Author: Admin-501
-

မျက်မမြင်ပေမယ့် စစ်တုရင်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု အပါဝင် ဆု ၉ ဆုရရှိထားတဲ့ ကိုကောင်းစံ
‘အမြင်အာရုံ ချို့တဲ့ပေမယ့် စစ်တုရင် ပညာကို စိတ်ဝင်စားလို့ လေ့လာခဲ့တာပါ။ နိုင်ငံတကာ စစ်တုရင် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု အပါအဝင် ဆု (၉) ဆု ရထားတယ်’ လို့ ပြောလာတဲ့ မျက်မမြင် စစ်တုရင် ချန်ပီယံ ကိုကောင်းစံ နှင့် ခဏတာ
-

ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တိုက်ပွဲများအတွင်း စစ်အုပ်စုက အထိနာကာ စစ်သား ၁၇ ဦးနှင့်အတူ လက်နက်များလည်းဆုံးရှုံးခဲ့ရ
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် နိုဝင်ဘာလပထမပတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်းအကြမ်းဖက်စစ်အုပ်စု စစ်တပ်ကအထိနာပြီး အနည်းဆုံးစစ်သား၁၇ဦးသေဆုံးကာ လက်နက်အများအပြားလည်း ဆုံးရှုံးမှုရှိခဲ့သည်ဟုသတင်းရရှိသည်။ ၎င်းတိုက်ပွဲများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ ရက်နှင့် နိုဝင်ဘာ ၅ ရက်များတွင်ဖြစ်ပွားခဲ့သည်ဟုပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၃ ရက်တွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲသည် ပေါက်မြို့နယ်တောင်ပိုင်း ကျောက်ကာကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ပွဲသည် ပေါက်နယ်ထဲ ဝင်ရောက်လာသော မိတ္ထီလာအခြေစိုက်တပ်မ (၉၉) လက်အောက်ခံအမှတ် (၁၄)၊ အမှတ် (၁၉)နှင့် ခမရ (၁၀၉) တပ်ရင်းသုံးရင်းပူးပေါင်းအင်အား၁၅၀ခန့်ပါရှိသည့် စစ်ကြောင်းနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်းစစ်သား (၁၀) ဦးသေဆုံးကာအလောင်းများအားတိုက်ပွဲဖြစ်ပွားရာနေရာတွင်ပစ်ထားခဲ့သည်ဟုဆိုသည်။ နောက်ထပ်ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ထမ်းစင်များဖြင့်ထမ်းကာ ပင်တောင် (ပသစ) ရွာသို့တပ်ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။…
-

ဗုံးတွေကြဲ လက်နက်ကြီးတွေကျတဲ့ကြားမွေးခဲ့တဲ့ ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းအမွှာညီအကို
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာကနေ စစ်ရှောင်လာတဲ့ အသက်(၃၃)နှစ်အရွယ် မဇင်မာနွယ်ဆိုသူဟာ ဒီကနေ့ (နိုဝင်ဘာ ၁၅ ရက်)မှာအမွှာသားနှစ်ယောက်မွေးဖွားခဲ့တယ်လို့သတင်းနှင့်ပြန်ကြားရေး- ကနီမြို့နယ်က ဖော်ပြပါတယ်။ အဲဒီသားနှစ်ယောက်ကို ဗုံးတွေကြဲ၊ လက်နက်ကြီးတွေကျတဲ့အချိန်မှာ မွေးခဲ့တာကြောင့် ဒုန်းဒုန်းနဲ့ ဒိုင်းဒိုင်းလို့ မိခင်က နာမည်ပေးလိုက်တဲ့အကြောင်း ရေးသားထားပါတယ်။ ယခုနိုဝင်ဘာပထမလဝက်အတွင်းမှာ ဝက်လက်မြို့နယ်အတွင်းက ကျေးရွာ ၇ ရွာထက်မနည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားပြီး အိမ်ထောင်စုထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရလို့ အကူအညီတွေ လိုအပ်နေပါတယ်။ ဓာတ်ပုံ-သတင်းနှင့် ပြန်ကြားရေး- ကနီမြို့နယ်
-

