ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး-ဟိုပုံး သွား ကားလမ်းပေါ်က စစ်တပ်ဂိတ်မှာ ကားဟွန်းတီးတာကြောင့် ဆိုပြီး စစ်ကောင်စီတပ်သားတွေရဲ့ ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ အမျိုးသားဟာ ဆေးကုနေရင်း သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကွန်ပျူတာကျောင်းနဲ့ နည်းပညာသိပ္ပံကျောင်း နားက စစ်ကောင်စီဂိတ်မှာ ဒီဇင်ဘာ ၁ ရက်ညက ကားဟွန်းတီးလို့ ဆိုပြီး အမျိူသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ဝိုင်းရိုက်ခဲ့ကြတာပါ။ ဒဏ်ရာအပြင်းအထန်ရရှိတာကြောင့် စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေရင်း ဒီဇင်ဘာ ၃ ရက်က သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ သေဆုံးသူနဲ့ နီးစပ်သူတယောက်က “ဂိတ်မှာဟွန်းတီးတာ သူတို့ကိုမလေးမစားလုပ်တာဆိုပြီး ဝိုင်းရိုက်တာ၊ ခေါင်လည်းပေါက်သွားတယ်၊ ကျောရိုးတွေလည်းကျိုးသွားတယ်။ ကားဟွန်းလေးတီးတာကို လူတယောက်သေတဲ့အထိ ရိုက်သတ်သွားတာတော့လွန်လွန်းပါတယ်” လို့ ပြောပါတယ်။ သေဆုံးသူဟာ ဟိုပုံးမြို့၊ မြို့ဦးကွက်သစ်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ် ခွန်မောင်ထိပ်ဖြစ်ပြီး သူ့မှာ…
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင်သို့ ထောက်ပို့လာသည့် ရဟတ်ယာဉ်တစီးအား KNLA ပူးပေါင်းတပ်များက ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်ကို မထိ သော်လည်း အနီးတွင်ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်သေဆုံးမှုရှိသည်ဟု KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းကဖြစ်ပြီး KNU တပ်မဟာ (၅)နှင့် တပ်မဟာ (၃) အစပ်ရှိ ဘော်စဲခိုစခန်းသို့ စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ဖြင့်ထောက်ပို့လာကူခြင်းဖြစ်သည်ဟု သိရ သည်။ ထိုရဟတ်ယာဉ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက လက် နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ရိုက်ထိမှန်ခြင်းမရှိခဲ့သော်လည်း ရဟတ်ယာဉ် အနီးတွင် ရှိနေသည့် စစ်ကော်မရှင်တပ်သားများ ထိမှန်ခဲ့ကြောင်း သိရသည်။ “ရဟတ်ယာဉ်ကိုပစ်တာတော့ ဟုတ်တယ်၊ ဒါပေမယ့် မကျပါဘူး။ သွားပစ်တဲ့ရဟတ်ယာဉ်ကို တည့်…
TNLA က လက်လွှတ်လိုက်ရသော မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို ပြန်လည် သိမ်းပိုက်ရန် PDF တပ်များက ထိုးစစ်ဆင်နေပြီး မိုးကုတ်တွင် စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ မန္တလေးတိုင်း မိုးကုတ်မြို့၊ ရှမ်းပြည်နယ် မိုးမိတ်မြို့တို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် PDF တပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရေးအရ အရေးပါသော စခန်းကုန်း ၁ ခုကို သိမ်းပိုက်ရရှိထားကြောင်း NUG အစိုးရက ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေဖြင့် မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာလ ၉ ရက်နေ့ ကတည်းက စတင်ဖွဲ့စည်းခဲ့ပြီး…
ထိုင်းဘက်သို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့် ကျည်ဆန်များ ထပ်မံ ကျရောက်ပါက အင်အားသုံးမှု စည်းမျဉ်းများအတိုင်း လုပ်ဆောင်မည်ဟု ထိုင်းတပ်မတော်ကာကွယ် ရေးဦးစီးချုပ် သတိပေး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် KNLA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်နှင့်ကျည်ဆန်များ ထိုင်းဘက်သို့ ကျရောက်လျက်ရှိရာ ယင်းကဲ့သို့ ထပ်မံဖြစ်ပွားပါက အင်အားသုံးမှု စည်း မျဉ်းများအတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Ukrit Boontanon က သတိပေးလိုက်သည်။ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံအတွင်းသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်များ၊ ကျည်ဆန်များကျရောက်နေသော သတင်းပေးအစီရင်ခံမှုများကို ရရှိထားကြောင်း ၊ ယင်းသို့ ကျရောက်နေမှုများနှင့်ပတ်သက်၍ ထိုင်းစစ်တပ်ကို မြန်မာဘက်သို့ သတိပေး ဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း၊ လက်ရှိအချိန်အထိ…
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဝမ်းရေးဒုက္ခအဆိုးရွားဆုံးခံစားနေရသည့် ပဉ္စမမြောက်နိုင်ငံဖြစ်လာသည်ဟု World Food Program(WFP)က ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်က ထုတ်ပြန်သည့် Hunger Hotspots အစီရင်ခံစာကိုကိုးကားပြီး WFP က ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်တွင် ယခုလို ထုတ်ပြန်ခြင်းဖြစ်သည်။ “အခုဆိုရင် မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဝမ်းရေးဒုက္ခကို ပဉ္စမမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံ ဖြစ်လာနေပါပြီ။ နောက်ဆုံးထုတ်ပြန်ထားတဲ့ ‘Hunger Hotspots’ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အာဖဂန်နစ္စတန်၊ ဆီးရီးယားနဲ့ တောင်ဆူဒန်တို့ထက်တောင် ဝမ်းရေးဒုက္ခကြုံနေရတဲ့ လူဦးရေ ပိုများနေတယ်လို့ ဖော်ပြထားပါတယ်”ဟု WFP ၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford ကလည်း “နောက်ဆုံးထွက်ရှိထားတဲ့…