Author: Baby Yit Lone

  • စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်

    စစ်မှုထမ်းပြီးဆုံးသော လူငယ်များကို အလုပ်အကိုင်ပေးမည်ဟုဆိုကာ စစ်မှုထမ်းမည့် လူသစ်များ ရရှိရေး လိမ်လည်စည်းရုံးနေ

    ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၁ ပွဲမှ ပြန်လာသည်ဟုဆိုကာ ကြိုဆိုပွဲ အတုဖြင့် ဝါဒဖြန့်မှုများ စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်း၊ ဧရာဝတီတိုင်း၊ဝါးခယ်မမြိုနယ်၊လက်ခုပ်ကျေးရွာအုပ်စုတွင် စစ်မှုထမ်းအပတ်စဉ် ၁ မှ တာဝန်ထမ်းဆောင်ပြီး၍ ပြန်လာသော လူငယ်ကျော်ကျော်ဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးမြကျော်ထွေးနှင့် ကျေးရွာသူ ကျေးရွာသားများက ဂုဏ်ပြုကြိုဆိုသည်ဟုဆိုကာ

    စစ်တပ်တယ်လီဂရမ်ချန်နယ်များတွင် လိမ်လည် ဝါဒဖြန့်မှုများ လုပ်ဆောင်လာကြောင်း၊ အဆိုပါ လူငယ် ကျော်ကျော်ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၁ မှ မဟုတ်သကဲ့သို့ စစ်မှုထမ်းခြင်းလည်းမရှိခဲ့ကြောင်း သိရှိရသည်။

    “လက်ခုပ်ကျေးရွာအုပ်စုမှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ ပြန်လာတဲ့သူကို ကြိုဆိုပွဲဆိုပြီး လုပ်သွားတယ်။ တကယ်က စစ်မှုထမ်းအပတ်စဉ် ၁ က လူလည်းမဟုတ်ဘူး။ ပြန်လာတာလည်းမဟုတ်ဘူး။

    အဲဒီကြိုဆိုပွဲက လိမ်ဆင်ကြီးဖြစ်နေတာ။ အဲဒီ လူငယ်က စစ်မှုထမ်းတယ်လို့ လည်းမကြားဖူးဘူး။ ရွာကတော့ ပျောက်သွားတယ်။ ပြီးမှ စစ်မှုထမ်းက ပြန်လာတယ်ဆိုပြီး ကြိုဆိုပွဲ လုပ်တာ။ စစ်မှုထမ်းရာက ပြန်လာတာတော့မဟုတ်ဘူး” ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းမှ ပြန်လာသော လူငယ်များကို ကြိုဆိုပွဲများဖြင့် ပြည်သူများက ကြိုဆိုနေသည်ဆိုသော ဝါဒဖြန့် လုပ်ကြံမှုများကို လုပ်ဆောင်နေပြီး စစ်တပ် တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဝါဒဖြန့်ကာ စစ်မှုထမ်း လူငယ်များ ရရှိရေး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တပ်အသိုင်းအ၀ိုင်းထံမှ စုံစမ်းသိရှိရသည်။

    ယင်းအပြင် စစ်မှုထမ်းပြန်လာသည့် လူငယ်များကို အလုပ်အကိုင်များ ဖန်တီးပေးနေသည်ဟုဆိုကာ စစ်တပ်က ဝါဒဖြန့် သတင်းစာများမှ တစ်ဆင့် လည်း ကြေညာမှုများ လုပ်ဆောင်နေသည်။

    မေလ ၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အစည်းအဝေး၌ စစ်အုပ်စု၏ အလုပ်သမားဒုဝန်ကြီး မောင်မောင်သန်းက စစ်မှုထမ်းကာလ ပြီးဆုံးသူများကို အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးမည်ဟု ဝါဒဖြန့်ပြောဆိုခဲ့သည်။

    စစ်မှုထမ်းပြီးဆုံးခဲ့သော လူငယ်များကို အစိုးရဝန်ထမ်းအဖြစ် ခန့်အပ်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ချိတ်ဆက်ပေးခြင်း၊ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများတွင် အလုပ်ရရန် လုပ်ငန်းရှင်များ၊ စက်မှုဇုန်ကော်မတီများနှင့် ညှိနှိုင်းပေးခြင်းများ လုပ်ဆောင်ပေးမည်ဟု ဒုဝန်ကြီး မောင်မောင်သန်းကဆိုသည်။

