Author: Baby Yit Lone
-

ကျောင်းသားတွေဆီက ဖုန်းသိမ်းပြီး ပြန်မပေးဘဲ နှစ်ကျပ်ကွက်နင်းနေတဲ့ ကျောင်းအုပ်ကြီးနဲ့ မြတ်ဆရာအဖွဲ့
တောင်ကြီး အထက (၁) မှာ ဖေဖော်ဝါရီ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ စုံညီပွဲတော်အတွင်း တာဝန်ကျ ဆရာမများက ကျောင်းသားတွေရဲ့ လွယ်အိတ်တွေကို စစ်ဆေးပြီး ပါလာတဲ့ ဖုန်းတွေကို သိမ်းယူခဲ့ပါတယ်။ စာမေးပွဲအတွင်းမှာ စာကို အာရုံစိုက်စေဖို့ အကြောင်းပြချက်နဲ့ သိမ်းခဲ့ပေမယ့်လည်း ယခု စာမေးပွဲ ပြီးဆုံးချိန်မှာ ပြန်မပေးသေးဘူးလို့ သိရပါတယ်။ ဖုန်းတွေ သိမ်းဆည်းထားတာ ၂ ပတ်ကျော် ကြာနေပြီး မိဘတွေက ပြန်တောင်းရာမှာလည်း ကျောင်းအုပ်ဆရာကြီး မအားဘူးလို့သာ ပြန်ပြောခဲ့တယ်လို့ သိရပါတယ်။ “စာမေးပွဲ မဖြေခင်မှာ ဖုန်းတွေ သိမ်းတာကို လက်ခံတယ်။ အခုဟာက ကျောင်းတောင် ပိတ်သွားပြီလေ။ ပြန်ပေးဖို့ သွားတောင်းရင်လည်း ဝေ့လည်ကြောင်ပတ်နဲ့။ အခုခေတ် ဖုန်းတလုံး တန်ဖိုးလည်း နည်းတာ မဟုတ်ဘူး။” လို့…
-

မန္တလေးတွင် လေထုအရည်အသွေးပြအညွှန်းကိန်း ဆက်လက်မြင့်တက်လာမည်ဖြစ်သောကြောင့် လေထုညစ်ညမ်းမှုကို အထူးသတိပြုနေထိုင်ရန်လို
လာမည့်ရက်ပိုင်းတွင် မန္တလေးမြို့၏ လေထုအရည်အသွေးပြ အညွှန်းကိန်း(AQI) အဆင့်သည် ဆက်လက်မြင့်တက်လာမည်ဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် နှစ်ပေါင်း၆၀ အတွေ့အကြုံရှိ လေထုနည်းပညာကုမ္ပဏီ(IQAir)မှ ခန့်မှန်းထားသည်။ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်တိုင်းတာချက်များအရ မန္တလေးမြို့၏ AQI အဆင့်သည် ၁၁၇ ဖြစ်ရာ Unhealthy for Sensitive Groups (လေထုညစ်ညမ်းမှုအပေါ် အထူးခံစားလွယ်သူများအတွက်မကောင်း)သည့် အဆင့်ဖြစ်သည်။ ဤအဆင့်သည် ကလေးများ၊ အသက်ကြီးသူများ၊ ရင်ကျပ်၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် နှလုံးရောဂါရှိသူများအတွက် အသက်ရှူရအဆင်မပြေမှု၊ မျက်စိနှင့် လည်ချောင်းယားယံမှုများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် အထူးခံစားလွယ်သူများအုပ်စုတွင် ပါဝင်သူများအနေဖြင့် နေအိမ်အတွင်း၌သာ တံခါးပိတ် နေထိုင်သင့်ပြီး အပြင်သွားလာလှုပ်ရှားမှု လျှော့ချရန်၊ အပြင်ထွက်ပါက Mask (N95) သုံးရန်၊ အိမ်တွင်း၌ Air purifier အသုံးပြုရန် တိုက်တွန်းအကြံပြုထားသည်။ “ဒီနေ့မနက်က…
-

အလင်းဝင်လာသော PDF ၃ ဦးမှ တပ်ရင်းမှူးမိန်းမကို ခိုးပြေး
ယနေ့ည ၉နာရီအချိန်ခန့်တွင် ပီဒီအက် ၃ ဦးမှ တပ်ရင်းမှူး မိန်းမကို ခေါ်ဆောင်သွားသောကြောင့် အပူတပြင်းလိုက်လံရှာဖွေနေ။ တွေ့ရှိက သတင်းပေးပို့ကြပါရန်။ ခမရ ( ၁၁၃) တပ်ရင်းမှုး မိန်းမကို PDF တွေ ခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေ၍ မိတ္ထလာမြို့တဝိုက်ရှိတပ်များအား အရေးပေါ် အကြောင်းကြားထားရသည်။ အဆိုပါ ပီဒီအက် ၃ဦးသည် မကြာသေးမီရက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လပခ ထံ အလင်းဝင်လာ ခဲ့သူများဖြစ်သည်။ သပိတ်ကျင်းရှိ ၎င်းတို့နေအိမ်များသည်တပ်မတော် မီးရှို့ခဲ့တဲ့အထဲ ပါသွားခဲ့သောကြောင့် ပြန်စရာအိမ်မရှိဖြစ်ရာမှ ခမရ-၁၁၃ တပ်ရင်းမှူးက အိမ်တွင် ခေါ်ထားခဲ့ခြင်းဖြစ်သည်။ တပ်ရင်းမှုးနေအိမ်တွင် ပီဒက်အက် ၃ ဦးနေထိုင်ရင်း ရက်အနည်းငယ်အကြာ၌ ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သတင်းပေးပို့သူကို ဆုငွေကျပ် ၂ သိန်းချီးမြှင့်မည်။