Author: Baby Yit Lone
-

ကျောင်းသားလေး ကျောင်းတွင်း ပ/-စ်ခ-*တ်မှု ဆရာ၊ ကျောင်းသားနှင့် Tန/-တ်သမားတို့ Tဆုံး
နွန်သဘူရီ ကျောင်းတွင်း ပစ်ခတ်မှု ဆရာ၊ ကျောင်းသားနှင့် သေနတ်သမား အပါအဝင် ၇ ဦး သေဆုံး၊ ၁၅ ဦးဒဏ်ရာကြောင်း အတည်ပြု ဝန်ကြီးချုပ် ဝမ်းနည်းကြောင်းပြော ထိုင်းနိုင်ငံ၊ နွန်သဘူရီခရိုင်၊ ဘန်းခရွိုင် (Bang Kruai) မြို့နယ်ရှိ ဒက်ဖ်ဆီရင် နွန်သဘူရီ ကျောင်း (Debsirin Nonthaburi School) ၌ ဖြစ်ပွားခဲ့သည့် သေနတ်ဖြင့် ပစ်ခတ်မှုအတွင်း ပြစ်မှုကျူးလွန်သူ ကျောင်းသား သေနတ်သမား အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးသွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက တရားဝင် အတည်ပြု ထုတ်ပြန်လိုက်သည်။ သေဆုံးသူများတွင် ဆရာ၊ ဆရာမ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် ကျောင်းသား သေနတ်သမားတို့ ပါဝင်ပြီး၊ အခြား…
-

မဟာဗျူဟာထိုးစစ်ကြီး လာပြီဟေ့
တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းကာ မဟာဗျူဟာထိုးစစ်အတွက် ရှေ့လုပ်ငန်းစဉ်များကို PDF တပ်မှူးကြီးများ အစည်းအဝေးက ချမှတ်ဟုဆို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) တွင် “ပြည်သူ့ခုခံတွန်းလှန်စစ်” မှ “မဟာဗျူဟာထိုးစစ်” သို့ တက်လှမ်းနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဩဂုတ်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ တပ်မှူးကြီးများအစည်းအဝေး (၂/၂၀၂၆) ကို ဩဂုတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်နှင့် စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ကြောင်း၊ ကာကွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကလည်း ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့် မဟာ ဗျူဟာများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။…
-

မဂ်လာဆောင်ကာနီးလေး ဘုရားဖြူသွားဖူးပြီးအပြန်မှာ မထင်မှတ်ဘဲ ထာဝရနှုတ်ဆက်သွားခဲ့ရတဲ့ (၂၆) နှစ်အရွယ် Biker မစုမာနှင်း
မဂ်လာဆောင်ကာနီးလေး ဘုရားဖြူသွားဖူးပြီးအပြန်မှာ မထင်မှတ်ဘဲ ထာဝရနှုတ်ဆက်သွားခဲ့ရတဲ့ (၂၆) နှစ်အရွယ် Biker မစုမာနှင်း ထိုင်းနိုင်ငံက နာမည်ကြီး ဘုရားဖြူ (Wat Rong Khun) ကို ပြီးခဲ့တဲ့ ဩဂုတ်လ (၄) ရက်နေ့က မြန်မာရွှေ့ပြောင်းလုပ်သား ဆိုင်ကယ်ချစ်သူ (Bikers) တွေ စုပေါင်းပြီး ပျော်ပျော်ပါးပါး အပျော်ခရီးလေး ထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အပြန်လမ်းမှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်ခဲ့ပါတယ်။ မဟာချိုင်က ထိုင်းယူနီယံ (Thai Union) ပုစွန်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် (၂၆) နှစ်အရွယ် မစုမာနှင်း ဟာ သူမရဲ့ချစ်သူနဲ့အတူ ဆိုင်ကယ်စီးလာရင်း လမ်းမှာ မထင်မှတ်ဘဲ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ချစ်သူအမျိုးသားမှာ ထိခိုက်ဒဏ်ရာတွေ…
-