    ယင်းမြှူဆွယ်မှုများသည် စစ်ရှုံးနေသည့် စစ်တပ်က ၎င်းတို့၏ စစ်သားစုဆောင်းရေးယန္တရား ဆက်လက်လည်ပတ်နိုင်ရန် လူငယ်များကို မက်လုံးပေးခြင်းသာ ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။

    စစ်တပ်က ယင်းကဲ့သို့ ဝါဒဖြန့်မှုများအကြီးအကျယ် လုပ်ဆောင်လာခြင်းမှာ လက်ရှိစစ်မှုထမ်းနေရသူများ၏ မကျေနပ်မှုကို ထိန်းသိမ်းရန်နှင့် နောင်လာမည့် အပတ်စဉ်များအတွက် လူသစ်ရရှိရန် ရည်ရွယ်သည့် လိမ်လည်နေခြင်းသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။

    အခြားတစ်ဖက်တွင်လည်း စစ်တပ်က လူငယ်များကို နိုင်ငံတစ်ဝန်းတွင် အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးမှုများကို လုပ်ဆောင်ပြီး လစဉ် စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်နေရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၂၅ အထိ ရောက်ရှိလာပြီဖြစ်သည်။

  • မလေးရှားမှာ ကြော်ငြာသွားရိုက်ရင်း  ပျောက်ဆုံးနေတဲ့ မော်ဒယ် စူးရှနိုင် (ခ) ပက်ထရစ်ရှာ

    မလေးရှားမှာ ကြော်ငြာသွားရိုက်ရင်း ပျောက်ဆုံးနေတဲ့ မော်ဒယ် စူးရှနိုင် (ခ) ပက်ထရစ်ရှာ

    မလေးရှားမှာ ကြော်ငြာသွားရိုက်ရင်း

    ပျောက်ဆုံးနေတဲ့ မော်ဒယ် စူးရှနိုင် (ခ) ပက်ထရစ်ရှာ

    သံသယရှိသူ It’s mint အမည်ရ Influencer လို့သိရပါတယ်

    ဘေးကင်းပါစေ ပက်ထရစ်ရှာ 🙏

    မလေးရှား​မှာ ဟော်တယ်ထဲ အခန်းပိ.တ်ပြီး နှိ-ပ်စ-က်ခံနေရတာကြောင့် အကူညီတောင်းနေရှာတဲ့ ပက်ထရစ်ရှာ 😭💔

    It’s Mint ဆိုတဲ့ကောင်ကို သိကြလား? သူက ပက်ထရစ်ရှာကို ကြော်ငြာရို-က်ဖို့ဆိုပြီး မလေးရှားကို ခေါ်ထားတာပါ။

    ပတ်ထရစ်ရှာရဲ့ မိတ်ကပ်ဆရာတွေကိုလည်း ပြန်လွှတ်လိုက်ပြီး အခန်းထဲတစ်ယောက်ထဲ ပိတ်ထားတယ်လို့ သိရ​ပါတယ်။

    ပတ်ထရစ်ရှာ ဖုန်းဆက်ပြီး အကူညီတောင်းတာခံခဲ့ရတဲ့ တစ်ယောက်က အသံဖိုင်ကို တင်ပေးခဲ့တာဖြစ်ပြီး ပက်ထရစ်ရှာက “မလုပ်ပါနဲ့ အကိုရယ်” ဆိုပြီး ငိုယိုနေတာကိုလည်း ကြားလိုက်ရပါတယ်။

    သက်ဆိုင်ရာတွေ ကူညီပေးကြပါအုံးနော်…🙏🙏🙏

    မလေးရှားမှာ ကြော်ငြာသွားရိုက်ရင်း ပျောက်ဆုံးသွားတဲ့ သရုပ်ဆောင် ပတ်ထရစ်ရှာ (Patricia)

    🥺🙏🏻 ဘေးကင်းပါစေနော် မပတ်သတ်သင့်တဲ့သူတွေနဲ့သွားပတ်သတ်မိတာ သနားပါတယ် 😭

    ပက်ထရစ်ရှာကို ကူညီနေတဲ့ ကိုရဲမင်းလွင်ကတော့ အကုန်ဖွင့်ချလာပြီ it’s mint ဆိုတဲ့ ဘဲက ပက်ထရစ်ရှာကို အလိုမတူဘဲ ဟိုဟာလု။ပ်ပြီး အခန်းပိ။တ်ထားတာ 👇

