Author: Admin-501

  • မန္တလေးမှာ စစ်ဘေးရှောင်၊ အိမ်ငှါးနေသူနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်း ကောက်နေ

    မန္တလေးမှာ စစ်ဘေးရှောင်၊ အိမ်ငှါးနေသူနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်း ကောက်နေ

    နယ်က လာပြီး မန္တလေးမှာ အလုပ်လုပ်နေသူတွေကိုလည်း စစ်မှုထမ်း စာရင်းကောက် မန္တလေးမြို့မှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ဆက်တိုက်လုပ်နေပြီး လက်ရှိမှာ မြို့ခံတွေကို သာမကဘဲ နယ်ကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ၊ စစ်ဘေးရှောင်လာသူ၊ အိမ်ငှား နေထိုင်သူနဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ဧည့်စာရင်းနဲ့ နေတဲ့သူ တချို့ကတော့ စစ်မှုထမ်းစာရင်းထဲ ပါတယ်။ အခုဆို ညောင်ကွဲဘက်မှာ ဧည့်စာရင်းနဲ့ နေတဲ့သူတွေ စာရင်းထဲပါပြီး ခေါ်တယ် ကြားတယ်” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နယ်မြို့တွေကနေလာပြီး မန္တလေးမြို့ပေါ်ရှိ ဆိုင်တွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင်း နေထိုင်နေသူတွေကိုလည်း စစ်မှုထမ်းစာရင်း လိုက်ကောက်နေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “ညအိပ်ညနေ ဝန်ထမ်းတွေတော့…

  • လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

    လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

    ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော အကြမ်းဖက် စစ်တပ်မှ အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများက ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ မတ်လ ၁ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲရှိ လူနေထိုင်ခြင်းမရှိသော ခြံများကို အကြမ်းဖက် စစ်တပ်က လူပုန်းအောင်းနိုင်သည်ဟုဆိုကာ ဘူဒိုဇာများဖြင့် လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျက်ဆီးခံရသော ခြံများသည်…

  • တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍  အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း

    တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေလိုအပ်၍ အားလုံးချိတ်ဆက်ပြီး စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်ကြရန် KNDF ဒုစစ်ဦးစီးချုပ်နှင့် KNLAတပ်မဟာ(၂) တပ်မဟာမှူး တိုက်တွန်း ” မင်းအောင်လှိုင်ရဲ့ ခေါင်းကို သေနတ်နဲ့ တေ့ပြီး မင်းလားကွ အာဏာသိမ်းတာလို့ ဆိုပြီးတော့မှ လုပ်နိုင်ဖို့က ကရင်နီကနေအော်နေလို့ မရဘူး… အဲဒီနေရာက နေပြည်တော်ပဲဖြစ်တယ်” – KNDF ဒုစစ်ဦးစီးချုပ် မာဝီ တနိုင်ငံလုံးလွတ်မြောက်ရေး မဖြစ်မနေ လိုအပ်၍ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများအားလုံး ချိတ်ဆက်တိုက်ပွဲဝင်သည့်ခြေလှမ်းကို ရှေ့ဆက်လုပ်ဆောင်ရန် လိုအပ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ် မာဝီက ပြောသည်။ စစ်တောင်းကမ်ပိန်းစကားဝိုင်းကို မတ်လ ၁ရက် က ကျင်းပခဲ့ရာ စစ်တောင်းဒေသ၏ စစ်ရေး နိုင်ငံရေး အခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ (၂) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဩဂုတ်စတီး၊ ကရင်နီအမျိုးသားများ…

  • ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် ဝက်လက် ပ သုံးလုံး

    ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် ဝက်လက် ပ သုံးလုံး

    စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာတွင် အညာဒေသ၌ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိလာပြီဖြစ်သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပ သုံးလုံးယန္တရားအောက်နေ ပြည်သူတို့မှာ အာဏာသိမ်း အစောပိုင်း ကာလများကဲ့သို့ အသက်အန္တရာယ် မလုံခြုံမှုနှင့် မတရားမှုတို့ကို ထပ်မံကြုံနေရသည်။ ပသုံးလုံးဆိုသည်မှာ NUG က အရေးပေါ်ကြားကာလ အုပ်ချုပ်ရေး အစီအမံဖြင့် ဒေသအုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ၂၀၂၁ ဇူလိုင်တွင် ပြဋ္ဌာန်းဖွဲ့စည်းခဲ့သော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တို့ကို အတိုကောက် ခေါ်ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအရ ပကဖသည် NUG ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိပြီး ပအဖနှင့် ပလဖသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်၌ ရှိသည်။ “ကျမယောက်ျားဟာ ရက်ရက်စက်စက်ကိုမှ အသတ်ခံရတာပါရှင်” ဟု လွန်ခဲ့သော နှစ်နှစ်ခွဲကျော်က ခင်ပွန်း ကိုရန်လင်းထွန်းအပါအဝင်…

  • နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ

    နတ်ရေကန်ဗျူဟာစခန်းကို AA ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက် ၊ စစ်ကောင်စီ ခံစစ်ဖြင့်ခုခံ

    မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်​ရေကန်ဗျုဟာစခန်းကို အာရက္ခတပ်​တော်(AA)က ယ​နေ့ ​မတ်လ ၂ရက်​နေ့ နံနက်အ​စောပိုင်းတွင် ဝိုင်းပတ်ပိတ်ဆို့ကာတိုက်ခိုက်​နေပြီးစစ်​​ကောင်စီဘက်ကလည်း ခံစစ်ဖြင့်ခုခံတိုက်ခိုက်​နေ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များထံက သိရသည်။ “ဒီ​နေ့မနက် နတ်​ရေကန်ကိုဝင်တိုက်တာ၊ အရင်ရက်​တွေက အဲ့ဒီနားက ကာကင်းစတိုက်​တွေကိုတိုက်တာ၊ နတ်​ရေကန်အဆင်းနား ပတ်ပတ်လည်ကို AA က ဝိုင်းထားတယ်” ဟုစစ်​ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့​​နောက် နတ်​ရေကန်စခန်းရှိလက်ကျန်တပ်သားများကို AA က လက်နက်ချအညံခံရန် ယခင်ရက်များကသတိ​ပေးထား​သော်လည်း လက်နက်ချအညံ့ခံခြင်းမရှိသဖြင့် ယ​နေ့နံနက်ပိုင်းတွင်စခန်းကိုထပ်မံတိုက်ခိုက်ခြင်းဖြစ်​ကြောင်း ​ဒေသတွင်းစစ်​ရေးသတင်းအရင်းမြစ်ထံက သိရသည်။ နတ်​ရေကန်ဗျူဟာစခန်းသည်​ တောင်​စောက်​ပေါ်တွင် အခိုင်အမာခံစစ်ပြင်ထားဆင်ထားပြီး မ​ကွေးတိုင်းအတွက် အ​ရေးပါသည့်စခန်းတခုဖြစ်ပြီး ​နတ်​​ရေကန်စခန်းကျသွားပါက အမ်း-ပဒါန်းကားလမ်း​ပေါ်ရှိ ပျဥ်းဝဂိတ်စခန်းကို AA နှင့်ပူး​ပေါင်းမဟာမိတ်တပ်များက အလုံးအရင်းဖြင့်ဝင်​ရောက်တိုက်ခိုက်မည်ကိုစိုးသဖြင့် ပျဥ်းဝဂိတ်တွင်လည်းစစ်ကူအင်အားရာချီထပ်မံဖြည့်တင်းထား​ကြောင်းဆိုသည်။ ထို့အပြင် မ​ကွေးမြို့အနီးကိုတိုက်ရန် တိုက်စစ်လမ်း​ကြောင်းပွင့်သွားနိုင်သဖြင့် နတ်​ရေကန်က ပထဝီ​မြေပြင်အ​နေအထားနှင့် စစ်​ရေးအရအဓိကကျ​ကြောင်း ၎င်းကယူဆ​ပြောကြားသည်။ “အဓိက နတ်​ရေကန်စခန်းက…