Jingle Bell Heist (2025) ခရစ်စမတ်အရသာအပြည့်ရမယ့် ဟာသအက်ရှင်စုံထောက် Netlflix ကားလေး ထွက်လာပါတယ်။ မင်းသားကလည်း Sex Education ထဲက Connor Swindells ပါ။ ခရစ်စမတ်ပစ္စည်းတွေရောင်းပြီး သန်းကြွယ်သူဌေးဖြစ်နေတဲ့ မက်စ်ဝဲစတာလင်ဆိုတဲ့ သူဌေးကြီးရဲ့ မီးခံသေတ္တာအခန်းကို သူ့လုံခြုံရေး ဝန်ထမ်းနဲ့ အရောင်းစာရေးမလေး နစ်ခ်နဲ့ ဆိုဖီယာတို့ပေါင်းပြီး ရတနာတွေခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒါပေမဲ့ စတာလင်ဆိုတာ အများထင်သလို မြို့မျက်နှာဖုံးသူဌေးကြီးမဟုတ်ဘဲ နောက်ကွယ်မှာ မကောင်းမှုလျှို့ဝှက်ချက်တွေရှိနေတဲ့ အရေခြုံတစ်ယောက်ဖြစ်ကြောင်းကို နစ်ခ်နဲ့ ဆိုဖီယာတို့သိရှိသွားတဲ့အချိန်မှာတော့ စတာလင်ရဲ့ ရတနာတွေကိုခိုးယူပြီး သူ့အကြောင်းကိုပါ ဖော်ထုတ်ဖို့ ကြိုးစားကြပါတော့တယ်။
The Conformist (1971) ဒါရိုက်တာ Bernardo Bertolucci ရဲ့ “The Conformist” ဟာ စိတ်ပိုင်းဆိုင်ရာ နက်နဲတဲ့ နိုင်ငံရေး ဂန္ထဝင်ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Marcello Clerici ဟာ ကလေးဘဝက ဖြစ်ခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် ပုံမှန်ဘဝ ကို အရူးအမူး လိုချင်တောင့်တသူ ဖြစ်ပါတယ်။ သူဟာ ပုံမှန် လူတစ်ယောက် ဖြစ်ကြောင်း သက်သေပြဖို့အတွက် ဖက်ဆစ် ပါတီ မှာ ပါဝင်ခဲ့ပြီး အစိုးရ လျှို့ဝှက်ရဲ အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ အဲ့ဒီနောက် ရိုးရှင်းသော မိန်းကလေး Giulia နှင့် လက်ထပ်ပြီး ပဲရစ်ကို ပျားရည်ဆမ်းခရီး သွားရင်း ဖက်ဆစ်အာဏာပိုင်များ ပေးအပ်သော အဓိကတာဝန် — ပြင်သစ်နိုင်ငံသို့…
This Is Spinal Tap (1984) “This Is Spinal Tap” ရုပ်ရှင်လေးက ၁၉၈၄ ခုနှစ်၊ မတ်လ ၂ ရက် မှာထုတ်လုပ်ထားတဲ့ (Mockumentary – သရော်မှတ်တမ်းရုပ်ရှင်) အမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Rob Reiner ရိုက်ကူးထားပြီး နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Christopher Guest, Michael McKean, Harry Shearer, Rob Reiner နဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာအဖြစ် Marty DiBergi တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ This Is Spinal Tap ရုပ်ရှင်လေးဟာ ရော့ခ်ဂီတလောကကို သရော်ထားတဲ့ မှတ်တမ်းရုပ်ရှင်ပုံစံ (Mockumentary) ဟာသကား ဖြစ်ပြီး ယနေ့ခေတ် Mockumentary ရုပ်ရှင်တွေရဲ့…
