Author: Baby Yit Lone
-

မုံရွာမှာ လက်နက်ခဲယမ်းပို့တဲ့စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်
မုံရွာမှာ လက်နက်ခဲယမ်းပို့တဲ့စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ဗိုလ် ၂ ဦးအပါ စကစ ၆ ဦးသေဆုံး စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်မှာ လက်နက်ခဲယမ်းပို့ဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ် ၂ စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန် ၇ ရက်၊ ည ၈ နာရီခွဲခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၂ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး သေနတ် ၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ချောင်းဦးမြို့သို့ လက်နက်ခဲယမ်းပို့ဆောင်ဖို့သွားတဲ့ စစ်အုပ်စု အင်အား ၉ ဦးခန့်ပါ Alphard တစီးနဲ့ Honda Fit တစီးတို့ကို မုံရွာ -မန္တလေးလမ်းပေါ်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့်…
-

ကျောင်းဆောင်ကြီး ပြိုမကျခင် စက္ကန့်ပိုင်းအလို
“ကျောင်းဆောင်ကြီး ပြိုမကျခင် စက္ကန့်ပိုင်းအလို! ကျောင်းသားတွေကို ကယ်ထုတ်နိုင်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ ဟီးရိုးဆန်ဆန် မြင်ကွင်း! ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက် တနင်္လာနေ့ နံနက်ပိုင်းက Mindanao ကို လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် Davao del Sur ရှိ Matanao အမျိုးသား အထက်တန်းကျောင်းရှိ ကျောင်းဆောင်တစ်လုံး ပြိုကျပျက်စီးခဲ့ပါတယ်။ အင်အားပြင်း တုန်ခါမှုကြောင့် တည်ဆောက်ပုံ အကြီးအကျယ် ပျက်စီးနေပြီး အကြီးအကျယ် ပြိုလဲသွားသည့် ဒေသမှ ဓာတ်ပုံများအရ တွေ့ရစဉ်။ ကျောင်းများခွဲကြီးကြပ်ရေးအဖွဲ့ (SDS) Lorenzo Mendoza ရဲ့ အဆိုအရ ၂၀၁၉ ခုနှစ်ကတည်းက ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အဦဟာ ယခင်ငလျင်တွေနောက်ဆက်တွဲလှုပ်ခတ်မှုတွေကြောင့် လူမသင့်တော့ဘူးလို့ ကြေညာထားပါတယ်။ 📷 Richard Ababa/Facebook
-

ပျောက်ဆုံးနေဆဲ မိခင်ကြီးကို စိတ်ပူနေတဲ့ ခင်ပိုးပန်းချီ
မြတ်စွာဘုရားရှင်အား မာလာရေစင်ကပ် ၊ ဆွမ်းနဲ့ဆွမ်းဟင်းများ ကပ်လှူပြီးကုသိုလ်ကောင်းမှု့ပြုပြီးပါပြီ.. စိတ်ပူပေးကြတဲ့မိသားစုများအားလုံး messenger မှာ reply မပြန်ဖြစ်ရင် စိတ်မဆိုးကြပါနဲ့ရှင့် 99+ ဖြစ်ပြီးနိုင်သလောက်လေးစာပြန်ပေးနေပါတယ်ရှင့် 🙏🏻🙏🏻🙏🏻 နိုင်တဲ့ဘက်ကနေ တက်နိုင်သလောက်ရှာဖွေလုပ်ဆောင်နေပါတယ် ၊ ကူညီပေးကြတဲ့သူတွေရဲ့အဆက်အသွယ်နဲ့ ရှာဖွေနေပါတယ်.. တချို့တွေက ဟိုနေရာမှာတွေ့တယ် ဒီနေရာမှာတွေ့တယ်ဆိုပြီးလည်းလာပြောပေးထားကြပါတယ်.. ဒါပေမယ့် လာပြောပေးကြသူတွေက ပဲခူးတွေ ၊ မော်လမြိုင်တွေ ၊ တောင်ငူတွေ မှာတွေ့တယ်လို့လာလာပြောပေးကြပါတယ် သွားမေးတော့လည်း တိကျတဲ့အဖြေမဟုတ်ပဲ ဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာကိုပဲ ပြောနေတော့ မတိကျပဲသတင်းပေးတာလေးတွေနဲနဲလေးသတိထားပေးပါနော်🙏🏻 အမိုးရဲ့လက်ရှိပုံ – လက်ရှိအနေအထားနဲ့ သက်သေတို့ – vd call တို့မရမချင်း ဆက်လက်ရှာဖွေနေမှာပါ ။ အမိုးက အမြဲဖုန်းပျောက်တက်တဲ့သူပါ.. (ခင်တဲ့သူတွေဆိုသိကြပါတယ်) iPhone လဲ ပေးထားတာတောင် ယူမသွားပါဘူး phone နဲ့…
-

လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်ကို ဒရုန်းဗုံး ၉၀ ကျော်ဖြင့် တိုက်ခိုက်
လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်ကို ဒရုန်းဗုံး ၉၀ ကျော်ဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား စစ်ပြဲရွာကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာ၍ စစ်ရေးတင်းမာနေ (ရုပ်သံ) တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်ကို ဒရုန်းဗုံး ၉၀ ကျော်ဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး စစ်ပြဲရွာကို စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးဝင်ရောက်လာ၍ စစ်ရေးတင်းမာနေကြောင်း လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။ မေလ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့မှ စစ်ပြဲရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဒရုန်းဖြင့် ဗုံး ၈ လုံး၊ စစ်ပြဲရွာမှ ဂေါ့အင်းရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးလာစဉ် မေလ ၂၃ ရက်နေ့မှ…
-

မြန်မာဒုက္ခသည်တွေကို စိစစ်ပြီး အလုပ်အကိုင်အခွင့်လမ်း ပေးဖို့ မလေးရှားအစိုးရ စီစဉ်နေ
မလေးရှားနိုင်ငံမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် ဒုက္ခသည်နဲ့ ခိုလှုံခွင့်တောင်းထားသူ ၂ သိန်းကျော်ကို မလေးရှားအစိုးရက စိစစ်ပြီး၊ အလုပ်လုပ်နိုင်တဲ့သူတွေကို နိုင်ငံထဲက လူလိုနေတဲ့ ကဏ္ဍတွေမှာ ယာယီအလုပ်အကိုင်တွေ ပေးဖို့ ပြင်ဆင်နေတယ်လို့ စင်ကာပူအခြေစိုက် CNA သတင်းမှာ ဖော်ပြထားပါတယ်။ မလေးရှားအစိုးရဟာ ဒီနှစ်ဆန်းပိုင်းကတည်းက ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဇီဝအချက်အလက်တွေကို ကောက်ယူပြီး Database စနစ်တခု လုပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကစလို့ “ဒုက္ခသည် မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်း” (DPP) အစီအစဉ်ကို စမ်းသပ်ကာလအနေနဲ့ တရားဝင် စတင်မှတ်ပုံတင်ပေးနေပြီ ဖြစ်ပါတယ်။ လာမယ့် ဇွန်လလယ်ပိုင်းမှာလည်း ဒုက္ခသည် ၂ သိန်းကျော်ကို စနစ်တကျ စီမံခန့်ခွဲမယ့် ဘက်စုံစီမံကိန်းကြီးကို ပြည်ထဲရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ (Cabinet) ဆီ…