လေးမျက်နှာမှာ ရေဘေးကူနေတဲ့ ငသိုင်းချောင်း ဒေသခံတဦး ရေစီးနဲ့မျောပါ Tဆုံး
လေးမျက်နှာမှာ ရေဘေးကူနေတဲ့ ငသိုင်းချောင်း ဒေသခံတဦး ရေစီးနဲ့မျောပါ သေဆုံး “အရမ်းလိမ္မာပြီး ပရဟိတစိတ်ရှိတဲ့ကလေးလေးပါ၊ ပြန်တွေ့ ရမယ်ထင်နေတာ၊ တွေ့တော့အသက် မရှိတော့ဘူးတဲ့။ အရမ်းစိတ်မကောင်း ဖြစ်ရတယ်” ငဝန်မြစ်တာဘောင်ကျိုးပြီး ရေနစ်မြုပ်နေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာမှာ ရေဘေး သင့်ပြည်သူများကို ထမင်းထုတ်သွားလှူ၊ ကူညီနေတဲ့အဖွဲ့က အသက်နှစ်ဆယ်ကျော် မွတ်စလင် လူငယ်တဦး ရေစီးနဲ့ မျောပါကာ သေဆုံးသွားခဲ့ပါတယ်။ မနေ့က ဩဂုတ် ၅ရက် မနက်ပိုင်းမှာ အိုင်သပြုလမ်းဆုံနားမှာ ရေဘေးသင့်ပြည်သူတွေကို ထမင်းထုတ်ဝေပေး ပြီးအပြန်မှာ ရေစီးနဲ့မျောပါသွားခဲ့တာပါ။ “ကောင်လေးက ရေမကူးတတ်လို့ အရမ်းကူညီချင်လို့ လိုက်လာတာပြောတယ်။ ဒီကအဖွဲ့တွေနဲ့ ဝိုင်းရှာပြီးမှ နေ့ ခင်းပိုင်းမှ အလောင်းတွေ့တာ” လို့ အိုင်သပြုမှာ လူမှုကူညီရေးလုပ်နေတဲ့ အသင်းတခုမှ တာဝန်ရှိသူတဦးက ပြော ပါတယ်။ သေဆုံးသွားသူဟာ…
-

ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ်
ထောက်ခံစာမပါလို့ အသက်ကယ်မယ့်ကားကို ဆီမရောင်းပေးတဲ့ အဖြစ် (လှိုင်သာယာကိုကြီး စိတ်မကောင်းစွာ ရင်ဖွင့်လာပြီ) ရေဘေးသင့်ပြည်သူတွေအတွက် နေ့မအားညမနား ကူညီပေးနေတဲ့ ပရဟိတသမားတွေ မြေပြင်မှာ ဘယ်လောက်တောင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို နာမည်ကြီး ပရဟိတအစ်ကို “လှိုင်သာယာကိုကြီး” က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြလာပါတယ်။ ဖြစ်စဉ်ကတော့ လှိုင်သာယာကိုကြီးတို့ အဖွဲ့ဟာ ငါးသိုင်းချောင်းနဲ့ လေးမျက်နှာမြို့နယ်ကြားမှာ (၄) ရက်ဆက်တိုက် ရေဘေးကူညီကယ်ဆယ်ရေးတွေ အင်တိုက်အားတိုက် လုပ်ဆောင်နေခဲ့တာပါ။ ရန်ကုန်ကနေ ထွက်လာကတည်းက လူနာတင်ယာဉ် (Ambulance) တွေမှာ ဆီအပြည့်ဖြည့်လာခဲ့ပေမယ့် (၄) ရက်လုံးလုံး အဆက်မပြတ် ပြေးလွှားကူညီနေရတဲ့အတွက် ဆီပြတ်လပ်သွားခဲ့ပါတယ်။ ဒါနဲ့ ဆီဖြည့်ဖို့အတွက် လေးမျက်နှာမြို့အဝင်မှာရှိတဲ့ “—-” လို့ အမည်ရတဲ့ ဆီဆိုင်ကို ဝင်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားဘဲ ဆီဆိုင်ဘက်က…