ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ကြေညာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သိမ်းတိုက်ပွဲ စတင်ပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့က ယနေ့တရားဝင် ထုတ်ပြန် ကြေညာသည်။ ချင်းညီနောင်က ချင်းညီနောင်စစ်ဆင်ရေး (Operation CB)အဖြစ် ကန်ပက်လက်မြို့သိမ်းတိုက်ပွဲကို ယနေ့(ဒီဇင်ဘာ ၂၂) ရက်တွင်စတင်ပြီဖြစ်ကြောင်း၊ ယမန်နေ့တွင် မင်းတပ်မြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးစခန်းဖြစ်သော ခလရ ၂၇၄ စခန်းကို သိမ်းပိုက်ပြီးနောက် မင်းတပ်မြို့နယ်တစ်ခုလုံးကို ချင်းညီနောင်တပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့တွင် ကန်ပက်လက်မြို့ကို စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ချင်းညီနောင်တပ်ဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့ကို ယမန်နေ့ သိမ်းပိုက်ခဲ့ပြီး လက်နက်ချ အညံ့ခံသူ ရာချီ၍ ရှိကြောင်း၊…
ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံး မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အမ်းမြို့နယ်ဘက်သို့ စစ်ကူသွားရောက်မည့် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကြောင်း အရှိုချင်းကာကွယ်ရေးတပ်(ACDF)မှ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်း ၈ နာရီ ၄၈မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာအနီး ဝက်စကျင်းလမ်းဆုံတွင် အမ်းမြို့သို့ စစ်ကူသွားရန် ရှေ့ပြေးကင်းထောက်လာသော စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရှေ့ပြေးကင်းထောက်အင်အားမှာ ဗိုလ်ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦးပါဝင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန်တွင်စစ်ကောင်စီ၏ ရန်အောင်မြေဘုရားကုန်း တပ်စခန်းမှ လက်နက်ကြီး ၆၀ မမ ပစ်ကူပေးပြီး စပ်စီဘုန်းကြီးကျောင်းတွင်…
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ)ကို ၁၀၇ မရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅လုံးအောင်မြင်ခဲ့ကြောင်း Mountain Knight Civilian Defense Forces (MKCDF)အဖွဲ့မှတာဝန်ရှိသူက ပြောသည်။ “ထိခိုက်ပျက်စီးမှုအတော်ကြီးတယ်လို့ သိရတယ်၊ အသေးစိတ်ကိုနောက်ဆက်တွဲအနေနဲ့ ကြေညာပါ့မယ်” ၎င်းက ပြောသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အား အာရက္ခတပ်တော်(AA)က သိမ်းပိုက်အပြီး ၂ရက်အကြာတွင် နောက်ထပ်စစ်ဌာနချုပ်စခန်းဟာ တော်လှန်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်လာခြင်း ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်) နံနက်တွင် Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့၊ (Anti-Coup People’s Liberation Force…
မိုးညို၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို စစ်တပ်က တပ်သားသစ်အဖြစ် ပေါ်တာဆွဲဖမ်းဆီးစဉ် နှလုံးရောဂါအခံရှိသော မိခင်ဖြစ်သူ ရှော့ခ်ရ သေဆုံး မိခင်နာရေးသို့ သားဖြစ်သူကို လက်ထိပ်ခတ်၍ ပို့ဆောင်ခွင့်ပြု ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ရှေ့တန်း ပို့ဆောင်လိုက်၍ နှလုံးရောဂါ အခံရှိသည့် မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဗောဓိကုန်းရွာမှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်၍ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးသွားပြီးနောက် မိခင်ဖြစ်သူက မိုးညိုမြို့နယ် ထွေ/အုပ်ရုံး၌ မိခင် ဖြစ်သူက…
ရေကြည်မြို့ အခြေစိုက် အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လေယာဥ်များနှင့်စစ်လက်နက်အချို့ပို့ထားပြီး ခံစစ်ပြင်ဆင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အခြေစိုက် မြောက်စမ်းအမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်အချို့ပို့ဆောင်ထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။ ရခိုင်ပြည်နယ်၊ ဂွတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ရေကြည်အခြေစိုက် မြောက်စမ်း အမြောက်တပ် (၃၄၄)ကို စစ်ကောင်စီက လေယာဥ်များနှင့် စစ်လက်နက်အချို့ပို့ဆောင်ပြီး ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ “လေယာဥ်တွေပို့တာတော့ ခုရက်ပိုင်းမှာပဲ၊ လေယာဥ်ဆင်းဖို့လည်း လမ်းဖောက်ပြီး အဆောက်အအုံအချို့လည်း လုပ်နေကြတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေပြင်းထန်လာပြီးနောက် ဒါတွေလုပ်လာကြတာပါ”ဟု မြောက်စမ်း အမြောက်တပ် ၃၄၄ နှင့် နီးစပ်သူက ပြောသည်။ ရေကြည်အခြေစိုက် မြောက်စမ်း အမြောက်တပ် ၃၄၄တွင် ပြီးခဲ့သည့် ရက်အတွင်းက စတင်ကာ အရေးပေါ်…
ဂွမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေ စစ်တပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်ထားပြီး ဖမ်းဆီးရရှိသည်နှင့် ကျူးလွန်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြစ်ဒဏ်စီရင်မည်ဟု AA က သတိပေး ရခိုင်ပြည်တောင်ပိုင်း၊ ဂွမြို့သိမ်းတိုက်ပွဲမှာ AA နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်နေပြီး စစ်ကော်စီတပ်များ ဧရာ၀တီတိုင်းအတွင်းသို့ ဆုတ်ခွာနေကြောင်း AA က သတင်းထုတ်ပြန်သည်။ အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြိုလေးမြိုအနက်မှ လက်ရှိအချိန် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း၊ ဂွမြိုသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီဖြစ်ကြောင်း၊ အာရက္ခတပ်တော်တပ်ဖွဲဝင်များကလည်း ဂွ မြို သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ဂွမြို့သို့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များကို မည်သိုပင်…
စစ်ရှုံးနေသော်လည်း ပွဲကြိုက်သည့် မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ၇၇ ကြိမ်မြောက် ရေတပ် နှစ်ပတ်လည် အခမ်းအနားပွဲ တက်ရောက်မည်ဖြစ်ပြီး လုံခြုံရေး တင်းကျပ်ထား ရန်ကုန်တိုင်း၊ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ကျင်းပမည့် ရေနှစ်ပတ်လည် အခမ်းအနားပွဲသို့ အကြမ်းဖက် စစ်ရှုံး မင်းအောင်လှိုင်က တက်ရောက်မည်ဖြစ်ပြီး ရေတပ်နှစ်ပတ်လည်ပွဲနှင့်အတူ ပျော်ပွဲရွှင်ပွဲများကိုပါ မဖြစ်မနေ ထည့်သွင်းကျင်းပခိုင်းထားကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဗိုလ်တထောင် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ် နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုပါ ကျင်းပမည်ဖြစ်ကာ လုံခြု့ရေးအတွက် အထူးတင်းကျပ် ပြင်ဆင်ထားကြောင်း သိရှိရသည်။ လတ်တလော အချိန်အထိ အဆိုပါ အခမ်းအနား သို့…
အတင်းအဓမ္မစုဆောင်းထားသော တပ်သားသစ်များဖြင့် ညွန့်ပေါင်းတပ်အစုကဲ့သို့ဖြစ်နေသော စစ်ရှုံးစစ်ကောင်စီတပ်မှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေရဟု AA ထုတ်ပြန် အာရက္ခတပ်တော်(AA)က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော မြို့လေးမြို့အနက် လက်ရှိအချိန်တွင် ဂွတစ်မြို့သာ ကျန်ရှိတော့ပြီဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဂွမြို့ကိုလည်း မကြာခင် ရက်များအတွင်း သေချာပေါက် သိမ်းနိုင်တော့မည်ဟု ဖော်ပြသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အခြေစိုက်ရာ အမ်းမြို့ကို AAက ဒီဇင်ဘာ ၂၀ရက်တွင် အပြီးသတ် သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၂၁ရက်ညပိုင်းတွင် ဂွမြို့သိမ်းတိုက်ပွဲ အခြေအနေကို အသိပေးလာခြင်းဖြစ်သည်။ ဂွမြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဉ်နှင့်အမျှ အကျအဆုံးများကာ စခန်းများတစ်ခုပြီးတစ်ခု လက်လွှတ်ပေးနေရပြီးဖြစ်သည်ဟု ဆိုသည်။ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များမှလည်း ဂွမြို့ သိမ်းတိုက်ပွဲအတွက် ထိုးစစ်များကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။ “ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ…
စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်းစတဲ့ မြို့တွေမှာ စစ်အင်အား ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားပါတယ်။ ဒေသတချို့မှာ ညမထွက်ရအမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားပါတယ်။ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ကို ရွှေ့ပြီး ခံစစ်ပြင်နေတယ်လို့ လုံခြုံရေးအရ…
ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက ပြောင်းရွှေ့သွားကြောင်း စစ်တွေဒေသခံထံက သိရသည်။ “စစ်သားတွေတော့မပါဘူး သူတို့တပ်မိသားစုတွေ ဇက်သင်္ဘောနဲ့ချပြီး ကျောက်ဖြူဘက်ကို သွားတယ်။ မနေ့ညက နောက်ဆုံးပြောင်းတာ။သူတို့ဆင်းသွားတာမြင်နေရတာပေါ့။ သူတို့ကတော့ တိတ်တဆိတ် ပြောင်းနေကြတာပေါ့”ဟု စစ်တွေမြို့သတင်းရင်းမြစ်ကပြောသည်။ ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ဇက်သင်္ဘောများနှင့်ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။ စစ်တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့ပြောင်းသွားခြင်းဖြစ်ပြီး မြို့ပေါ်သို့ စစ်အင်အားရာချီထပ်မံတိုးချဲ့ထားကြောင်း သိရသည်။ စစ်တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။ တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့်…