ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၊ NUG နိုင်ငံခြားရေးဝန်ကြီးက ဂျပန်လွှတ်တော်အမတ်များနှင့်တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ဩစတြေးလျ အထက်လွှတ်တော်က မြန်မာ့အရေး စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ဩစ တြေးလျ အထက်လွှတ်တော်အမတ် DEAN SMITH က တရားဝင် သတင်းထုတ်ပြန်သည်။ ဩစတြေးလျအထက်လွှတ်တော်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေအနေများ၊ စစ်တပ်၏ ရွေးကောက်ပွဲများ၏ အခြေအနေနှင့် အရပ်သား ဒီမိုကရေစီ အစိုးရစနစ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အတားအဆီးများ စသည့်အခြေအနေများကို စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ စုံစမ်းရေးအဖွဲ့ကို အထက်လွှတ်တော်အမတ် DEAN SMITH က ဦးဆောင်မည်ဖြစ်ပြီး စုံစမ်းစစ်ဆေးမှု အစီ ရင်ခံစာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့…
ဖမ်းဆီးလာတဲ့ ပြည်သူ ၂ ဦး ကယ်တင်နိုင် မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်တဲ့ မိတ္ထီလအခြေစိုက် တပ်မ(၉၉) စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူနှစ်ဦးကို ကယ်ထုတ်ခဲ့တယ်လို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု က ထုတ်ပြန်ပါတယ်။ မနေ့က(ဒီဇင်ဘာ ၄ ရက်)မှာ တပ်မ(၉၉) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၄၁၇)(၄၁၈)နဲ့ (၄၁၉)တပ်ရင်းက စစ်ကြောင်းကို ပခုက္ကူမြို့နယ် ကန်တော် ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ “ဒီနေ့သေတဲ့အထဲ အတည်ပြုနိုင်တာတော့ တစ်ယောက်ထဲပဲ ။ အတည်မပြုနိုင်တဲ့ စာရင်းတွေလည်း ရှိပါမယ်”လို့ ကမ္မ ဒေသ တော်လှန်ရေးတပ်ပေါင်းစုတာဝန်ရှိသူက ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို ပခုက္ကူမြို့နယ်အတွင်း ပြောက်ကျားမိုင်းဆွဲတိုက်ခိုက်တာတွေနဲ့ မြိုင်မြို့နယ်အစပ်မှာ ထိတွေ့တိုက်ပွဲလေးကြိမ် ရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင်…
ဘယ်နိုင်ငံမှာမှ မရှိသေးတဲ့ လေယာဉ်ပျံ ဆိုက်ရောက်တာ မိုးချုပ်လို့ ခရီးသည်တွေ အိမ်ပြန်ဖို့ စာထုတ်ရတဲ့ ရန်ကုန်လေဆိပ် ညဖက် မာရှယ်လော ထုတ်ထားဆဲ ဖြစ်တဲ့အပြင် တချို့မြို့နယ်တွေဆို ညဖက် သွားလာတာတွေ ခွင့်မပြု ဖြစ်နေကြဆဲ ဆိုတဲ့ စာတစောင်ပါ။ ကလပ်တွေကတော့ တညလုံး မိုးအလင်းဖွင့်သလို ကြိုက် တဲ့ အချိန် ကြိုက်သလို ဒိုးလို့ ရတယ်။ လူကောင်းတွေ ကြောက်ရတဲ့ ခေတ်ဆိုတာ ဒါမျိုးကို ဆိုလိုတာ။ ထူးထူး ခြားခြား သမိုင်းမှတ်တမ်း စာရွက်မို့ မျှဝေပေးလိုက်ပါတယ်။ Credit
အင်အား ၂၀၀ ကျော်နဲ့ စျေးဆိုင် ၅၀ ကို ဖျက်ဆီးခဲ့တာလို့ စစ်လော်ဘီတွေ အောင်ပွဲခံ သတင်းဖြန့် မန္တလေးမြို့ စျေးချိုတော်အနီးမှာ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေက ဖက်ဆစ်တပ် အမြတ်ဖြတ်ရေး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ပြီးနောက် စစ်အုပ်စုက အဲ့ဒီ ဆန္ဒပြသပိတ်ပြုလုပ်ခဲ့တဲ့ နေရာကို စီးနင်းကာ စျေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးသွားတယ်လို့ မြို့ခံတချို့က ပြောပါတယ်။ ဒီဇင်ဘာ ၄ရက် မနေ့က ညပိုင်းက စတင်ကာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စုက လက်နက်အားကိုးနဲ့ မန္တလးစျေးချိုတော် အနီးတဝိုက်ကို စီးနင်းကာ စျေးဆိုင်တွေကို ညလုံးပေါက် ဖျက်ဆီးတာလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ရက် မနက်ပိုင်းက စျေးချိုတော်အနီး ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ သပိတ်အဖွဲ့တွေက…
ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားဟု KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူပြော တရုတ်၏ မြေရှား အလွန်အကျွံတူးမှုကြောင့် မြန်မာ့သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှု ထိန်းမရ သိမ်းမရ ဖြစ်လာ ကချင်ပြည်နယ်တွင် မြေရှားသတ္တုတူးဖော်မှုများကို အသစ်ချထားပေးခြင်းမရှိဘဲ မူလလုပ်ကွက်အဟောင်းများကိုသာ ဆက်လက်ခွင့်ပြုထားကြောင်း KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ ယခု ၂၀၂၅ ခုနှစ် ၉ လအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်ရှိခဲ့ပြီး ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန် မာ နိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေကြောင်း၊ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာ ခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်…