ရဲနှစ်ယောက်ကနေ သုံးယောက်လောက်သေတယ်လို့ပြောတယ်။ ထိခိုက်သူလည်း…
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းကို ပို့မည့်ရိက္ခာများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းဆည်းရမိခဲ့ေကြာင်း သိရသည်။ ထိုသို့ သိမ်းဆည်းရမိကြောင်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ဘိတ်-ထားဝယ်ခရိုင် ခရိုင်ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။ ဒီဇင်ဘာလ ၂၆ ရက်က ကျောက်မဲတောင်ဘက်မှ မေတ္တာမြို့ဘက်သို့ ဆန်၊ ဆီ၊ စားသောက်ကုန်များ အပြည့်တင်ဆောင်လာသည့် မြေသယ်ကားတစီးကို ထားဝယ်- ထီးခီးလမ်းပေါ်၊ ဟိန္ဒူးချောင်းရွာအနီးမှာ KNLA တပ်ရင်း (၁၂) က စစ်ဆေးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ ဖြစ်စဉ်ကတော့ မှန်တယ်၊ အောက်ခြေက သတင်းပို့တာတော့ ရှိတယ်။ အသေးစိတ်တော့ တင်ပြထားတာ မတွေ့ရသေးဘူး။ နောက်ဆုံးအခြေအနေကိုတော့ တင်ပြတာမျိုး မရှိသေးဘူး” ဟု ပဒိုစောဖလိုစိုးဝင်းက ပြောသည်။…
စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အရှေ့ခြမ်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) သိမ်းပိုက်ထားတဲ့ Alpha ဘီလပ်မြေ စက်ရုံဘက်ကို ဒီကနေ့ (ဒီဇင်ဘာ ၂၈ရက်နေ့) စစ်ကြောင်းထိုးဖို့ကြိုးစားတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံအချို့ကပြောသည်။ နိုဝင်ဘာလအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းကိုပါ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ် ။ မန္တလေး PDFနဲ့ မဟာမိတ်တပ်တွေက က ၁၀၂၇ ဒုတိယလှိုင်း မှာ မတ္တရာမြို့နယ်အရှေ့ခြမ်းက အင်ကြင်းမြိုင် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း ၊ဆည်တော်တပ်စခန်း ၊ကျောက်ပုထိုး တပ်စခန်း ၊ တရုတ် ရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်တဲ့ Alpha ဘိလပ်မြေစက်ရုံက စစ်တပ်စခန်းတွေအပါအဝင် စစ်တပ်စခန်းပေါင်း ၄၀ ခန့်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ကမတ္တရာမြို့နယ်အရှေ့ခြမ်းကိုထိုးစစ်ဆင်နိုင်ဖို့ နေ့စဥ်စစ်အင်အားတွေပို့တာ၊လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။…
ရန်ကုန်တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး မန္တလေးတိုင်းတွင် လူငယ်များကို ဖမ်းဆီးကာ တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ဖြင့် စစ်တပ်က ပြန်ရွေးခိုင်း ရန်ကုန်မြို့တွင် လူငယ်များ ပျောက်ဆုံးမှု ဆက်တိုက် များပြားလာပြီး စဉ့်ကိုင်တွင်လည်း အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မြောက်ဥက္ကလာမြို့နယ်၌ နေထိုင်သော ကိုကျော်ထက်ဝင်းသည် မိခင်ဖြစ်သူကို အပြင်ခဏ သွားမည်ဟု ပြောဆို၍ ထွက်သွားစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိခင်ဖြစ်သူက ဖုန်းဆက်တိုက် ခေါ်သော်လည်း ဖုန်းကိုင်ခြင်းမရှိဘဲ စက်ပိတ်လိုက်ကြောင်း…