🚨 မေလထဲမှာ မုန်တိုင်းလာဖို့ရှိသလို မုတ်သုံလည်းစဝင်တော့မယ်…
ပူပြင်းလွန်းတဲ့ နွေရာသီကို ဖြတ်သန်းနေရတဲ့ ပြည်သူတွေအတွက် မိုးသက်လေနှင်းတွေ ယူဆောင်လာမယ့် မုတ်သုံလေ စတင်ဝင်ရောက်မယ့် ရက်တွေ ထွက်ပေါ်လာပါပြီ။
ဒါပေမယ့် သတိထားရမယ့် မုန်တိုင်းအန္တရာယ်နဲ့ အပူချိန်မြင့်တက်မှုတွေလည်း ရှိနေပြန်ပါတယ်။
မိုး/ဇလရဲ့ ယနေ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ မေလအတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံကို အဆင့်ဆင့် ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
🌧️ မုတ်သုံလေ ဝင်ရောက်မည့် ရက်နှင့် ဒေသများ 🌧️
မေ (၁၃) မှ (၁၈) ရက်အထိ – မြန်မာနိုင်ငံတောင်ပိုင်း
မေ (၁၉) မှ (၂၄) ရက်အထိ – မြစ်ဝကျွန်းပေါ်ဒေသ
မေ (၂၅) မှ (၃၀) ရက်အထိ – မြန်မာနိုင်ငံအလယ်ပိုင်း
မေ (၃၁) မှ ဇွန် (၅) ရက်အထိ – မြန်မာနိုင်ငံမြောက်ပိုင်း
⚠️ အထူးသတိပြုရန် အချက်များ ⚠️
🌊 မုန်တိုင်းနှင့် မြစ်ရေ – ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။
မိုးရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေတွေဟာ လက်ရှိရေမှတ်ထက် (၅) ပေမှ (၁၂) ပေအထိ ရုတ်တရက် မြင့်တက်လာနိုင်တဲ့အတွက် မြစ်ကမ်းနံဘေး နေထိုင်သူတွေ ကြိုတင်သတိပြုဖို့ လိုအပ်ပါတယ်။
💡 မိုးလေဝသ အခြေအနေတွေ ရုတ်တရက် ပြောင်းလဲနိုင်တာမို့ မိသားစု၊ မိတ်ဆွေတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ဒီသတင်းလေးကို အခုပဲ Share လုပ်ပြီး သတိပေးလိုက်ပါဦးနော်။
















