    ဖုန်းလည်း ပေးမကိုင်သလို ပြန်လည်း မလွတ်တော့ဘူး ရဲမင်းလွင်ဆီ ပက်ထရစ်ရှာက ဖုန်းဆက်တော့လည်း ပူစီနံဆိုတဲ့ ဘဲက ဘေးက သူပြောခိုင်းသလို မပြောရင် ဖုန်းကို တန်းချတာ ပက်ထရက်ရှာ အတွက် တကယ်စိတ်မကောင်းဘူး

    မော်ဒယ်သရုပ်ဆောင် ပတ်ထရစ်ရှာရဲ့ အရေးကြီးသတင်းပါ..

    အရင် မင်းသမီးနဲ့ အလုပ်အတူလုပ်ကိုင်နေခဲ့တဲ့ It’s mints ဆိုတဲ့ လူက ပထရစ်ရှာကို ကြော်ငြာရိုက်ဖို့ဆိုပြီး မလေးရှားကို ခေါ်တယ်ပြောတယ်

    အခု မင်းသမီးကို သူနဲ့တစ်ခန်းထဲဟိုတယ်အခန်းမှာပဲ ပိတ်ထားပြီး အကူညီတောင်းလို့မရအောင် ဖုန်းတွေလဲ ယူထားတယ်တဲ့

    ဖုန်းမယူခင် ပတ်ထရစ်ရှာရဲ့ အကူညီတောင်းတဲ့ ဗီဒီယိုအသံဖိုင်တွေလဲ ထွက်လာတယ်

    နာကျင်ရတဲ့ အော်သံတွေလဲ ပါနေတယ်..

    ခုထိ အဆက်သွယ်ပြတ်နေတာကြောင့် အားလုံးက ဝိုင်းစိတ်ပူနေကြပြီး နိုင်ငံခြားမှာဆိုတော့ စုံစမ်းဖို့ အခက်ဖြစ်နေကြပါတယ်..

    လူတိုင်း ဒီသတင်းကို ဝန်းရံပေးကြပါ🥺

    ဒီလူကိုလဲ အရေးယူနိုင်အောင် ကူညီပေးကြပါနော်😢

  • မလေးရှားမှာ ကြော်ငြာသွားရိုတ်ရင်း ပက်ထရစ်ရှာ ပျောက်နေ

    မလေးရှားမှာ ကြော်ငြာသွားရိုတ်ရင်း ပက်ထရစ်ရှာ ပျောက်နေ

    မလေးရှားမှာ ကြော်ငြာသွားရိုတ်ရင်း ပက်ထရစ်ရှာ ပျောက်နေတယ်တဲ့ it’s mint ဆိုတဲ့ ဘဲ က ပက်ထရစ်ရှာ ရဲ့ မိတ်ကပ်ဆရာတွေပါ ပြန်လွတ်ပြီး ဟိုတယ်မှာ အခန်းပိ။တ်ထားတယ်တဲ့ 👇

    တခြား ကောလဟာလ သတင်းတွေပါ ထွက်နေတာ ပက်ထရစ်ရှာ အမြန်ဆုံး ဘေးကင်းပါစေနော်

    မလေးရှား​မှာ ဟော်တယ်ထဲ အခန်းပိ.တ်ပြီး နှိ-ပ်စ-က်ခံနေရတာကြောင့် အကူညီတောင်းနေရှာတဲ့ ပက်ထရစ်ရှာ 😭💔

    It’s Mint ဆိုတဲ့ကောင်ကို သိကြလား? သူက ပက်ထရစ်ရှာကို ကြော်ငြာရို-က်ဖို့ဆိုပြီး မလေးရှားကို ခေါ်ထားတာပါ။

    ပတ်ထရစ်ရှာရဲ့ မိတ်ကပ်ဆရာတွေကိုလည်း ပြန်လွှတ်လိုက်ပြီး အခန်းထဲတစ်ယောက်ထဲ ပိတ်ထားတယ်လို့ သိရ​ပါတယ်။

    ပတ်ထရစ်ရှာ ဖုန်းဆက်ပြီး အကူညီတောင်းတာခံခဲ့ရတဲ့ တစ်ယောက်က အသံဖိုင်ကို တင်ပေးခဲ့တာဖြစ်ပြီး ပက်ထရစ်ရှာက “မလုပ်ပါနဲ့ အကိုရယ်” ဆိုပြီး ငိုယိုနေတာကိုလည်း ကြားလိုက်ရပါတယ်။

