Tag: News
-

ရေကြည်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ၏ ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးကာ ဒေသခံများ ဘုန်းကြီးကျောင်းတွင် ပိတ်မိနေ
ရေကြည်မြို့နယ်၊ ပန်းပုကွင်း(ရွာသစ်)ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် AA ၊ PDF ပူးပေါင်းတပ်ဖွဲ့သည် ယနေ့ မတ် ၂၆ ရက်နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “MI 35 ရဟတ်ယာဉ်ရော တိုက်လေယာဉ်တွေပါလဲဝဲနေတယ်။ ခုထိ လက်နက်ကြီးသံလည်း အဆက် မပြတ်ကြားနေရတယ်။ ဗုံးကြဲလို့ ကျေးရွာအချို့တွေက ရွာခြံစည်းရိုးမီးတွေလောင်နေတယ်၊ လူထိခိုက် မှုတော့မရှိသေးဘူး” ဟု သရက်ပင်ကြီးစုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ဂွေးပင်ဒေါင့်ကျေးရွာ၊ ပန်းပုကွင်း သရက်ပင်ကြီးစုကျေးရွာများမှာ စုစုပေါင်း အိမ်ခြေ ၄၀၀ကျော်ရှိပြီး…
-

-

နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွား
နေပြည်တော်တွင် စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှု ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရ၊ ရန်ပွဲကို အကြမ်းဖက်နှိမ်နင်းရေးတပ်က အင်အားသုံး ဖျန်ဖြေခဲ့ရ နေပြည်တော်တွင် ယမန်နေ့ညပိုင်း စစ်ရေးပြ စစ်ကြောင်းမှ အရာရှိနှင့်တပ်သားများအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် စစ်သား ၁၈ ဦး ဒဏ်ရာရရှိကြောင်း နေပြည်တော်၊တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၀ ဝန်းကျင်အချိန် နေပြည်တော်ရှိ တည်းခိုရေး ၃တွင် တည်းခိုနေကြသည့် စစ်ရေးပြ အခမ်းအနား ချီတက်ကြမည့် တပ်ဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ တည်းခိုဆောင် အ…
-

-

ဂန့်ဂေါတွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သား ကြည်ဝင်း ဆိုင်ကယ် တိုက်ခံရပြီး ပွဲချင်းပြီး သေဆုံး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများကို စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်ကောင်စီတပ်သား ကြည်ဝင်း ဆိုင်ကယ်တိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ယောအလင်းတန်းမှ ကိုဘကောင်း က ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့ပေါ်၌ စစ်ကောင်စီ တပ်သား ကြည်ဝင်းသည် ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပျူစောထီးအဖွဲ့ ဝင်တစ်ဦး၏ သားဖြစ်သူ မောင်းလာသော ဆိုင်ကယ်ကာ ဝင်တိုက်ခိုက်ခဲ့ရာ ကြည်ဝင်း နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လက်ရှိချိန်တွင် ပျူစောထီးအဖွဲ့ဝင်၏ သားဖြစ်သူကို ဂန့် ဂေါမြို့မရဲစခန်း၌ ယာဉ်တိုက်မှုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။ “ဂန့်ဂေါမြို့ပေါ်မှာပဲ တိုက်ခံရတာပါ။ ပျူစောထီးသားကိုတော့ ရဲစခန်းမှာ ဖမ်းထားတယ်။ ကြည်ဝင်း ဆိုတဲ့ စနိုက်ပါတပ်သားက ပြည်သူတွေကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်နေတာ ဖေဖော်ဝါရီလ ၂၇…