Scary Tales: Dark Walker
Scary Tales: Dark Walker (2024) ဒီကားကတော့ low budget indie Horrorကားတစ်ကားဖြစ်ပါတယ်။ ဒီကားရဲ့ထူးခြားချက်က တခြားဟော်ရာတွေလိုမဟုတ်ဘဲ နှင်းလူ အမှောင်လမ်းလျှောက်သူ ဇွမ်ဘီ ဂြိုဟ်သားစတဲ့မိစ္ဆာတွေစုပေါင်းပါ၀င်နေတာပါ။ ဇာတ်လမ်းအကျဉ်းပြောရရင် အဖွဲ့အစည်းတစ်ခုက အချိန်ခရီးသွားတဲ့စမ်းသပ်မှုကိုလုပ်ရင်း ဒိုင်မန်းရှင်းတွေ ပွတ်တိုက်မှုဖြစ်ပြီး ဒီကမ္ဘာနဲ့မသက်ဆိုင်တဲ့မိစ္ဆာတွေကို ဆွဲခေါ်မိလာတဲ့အကြောင်းဖြစ်ပါတယ်။ ထပ်စမ်းသပ်မှုလုပ်ဖို့အတွက် စလိတ်ဆိုတဲ့ရဲရယ် ဆယ်ရာနဲ့ အယ်လီဆန်ဆိုတဲ့အမျိုးသမီးကို အဲဒီနေရာကိုပို့ပြီး စမ်းသပ်မှုပြုလုပ်ပါတယ်။ သူတို့ကလည်း အရင်ကဒါမျိုးမိစ္ဆာတွေကိုကြုံဖူးသူဖြစ်ပြီး သူတို့ရောက်နေတဲ့နေရာကဘာလဲ ဘာတွေဖြစ်နေတာလဲ အဲဒီသတ္တဝါတွေကလည်း ဘာလို့ရောက်နေတာလဲ မေးခွန်းများစွာကြားထဲမှ အသက်ရှင်ဖို့ကြိုးစားပုံကိုရိုက်ကူးထားတာပါ။ ကြည့်ရှုခံစားလိုက်ကြပါဦး။
-

Out of Order
Out of Order (2025) Out of order ဆိုတဲ့ကားလေးကတော့ 2025 မှာထွက်ရှိထားတဲ့ ဖစ်လပိုင်ကားလေးပဲ ဖြစ်ပါတယ်။ ဖိလပိုင်ကားဆိုတဲ့အတိုင်း အိမ်ထောင်ရေးအရှုပ်အရှင်း၊မိသားစုပြဿနာတွေကနဲ့ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လမ်းလေးထဲမှာတော့ ဂီတကိုစိတ်ဝင်စားပြီး မိန်းကလေးပွေရှုပ်တတ်တဲ့ Alexဆိုတဲ့ ကောင်လေးတစ်ယောက်က နာမည်ကြီးရှေ့နေတစ်ဦးဖြစ်တဲ့သူရဲ့ သားအဖြစ် မွေးဖွားလာရတာကြောင့် ရှေ့နေတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုဖို့ရန် တွန်းအားပေးခံရပါတယ်။ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာကိုမရဘဲ အဖေစေခိုင်းတဲ့အတိုင်း ရှေ့နေတစ်ဦးဖြစ်လာတော့လည်း Alexရဲ့ ရင်ထဲမှာတော့ သူ့အဖေကို မုန်းနေခဲ့ပါတယ် ။ အချိန်တွေကြာလာပြီး တစ်နေ့မှာတော့ Alex အဖေဟာ သူ့ကိုဆက်သွယ်လာပြီး လူသတ်မှုတစ်ခုမှာ ချောက်ချခံရတာကြောင့် Alexကို သူ၏ရှေ့နေအဖြစ်ငှားလိုကြောင်းပြောပြလာပါတော့တယ်။ အကြွေး တွေပိနေတဲ့ Alexဟာ အမှုကိုမကိုင်ချင်သော်လည်း ပိုက်ဆံလိုနေတာရယ် နဲ့ သူအမေအတွက် အမှုကိုကိုင်တွယ်ဖြေရှင်းပေးရန် သဘောတူခဲ့ပါတယ်။ အမှုကိုစတင်လိုက်ပြီးဖြေရှင်းချိန်မှစပြီး Alexဟာ…