မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်ရေးသား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ မဟာမိတ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်နဲ့ TNLA အကြား အပစ်ရပ်သဘောတူညီချက်အရ ပြန်လည်လွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားမရှိဖြစ်ရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ဒီကနေ့ (ဒီဇင်ဘာ ၁ရက်)မှာ လူမှုကွန်ရက်မှာ ကဗျာရေးသားအသိပေးခဲ့ပါတယ်။ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီ နဲ့ TNLA အပစ်ရပ်သဘောတူညီခဲ့ရာ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်တပ်က TNLA အကူအညီနဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့တာပါ။ ဒီအခြေအနေမှာ ဗိုလ်ချုပ်တားဘုန်းကျော်က “မြောက်ပြန်လေအေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသားပြီး မိုးကုတ်အတွက် တောင်းပန်ခဲ့တာပါ။ မိုးမိတ်မြို့ အခြေအနေကိုတော့…
KIA၊ PDF အပါအဝင်ပူးပေါင်းတပ်နဲ့ စစ်တပ်မိုးမိတ်မှာတိုက်ပွဲဖြစ် စစ်တပ်ပြန်ဝင်လာတဲ့ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေရဲ့ မြို့ပြင်နေရာတွေမှာ ယမန်နေ့ညမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။ မန္တလေးတိုင်းမိုးကုတ်မြို့ကို TNLA အကာအကွယ်နဲ့ မနေ့ညနေပိုင်းမှာ ဝင်လာတဲ့ စစ်တပ်ဟာ ဒီကနေ့မှာ တော်လှန်ရေးတပ်တွေတပ်စွဲထားတဲ့မြို့အပြင်နေရာတွေကို ပါတိုးလာလို့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ် ၄ ဦးကပြောပါတယ်။ ” ညနေ ၅နာရီလောက်က စဖြစ်တာ။အခုညအထိဖြစ်နေတယ်။မိုးမိတ်ဖက် သွားတဲ့ဘက်မှာ ချနေတာလို့ ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ တိုက်ပွဲတွေဟာမြို့အပြင် အနောက်ဘက်ပိုင်းမှာဖြစ်နေပြီး နိုဝင်ဘာ ၃၀ ည ၈နာရီခွဲအထိ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်က မိုးကုတ်မြို့ကို နိုဝင်ဘာလ ၂၉ရက်ညနေမှာ စစ်တပ်က စစ်ကားတွေနဲ့ ဝင်လာတာပါ။ ပြည်သူ့စစ်သင်တန်းဆင်း စစ်သားသစ်တွေ အများဆုံးပါပြီး အင်အား ၁၀၀၀ ခန့်…
မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့်ကားကို ကြားဖြတ် တိုက်ခိုက်မှု ၅ ဦး သေဆုံးပြီး သေနတ် ၃ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရမိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်အဖွဲ့မှ ပျူစောထီးများ လိုက်ပါလာသည့် ကားကို ကြားဖြတ်တိုက်ခိုက်ရာ ၅ ဦးပွဲချင်းပြီး သေဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောဆိုသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်မှ ပျူစောထီးများ လိုက်ပါလာသောကားကို Pakokku Special Task Force ပခုက္ကူမြို့နယ်…
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်အုပ်စုတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၃၀ ရက် ဒီနေ့ ညနေ ၅ နာရီခွဲကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်တွေ တပ်ဆုတ်ထားတဲ့ မြို့ပြင်အထိ စစ်အုပ်စုတပ်က ဒီနေ့ညနေပိုင်းမှာ ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။ “ကျန်တော်တို့က သူတို့ရဲ့ (TNLA) တောင်းဆိုချက်အရ မြို့အပြင်မှာ ရှိနေထားပေးတာပါ။ အဲ့ဒီအထိ စစ်ကော်မရှင်တပ်တွေကို TNLA က အနီးကပ်အထိုင်ချပြီး ခေါ်လာရာကနေ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ” လတ်တလောမှာ တိုက်ပွဲဆက်ဖြစ်နေသလို စစ်အုပ်စုတပ်ဘက်က ဆက်တိုက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲဆက်ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။ အပစ်ရပ်ပြီးနောက် အင်အားရာနု့ချီတဲ့ စစ်အုပ်စုတပ်တွေကို နိုဝင်ဘာလ ၂၉ ရကါ ညပိုင်းမှာ မိုးကုတ်မြို့ထဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာ ဖြစ်ပါတယ်။…
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်သား ၁ ဦးကို ပရိတ်ရေဖြင့် ထွက်ပက်သည့် အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများ တပ်ဖွဲ့မှ ကိုရာမက ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝက်လက်မြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ စစ် သား ၁ ဦး အတက်ရောဂါ ခံစားနေရသည့် အတွက် ကျေးရွာနေပြည်သူ အသက် ၆၀ အရွယ် ဒေါ်ဆန်းလွင်က ပရိတ်ရေဖြင့် ထွက်ပက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ ထိုသို့ ပရိတ်ရေဖြင့် ထွက်ပက်သည်ကို စစ်ကြောင်းတွင် လိုက်ပါလာသော အရာရှိက စုန်းမကြီး ဟုပြောဆိုပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်သတ်ပြီးနောက်…