Tag: Movies
-

Deranged
Deranged (2012) Sci-fi Horror ဇာတ်ကား ချစ်သူတို့အတွက် 2012 တုန်းကထွက်ရှိထားတဲ့ Korea ဇာတ်ကားကောင်းလေး Deranged နဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်ဆောင်တွေအနေနဲ့လည်း မင်းသားကြီး Kim Myung Min နဲ့အတူ မင်းသမီးကြီး Moon Jeong Hee, Extreme Job ဇာတ်ကားထဲက လူသိများတဲ့ ရဲမေ Lee Hanee အပြင် Shinwa အဖွဲ့ရဲ့ Kim Dong Wan တို့ကပါ အားဖြည့်ပါဝင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ညီဖြစ်သူ Jae Pil ရဲ့ အဆွယ်ကောင်းမှုနဲ့ Share စျေးကွက်ထဲကို ဝင်ပါခဲ့ပြီးမှ ဘဝပျက်သွားခဲ့ရတဲ့ Jae Hyuk ဟာ မိသားစုကို လောက်ငအောင် ရှာကျွေးနိုင်ဖို့အတွက် ဆေးကုမ္မဏီတစ်ခုမှာ…
-

McVeigh
McVeigh (2024) ဒီဇာတ်လမ်းကတော့ တစ်ချိန်က ကမ္ဘာကျော်ခဲ့ပြီး အခုထိ သူ့ရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေပါ နာမည်ကျော်လာတဲ့ Games of Thrones ဇာတ်လမ်းတွဲထဲမှာ သီယွန်ဂရေးဂျိုင်း အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး ဇာတ်ပို့မင်းသား အယ်လ်ဖီအယ်လန်ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း တင်မ်ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ဟာ စစ်ထဲကထွက်လာပြီးနောက်ပိုင်း ဘဝကြီးချွတ်ခြုံခဲ့ရသူဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ရဲဘော်တစ်ယောက်ဖြစ်ခဲ့တဲ့ တယ်ရီဆိုတဲ့သူဟာ လူမျိုးရေးခွဲခြားမှုကြောင့် လူသတ်ခဲ့ပြီး တစ်သက်တစ်ကျွန်းကျရင်း သေဒစ်ပေးခံရတဲ့သူဖြစ်သွားပါတယ်။ အဲဒီအချိန်မှာတုန်းက လူမျိုးရေးခွဲခြားတာတွေ လူမျိုးရေးအစွန်းရောက်တဲ့ မျိုးချစ်ဝါဒီတွေကရှိနေသေးတဲ့ မဆိုရင်မဆိုသလို အမေရိကားပြည်တွင်းမှာ ဗုံးခွဲမှုတွေ အသေခံတိုက်ပွဲတွေ ဖြစ်လေ့ရှိတာပါ။ ဒီလိုနဲ့တစ်နေ့မှာ စစ်သွေးကြွလာတဲ့တင်မ်ဟာ သေဒဏ်ပေးခံရတဲ့ သူ့ရဲဘော်ရဲ့ တရားစီရင်မှုနောက်ကွဲမှာရှိနေတဲ့ သူတွေလုပ်ကိုင်နေတဲ့ အစိုးရရုံးကိုပါ ဖောက်ခွဲဖို့ကြံရွယ်လာပါတော့တယ်။
-

Moonlit Winter
Moonlit Winter (2019) ဒီတစ်ခါမှာတော့ ဆောင်းရာသီမနက်ခင်း အေးအေးလေးနဲ့ လိုက်ဖက်မဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Moonlit Winter ကတော့ The World of the Married ထဲက မင်းသမီးကြီး Kim Hee Ae၊ Nakamura Yuko နဲ့ Kim So Hye တို့ ဦးဆောင်ပါဝင်ပြီး 2020-2021 ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုတွေ ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… အထီးကျန်ဆန်တဲ့ တစ်ခုလပ်အမျိုးသမီး ယွန်းဟီးရဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံ Otaru ဆိုတဲ့ မြို့လေးမှာ တိတ်တိတ်ဆိတ်ဆိတ် ရှင်သန်နေတဲ့ ဂျွန် ဆိုတဲ့ အမျိုးသမီး အကြောင်း ဆိုပြီး တစ်ပြိုင်တည်းဖော်ပြထားတာကို တွေ့ရပါတယ်။ တစ်ရက်မှာတော့ ဂျွန်…
-

