Author: Admin-501

  • ငဖဲနှင့် ပဒါန်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော် သေဆုံး

    ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းအများအပြားရဟု PRA မကွေးတပ် ပြော

    အမ်း-ပဒါန်းစစ်ဆင်ရေးတွင်လည်း ပါဝင်တိုက်ခိုက်နေဟု အသိပေး

    မကွေးတိုင်း၊ ငဖဲနှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် ၆၀ကျော်သေဆုံးပြီး ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၁၈ ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများစွာရရှိကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA- Magway)က ယနေ့ (ဧပြီ ၂၁ရက်) ထုတ်ပြန်သည်။

    တိုက်ပွဲဖြစ်စဥ်များအရ ဖေဖော်ဝါရီ ၂၅ရက်တွင် ငဖဲမြို့ နတ်ရေကန်အနီးရှိ စင်ကိုနာခြံသို့ ကင်းပုန်းလာဝပ်သည့် အင်အား ၂၀ ပါ စစ်ကောင်စီတပ်အား ခြုံခိုတိုက်ခိုက်ရာ ​လေးဦး ဒဏ်ရာရပြီး ဆုတ်ခွာသွားသည်ဟု ဆိုသည်။

    ထို့နောက် ဖေဖော်ဝါရီ ၂၈ ရက် နံ နက် ၉ နာရီ ၂ဝမိနစ်ခန့်တွင် ငဖဲမြို့နယ်၊ နတ်ရေကန် ဗျူဟာကုန်းမှလာသော စစ်ကောင်စီအင်အား ၆ဝပါ စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးသည်။

    မတ်လ ၁၈ရက် နံနက် ၈ နာရီဝန်းကျင်က ငဖဲမြို့နယ်၊ ပဇီကျေးရွာမှ လိုင်ကျေးရွာသို့ တက်လာသော အင်အား ၄၀ပါ စစ်ကောင်စီစစ်ကြောင်းကို လိုင်ကျေးရွာလမ်းခွဲအနီး၌ ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာ ရရှိခဲ့ပသည်။

    အထက်ပါတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများ ပါဝင်ခဲ့ကြောင်း ဖော်ပြသည်။

    မတ်လ ၃၀ ရက် နံနက် ၅ နာရီ ခွဲဝန်းကျင်ကလည်း လူထုတော်လှန်ရေးမဟာ မိတ်အင်အားစု (PRA- Magway) နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းတို့ပူးပေါင်းကာ ပုသိမ်-မုံရွာ ကားလမ်းရှိ ပဒါန်းမြို့ဝင်ဂိတ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

    ပဒါန်းမြို့ဝင်ဂိတ်သည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် စရဖတို့ ပူးပါင်းထားခြင်းဖြစ်ပြီး အင်အား ၂ဝကျော် အထိုင်ချထားခြင်းဖြစ်ကာ အရပ်သားပြည်သူနှင့် ဈေးရောင်းဈေးဝယ်များကို အတင်းအဓမ္မ ငွေကြေး တောင်းရမ်းခြင်း၊ ဖိနှိပ်ရမ်းကားမှုများ ပြုလုပ်လေ့ရှိသည့်ဂိတ်ဟု ဆိုသည်။

    အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

    ထို့ကြောင့် ယခုနှစ် ဇန်နဝါရီမှ ယခုဧပြီအတွင်း တိုက်ပွဲကြီး၊ငယ်ပေါင်း ၂၃ ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အား စု(PRA-Magway) ပြောသည်။

    အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးသီဟအောင်အပါအဝင် စုစုပေါင်း (၆၃) ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးအောင်ငြိမ်းချမ်း၊ ဗိုလ်ကြီးတင်ကိုထက်တို့အပါအဝင် စုစုပေါင်း ၁၈ဦးကိုအရှင်ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်ပါတွင်ပါရှိသည်။

    “၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ စပြီး တိုက်ခဲ့တဲ့တိုက်ပွဲတွေပေါ့ ။အဲဒီထဲမှာ ကျွန်တော်တို့တစ်ဖွဲ့တည်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိသလို မဟာမိတ်တွေနဲ့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာရှိတယ်”ဟု PRA မကွေး၏ စစ်ဆင်ရေးတာဝန်ခံ ကိုနောင်သူရိန်က သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရှင်းပြသည်။

    ယခုအခါတွင် မဟာမိတ်တော်လှန်ရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမ်း-ပဒါန်းစစ်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေပြီး စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားနိုင်ရန်လည်း တပြိုင်နက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း (PRA- Magway)က အသိပေးသည်။