All About Ah-Long (1989) တရုတ်မင်းသားကြီး Chow Yun Fat ရဲ့ old but gold ဇာတ်ကားဖြစ်တဲ့ All about Ah Long ကို တင်ဆက်ပေးချင်ပါတယ်။ အားလုံဟာ အရင်က professional biker ဖြစ်ခဲ့သူပါ။ ဒါပေမဲ့ သူ မတော်တဆမှုဖြစ်ပြီးကတည်းက ခြေတွေလက်တွေကို စတီးချောင်းထည့်လိုက်ရတဲ့အတွက် အရင်အလုပ်ကိုပြန်မလုပ်နိုင်တော့ဘဲ သားဖြစ်သူ ပေါ့ကီနဲ့ပဲ အတူနေပြီး ဆောက်လုပ်ရေးအလုပ်ကို ကြုံရာကျပန်းဝင်လုပ်ခဲ့ပါတယ်။ သားအဖနှစ်ယောက် တစ်နေ့စာတစ်နေ့ဝင်ငွေထွက်ငွေမျှအောင်လုပ်နေရတဲ့အချိန်မှာ အဖေဖြစ်သူလိုမျိုး ဆိုင်ကယ်စီးကျွမ်းတဲ့ သားဖြစ်သူပေါ့ကီကို အေဂျင်စီတစ်ခုက မျက်စိကျပြီး ပေါ့ကီနဲ့ ကြော်ငြာရိုက်ဖို ကမ်းလှမ်းပါတော့တယ်။ ဒါပေမဲ့ ကမ်းလှမ်းတဲ့သူက အားလုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က ဆိုးရွားစွာအဆက်ဖြတ်ခဲ့တဲ့ ရည်းစားဟောင်း ပေါ်ပေါ်ဖြစ်နေတဲ့အခါ 。。。…
Out for a Kill (2003) ဒီရုပ်ရှင်ကေတာ့ စုံထောက်ကားတွေကြိုက်တဲ့သူေတွအကြိုက်ေတွ့ေစမှာပါ ဘယ်လောက်ကြမ်းသလဲဆို စုံထောက်ေတွမလိုက်နိုင်တဲ့အမှုကိုအရင်ကသူခိုးတစ်ေယာက်ဖြစ်ခဲ့တဲ့ဇာတ်ေဆာင်မင်းသားကဝင်ေဖြရှင်းသွားမှာမျိုးပါ။ ဇာတ်လမ်းအစမှာ အဓိကဇာတ်ေဆာင်ဖြစ်တဲ့ပရောဖက်ဆာရောဘတ်ဘန်းစ်ဟာ တရုတ်ပြည်ကရှေးဟောင်းသုတေသနဆိုက်တသ်ခုမှာသွားရောက်တူးဖော်နေရင်း သူတူးဖော်ထားတဲ့ရှေးဟောင်းပစ္စည်းတွေကိုဂိုထောင်ထဲပိတ်ပြီးထားခဲ့ပါတယ်။ ပြန်သွားစစ်ကြည့်တဲ့အချိန်ပိတ်ထားတာတွေပွင့်နေပြီး သူ့ပစ္စည်းတွေထဲကိုမူးယစ်ဆေးတွေထည့်သွားတာကိုတွေ့ရတော့ သူနဲ့လက်ထောက်မလေးဟာနယ်စပ်ကိုပြေးရပါတော့တယ်။ ဒီလိုနဲ့နယ်စပ်မှာအဖမ်းခံရပြီး သူ့ကိုငါးစာအဖြစ်နဲ့ပြန်လွတ်ပြီးလူဆိုးတွေကိုပြန်ဖမ်းဖို့လုပ်မှာပါ။ ဒါပေမယ့် သူတို့မသိတာက အဲဒီပရောဖက်ဆာက ဒီကိစ္စကိုညဘာတစ်ခုမှမသိတဲ့ အပြစ်ကင်းတဲ့သူတစ်ယောက်ပါ။ တစ်ဖက်မှာကလည်း လူဆိုးဂိုဏ်းဟာတရုတ်ပြည်က ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ထိပ်သီးဆယ်ယောက်နဲ့ အင်ပါယာတစ်ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ လူဆိုတွေကပရောဖက်ဆာတစ်ခုခုကို ရိပ်မိနေတာသိပြီး ရှင်းဖို့လုပ်ရင်း မင်းသားဖြစ်သူရဲ့မိန်းမဖြစ်သူကိုသတ်မိရာကနေ ပရောဖက်ဆာအယောင်ဆောင်ထားပြီး အေးအေးချမ်းချမ်းနေနေခဲ့တဲ့ ရောဘတ်ဘန်းစ်ဟာ လူဆိုးတွေကိုသူကိုယ်တိုင်ဝင်သတ်ဖို့နဲ့ သူ့မိန်းမအတွက်လက်စားချေဖို့လုပ်တာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာမို့ ညွှန်းပေးလိုက်ရပါတယ်။