    သက်ဆိုင်ရာတွေ ကူညီပေးကြပါအုံးနော်…🙏🙏🙏

    မလေးရှာမှာ ကြောငြာသွားရိုတ်ရင်း အဆက်အသွယ်ပျက်ပြီး ပျောက်နေတဲ့ မော်ဒယ် ပက်ထရစ်ရှာ 👇

    It’ mint ဆိုတဲ့ဘဲက ဟိုတ၊ယ်ခေါ်ပြီး အခန်းပိ။တ်ထားတဲ့အပြင် ကိုယ်ထိလ။က်ရော။က် ကျူးလွ၊န်တယ်ဆိုတဲ့ အသံ file တွေပါ လိုင်းပေါ်ပြန့်နေပြီ အမြန်ဆုံး ဘေးကင်းပါစေနော်

    ယု၊တ်-မာလို၊က်တာ ခ၊င်သလို ဟ၊န်ဆော၊င်ပြီး မ-လေးရှာ၊းမှာ ကြေညာရို၊က်ခေါ်ပြီး မ-တော်-မ-တ-ရာ၊းကျ၊င့်တာတဲ့

    ရှာရှာ အော်ဟ၊စ် အ-ကူ-အ-ညီ တော၊င်းတဲ့ ဖု၊န်းက နော၊က်ဆုံ၊းဘဲ အ-ခုတော့ ဘာ သတ၊င်းမှ မ-ရကြသေ၊းဘူး စိ၊တ်ပူ လို၊က်တာ

    ယု၊တ်-မာလို၊က်တာ ခ၊င်သလို ဟ၊န်ဆော၊င်ပြီး မ-လေးရှာ၊းမှာ ကြေညာရို၊က်ခေါ်ပြီး မ-တော်-မ-တ-ရာ၊းကျ၊င့်တာတဲ့

    ရှာရှာ အော်ဟ၊စ် အ-ကူ-အ-ညီ တော၊င်းတဲ့ ဖု၊န်းက နော၊က်ဆုံ၊းဘဲ အ-ခုတော့ ဘာ သတ၊င်းမှ မ-ရကြသေ၊းဘူး စိ၊တ်ပူ လို၊က်တာ

    ကြေ-ညာ ဆိုပြီး ရှာရှာကို m-u ဒိ၊န်းကျ၊င့်တဲ့ လူပါနော်

    လောလောဆ၊ယ် မလေ၊းရှာ၊းမှာ ရှာရှာ ဒု-က္ခ ရော၊က်နေတယ် သူ့ အ-ဖွဲ့တွေလ၊ည်း အ-ကူ-အ-ညီ တေ၊ာင်းတဲ့ ဖု၊န်းကို နော၊က်ဆုံ၊း ပြောပြီး အ-ဆ၊က်-အ-သွယ် ပြ၊တ်သွားတာ

    ရှာရေ အ-ဆ၊င်ပြေပါစေ

  • “It’s Mint” ဆိုတဲ့သူ Live လွှင့်နေပြီး ရှာရှာ (Sharr Sharr) ကို နှိပ်စက်နေ

    “It’s Mint” ဆိုတဲ့သူ Live လွှင့်နေပြီး ရှာရှာ (Sharr Sharr) ကို နှိပ်စက်နေ

    🚨 အရေးပေါ်အကူအညီလိုအပ်နေပါသည်။ (Emergency Call for Help)

    ​မလေးရှားရောက် မြန်မာနိုင်ငံသူ/သားများ အားလုံးရှယ်ပေးကြပါဦး။

    ​အခုလောလောဆယ် “It’s Mint” ဆိုတဲ့သူ Live လွှင့်နေပြီး ရှာရှာ (Sharr Sharr) ကို နှိပ်စက်နေတယ်လို့ သိရပါတယ်။

    ရှာရှာရဲ့ အခန်းကတ်ကိုယူပြီး အခန်းထဲအတင်းဝင်ရောက်သွားတာဖြစ်ပြီး လက်ရှိမှာ ရှာရှာနဲ့ အဆက်အသွယ်ပြတ်တောက်နေပါတယ်။