    အမ်း-ပဒါန်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး စစ်ရေးဖော်ဆောင်နေဆဲဖြစ်သည့်အတွက် ပြောဆို၍ မရသေးကြောင်းလည်း ကိုနောင်သူရိန်က ပြောသည်။

    တိုက်ပွဲသတင်းများအား ငလျင်ကပ်ဘေးကြောင့် ယခုမှသာ ထုတ်ပြန်ရခြင်းဟု ၎င်းက ပြောသည်။

    (မကွေးတိုင်း၊ ငဖဲ နှင့် ပဒါန်းမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် PRA- Magwayမှ ရဲဘော်များ။ ဓာတ်ပုံ − PRA- Magway)

  • Sky Villa ကွန်ဒို အပျက်အစီးပုံထဲက တွေ့တဲ့ရွှေထည်များ

    Sky Villa ကွန်ဒို အပျက်အစီးပုံထဲက တွေ့တဲ့ရွှေထည်များ

    Sky Villa ကွန်ဒိုပြိုကျမှု – အပျက်အစီးပုံထဲက တွေ့တဲ့ရွှေထည်တွေကို ပိုင်ရှင်ဆီပြန်အပ်မယ်ဟုဆို

    (more…)

  • ငလျင်ကြီးလှုပ်ပြီး ၇ ရက်အတွင်းစစ်​ကောင်စီက အနည်းဆုံး​ နေရာ​​ပေါင်း ၂၄ နေရာကိုဗုံးကြဲ

    ငလျင်ကြီးလှုပ်ပြီး ၇ ရက်အတွင်းစစ်​ကောင်စီက အနည်းဆုံး​ နေရာ​​ပေါင်း ၂၄ နေရာကိုဗုံးကြဲ

    မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၃ ရက်​နေ့အထိ့ ​၇ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။

    ဒီအ​ရေအတွက်ဟာ အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ် ။

    စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အ​ရေး​ပေါ်အ​ခြေအ​နေလို့​ကြေညာခဲ့​ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်​ဒေသ​တွေကိုပါမ​ရှောင်ဗုံးကြဲခဲ့တာပါ။

    ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့​ဒေသ​တွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မ​ကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တ​လေးတိုင်းစတဲ့​ဒေသ​​တွေအစုံပါဝင်တင်ပါတယ် ။

    အဆိုပါ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ​ကြောင့် ပြည်သူ ၅၀ ခန့်​​သေဆုံးခဲ့ပါတယ်။

    စစ်​ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်​ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့​ကြေညာခဲ့​ပေမယ့် ဧပြီ ၃ ရက်​နေ့မှာပဲ ကချင်ပြည်နယ် က ဝိုင်း​မော် ၊စစ်ကိုင်းတိုင်က အင်း​တော် ၊ကနီ ၊ဟုမ္မလင်း ၊ မန္တ​လေးတိုင်းက သပိတ်ကျင်းမြို့နယ်​တွေကို ​​လေ​ကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ် ။​

    လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ ပါရာ​​မော်တာလည်းပါဝင်ပါတယ်။

    စစ်​ကောင်စီက အပစ်ရပ်​ကြေညာပြီး နာရီပိုင်းအတွင်းမှာပဲ ဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က ၀ိုင်းမော်မြို့နယ် မှာ ထိုးစစ်ဆင်လာတဲ့အတွက် KIAနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ။

    ဒါ့အပြင် ဧပြီ ၃ရက် နံနက် ၆နာရီခန့်မှာပဲညောင်ဦးမြို့နယ်၊ ငါသရောက်ရဲစခန်းက​နေ တင့်ကား ၂စီးနဲ့ စစ်ကြောင်းထိုးလာပြီး မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာ​တွေက ​ဒေသခံပြည်သူ​တွေရဲ့ အိမ်​တွေကို ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်အကြမ်းဖက်လို့ ​ဒေသခံ​ပြည်သူ​တွေ စစ်ရှောင်နေကြရပါတယ် ။

    အလားတူရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့
    နယ်မှာလည်း ဧပြီ (၃)ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်မှာစစ်တပ်က ကား (၇)စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) ဘက်ကို စစ်ကူအင်အားဖြည့်တင်းခဲ့ပါ​တယ် ။ဧပြီ ၄ ရက်​နေ့မှာလည်း ရက် ၂၀ အပစ်ရပ်​ကြေညာထားတဲ့စစ်တပ်ကဗုံးကြဲတာ၊​လက်နက်
    ကြီးနဲ့ပစ်ခတ်တာ ၊စစ်​ကြောင်းထိုးတာ​တွေဆက်
    တိုက်ပြုလုပ်​နေပါတယ် ။