1-9-9-5
1995 (2024) 1995 ခုနှစ်ဆိုတဲ့ခုနှစ်က တချို့သောသူတွေအတွက် အမှတ်တရတွေ အောင်မြင်မှုတွေ ကျရှုံးမှုတွေ ဝမ်းနည်းစရာတွေ ဝမ်းသာစရာတွေရှိခဲ့ဖူးတဲ့ နှစ်တစ်နှစ်ဖြစ်နိုင်သလို အဲ့ဒီအချိန်ကာလမှာမမွေးဖွားသေးတဲ့လူတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် ရီကာဒိုထရိုဂျီဆိုတဲ့ ကနေဒါ ရုပ်ရှင်ရိုက်ကူးသူတစ်ယောက်အတွက်ကတော့ အဲ့ဒီခုနှစ်က အထက်မှာပြောခဲ့သမျှအရာတွေအားလုံးဖြစ်ခဲ့ပြီး သူ့ဘ၀တစ်ဆစ်ချိုးခဲ့တဲ့ခုနှစ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုပဲ သူကိုယ်တိုင် ဒါရိုက်တာလုပ် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး 1995 ဆိုတဲ့နာမည်နဲ့ပဲ Documentary ပုံစံမျိုးပေမဲ့ လုံး၀ကွဲထွက်နေပြီး စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းအသွားအလာမျိုးနဲ့တင်ဆက်ပေးခဲ့ပါတယ်။ IMDb မှာလည်း လက်ရှိ Rating 6.9 အထိရရှိထားပြီး သူကိုယ်တိုင်ကလည်းအရည်အချင်းရှိတဲ့ရိုက်ရှင်ရိုက်ကူးရေးသမားတစ်ယောက်ဖြစ်တဲ့အတွက် ကြည့်လို့ကောင်းပြီး ကိုယ့်ဘ၀အတွက် စိတ်ခွန်အားတက်ကြွစရာတစ်ခုခုကိုပေးစွမ်းနိုင်မယ်ဆိုတာကတော့အမှန်ပါပဲ။ ရီကာဒိုထရိုဂျီက ငယ်ငယ်လေးကတည်းက အနုပညာကိုဝါသနာပါခဲ့ပေမဲ့ အနှောင့်အယှက်တွေများပြီး ဝင်ရောက်ဖို့ဆိုတာကလည်းခက်ခဲတဲ့လောကတစ်ခုဖြစ်နေတဲ့အတွက် အသက် ၂၀ ကျော်အထိ သူလိုချင်တဲ့ဘ၀ကိုမရရှိနိုင်ဘဲ သာမန်လူတွေထဲကသာမန်လူတစ်ယောက်အဖြစ် သာမန်အလုပ်လေးပဲလုပ်ပြီး နေခဲ့ရပါတယ်။ ဒါပေမယ့် ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း အဲ့ဒီခေတ်အခါက ရုပ်ရှင်ရိုက်ကူးသူတွေရဲ့အိပ်မက်လိုဖြစ်နေတဲ့…
-

Broken Rage
Broken Rage (2024) Takeshi Kitanoကိုတော့ တော်တော်များများက Zatōichi ( 2003 ) Remakeရဲ့ မင်းသားအနေနဲ့ သိကြလောက်တယ်။ သူက အဲဒီကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းဆရာလည်းဟုတ်တယ်။ ကိုယ်တိုင်ရေးကိုယ်တိုင်ရိုက် ကိုယ်တိုင်သရုပ်ဆောင်ပေါ့။ တည်းဖြတ်တာအထိပါ သူ့ဘာသာပဲလုပ်တယ်။ သူ့ကားအကုန်လုံး ဒီလိုတွေချည်းပဲဆော်တယ်။ သူအဓိကရိုက်တာက သိပ်မအပ်စပ်တဲ့ ၂လိုင်းလိုဖြစ်နေတဲ့ ၂လိုင်းလို့ပြောရမယ်။ Crimeနဲ့ Comed။ ဟာသသရုပ်ဆောင်လည်းလုပ်ဖူးတယ်။ Hana-bi (1997)နဲ့လည်း ဗင်းနစ်မှာ Golden Lionဆုရခဲ့တယ်။ သူ့ရှေ့မှာ အဲဒီဆုရဖူးတဲ့ဂျပန်ဒါရိုက်တာက Akira Kurosawa နဲ့ Hiroshi Inagakiပဲရှိတယ်။ “the true successor” to influential filmmaker Akira Kurosawa လို့လည်းပြောကြတယ်။ သူလည်း ကွန်တင် တာရန်တီနိုကြိုက်တဲ့ ဒါရိုက်တာတွေထဲပါတယ်။ Outrage…