    ​သိရှိရသမျှ အချက်အလက်များ –

    ​ဖြစ်စဉ် – ရှာရှာက အကူအညီတောင်းဖို့ ဖုန်းဆက်ရာမှ အဆိုပါအမျိုးသား ရောက်ရှိလာပြီး ဖုန်းချသွားကာ ရှာရှာရဲ့ အော်ဟစ်သံများပါ ကြားလိုက်ရတယ်လို့ သိရပါတယ်။

    ​တည်နေရာ – တိကျတဲ့နေရာ မသိရသေးသော်လည်း ရှာရှာ့သူငယ်ချင်းကို ပြောပြချက်အရ ဟိုတယ်နာမည်မှာ “M” အက္ခရာဖြင့် စတင်ကြောင်း သိရပါတယ်။

    ​အခြေအနေ – လက်ရှိမှာ အမျိုးသားဖြစ်သူက Live လွှင့်နေပြီး အခြေအနေ တော်တော်လေး စိုးရိမ်ရပါတယ်။

    ​မလေးရှားမှာရှိတဲ့ မြန်မာတွေအနေနဲ့ဖြစ်ဖြစ်၊ ဒီ Live ကို ကြည့်နေတဲ့သူတွေအနေနဲ့ဖြစ်ဖြစ် တည်နေရာအတိအကျ သိရှိပါက သက်ဆိုင်ရာ ရဲစခန်း ဒါမှမဟုတ် နီးစပ်ရာအဖွဲ့အစည်းတွေကို အမြန်ဆုံး အကြောင်းကြားပေးကြပါဦး။

    ​ရှာရှာ့ကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ ဝိုင်းဝန်းကူညီပေးကြပါ!!

    အန္တရာယ် ကင်းကင်းနဲ့ အမြန်ဆုံး အဆင်ပြေပါစေ ရှာရှာရေ

    ဒီပြဿနာတွေ အမြန်ဆုံး ဖြေရှင်းနိုင်ပါစေ တိုင်းတစ်ပါး မလေးမြေမှာမို့ ပိုစိတ်ပူနေပြီ။

    Rape ကိစ္စလိုလို ဘာလိုလိုတော့ လက်ရှိ သတင်းတွေ ပြန့်နေပါတယ်။

  • ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းတွင် မြန်မာလုပ်သားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သူ ၄ ဦး ဖမ်းမိ၊ ၂ ဦး ထွက်ပြေးနေ

    ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်ရှိ စားသောက်ဆိုင်တခု၌ မြန်မာလုပ်သားတဦးဖြစ်သည့် ကိုသားသားကို ရေနွေးပူနှင့် လောင်းပြီး ရိုက်နှက်နှိပ်စက်ခဲ့သည့် တရုတ်လုပ်ငန်းရှင် လေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းကိစ္စတွင် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

    “ဒီနေ့ တယောက်ထပ်မိတယ်။ အားလုံးတော့ ဒီကလေး (ကိုသားသား) ကို လုပ်ခဲ့တဲ့လူ လေးယောက်တော့ ဖမ်းမိသွားပြီဗျ” ဟု မြန်မာ့အလင်း လူမှုကူညီရေးအဖွဲ့မှ ကိုနေလင်းသူက မေလ ၈ ရက် မွန်းလွဲပိုင်းတွင် ပြောသည်။

    ကိုသားသားကို ညှဥ်းပန်းနှိပ်စက်ခဲ့သူ တရုတ်လုပ်ငန်းရှင် ခြောက်ဦးထဲမှ ကျန်နှစ်ဦးမှာ ထွက်ပြေးနေသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီးဖြစ်ကြောင်းလည်း သိရသည်။

    “သူတို့နှစ်ယောက်ကတော့ ပြေးနေတယ်။ ဒါပေမဲ့ မလွတ်တော့ပါဘူး။ ဒီလေးယောက် မိသွားပြီဆိုတော့ ဒီနှစ်ယောက်ကတော့ မလွတ်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနှစ်ယောက်ကတော့ မိမှာပါ။ တကယ်လို့ မမိရင်တောင်မှ ထိုင်းဥပဒေအရ သူတို့ကို ဝရမ်းပြေးထုတ်မှာပေါ့နော်။ ဖမ်းဝရမ်းထုတ်မှာပေါ့” ဟု ကိုနေလင်းသူက ပြောသည်။

    လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် တရုတ် လေးဦးကို စစ်ဆေးနေဆဲဖြစ်ပြီး ပုဒ်မများ မတပ်ရသေးကြောင်း၊ တရားရုံးသို့ ဖြစ်စဉ်များအကုန် တင်ပြထားဆဲဖြစ်ကြောင်းနှင့် တရားရုံးက အမိန့်စာထွက်လာမှ ပုဒ်မများ ပြောပြနိုင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

    ယင်းကိစ္စနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်အောင် ထိုင်းဥပဒေအတိုင်း “အဆုံးထိ” သွားမည်ဖြစ်ကြောင်း ကိုနေလင်းသူက ပြောသည်။ “ကျွန်တော်တို့ နိုင်ငံခြားအလုပ်သမားချင်း အတူတူပေါ့နော်။ ညှဥ်းပန်းနှိပ်စက်တဲ့ အမှုကတော့ ထိုင်းနိုင်ငံကလည်း လက်မခံဘူးပေါ့နော် ဒါမျိုးလုပ်တာကို။ အဲ့ဒီအတွက် အမှုကတော့ ကျွန်တော်တို့ အဆုံးထိ သွားမှာပါ” ဟု ဆိုသည်။

    အသက် ၂၇ နှစ်အရွယ် ကိုသားသားသည် ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုတွင် တရုတ်စကားပြန်အဖြစ် တလလျှင် ဘတ် ၂၀,၀၀၀ ဖြင့် လုပ်ကိုင်ခဲ့သည်။ နှစ်လအတွင်း လစာကျန်ငွေ ဘတ် ၁၆,၀၀၀ တောင်းသော်လည်း မရသဖြင့် အလုပ်ထွက်ခဲ့ကြောင်း သိရသည်။

    “ဧပြီ ၃၀ ရက်နေ့ ကျတော့ ၃ နာရီခွဲလောက်မှာ သားသားဆိုတဲ့ ညီလေးကို ပိုက်ဆံထုတ်ပေးပါမယ်ဆိုပြီးမှ သူ့အလုပ်ဆိုက်ထဲကနေ သွားခေါ်ထုတ်လာတာ။ သွားခေါ်လာတဲ့အချိန်မှာ သူ့ကို သူ့သူဌေးပါဆိုပြီး ပြောတဲ့လူရယ်၊ ပြီးလို့ရှိရင် ခုနက သူအလုပ်သင် သင်ပေးခဲ့တဲ့ တရုတ်စကားပြန်ညီလေးရယ်ပေါ့နော်။ သူတို့ နှစ်ယောက်နဲ့ လာခေါ်တယ်” ဟု ကိုနေလင်းသူက ရှင်းပြသည်။

    ထို့နောက် ရယောင်းခရိုင်တွင်ရှိသည့် တရုတ်စားသောက်ဆိုင်တဆိုင်သို့ ခေါ်ဆောင်ပြီး အဆိုပါ စားသောက်ဆိုင်၏ ရုံးခန်းထဲတွင် ပိတ်ကာ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

    ကိုသားသားအား ဆိုင်ပိုင်ရှင် သူဌေးမဟုဆိုသည့် တရုတ်အမျိုးသမီးတဦးက သုံးမိနစ် ရေနွေးအိုးဖြင့် ရေနွေးပူ လေးအိုးအထိ လောင်းခဲ့ကြောင်း၊ ထို့နောက် ဂေါက်တံများ၊ သံပိုက်များဖြင့် အုပ်စုဖွဲ့ ထပ်မံဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ထို့နောက် ကျားဖြန့်များ နှိပ်စက်သည့် ပုံစံများဖြစ်သည့် လက်သည်းခွံချွတ်ခြင်း၊ လက်များဖြတ်ခြင်း စသည့် ဗီဒီယိုဖိုင်များကို ပြသပြီး ကိုသားသား၏ ပါးစပ်ထဲသို့ ရေနွေးပူလောင်းထည့်ရန် လုပ်ဆောင်ချိန်တွင် ကိုသားသားက အတင်းရုန်းကန်ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

    လက်ရှိ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသူများထဲတွင် ကိုသားသားကို လာရောက်ခေါ်ဆောင်သွားသည့် သူဌေးဟုဆိုသူနှင့် ၎င်းအား ရေနွေးပူနှင့် လောင်းခဲ့သည့် တရုတ်အမျိုးသမီးတို့ ပါဝင်ကြောင်းလည်း သိရသည်။