Author: Baby Yit Lone

  • တရုတ်မုန့်စားမိလို့ ဘဝကူးသွားခဲ့ရတဲ့ မိန်းကလေး

    တရုတ်မုန့်စားမိလို့ ဘဝကူးသွားခဲ့ရတဲ့ မိန်းကလေး

    အများပြည်သူများ သတိပြုရန် ⚠️

    💔 စိတ်မကောင်းစရာ သတင်းတစ်ခုကို မျှဝေချင်ပါတယ်။

    သူမဟာ တရုတ်ထုတ်မုန့်အချို့နှင့် ထိုင်းခေါ် “ခဝ်မှန်ကိုင်” (ကြက်ဆီထမင်း)၊ ကြက်ဥတို့ကို အတူတကွ စားမိပြီးနောက်

    အော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကိုယ်တစ်ခုလုံး ဖောရောင်ခြင်း စသည့် လက္ခဏာများ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်

    ထိုအချိန်ကစပီး ကျန်းမာရေး

    အခြေအနေ ပြင်းထန်လာပြီးနောက် ယခုလို အသက်ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်ကြောင်းမိသားစုထံကနေသိခဲ့ရပါတယ်

    ဒါအပြင် သူမကတော့ ကျန်းမရေးမကောင်းလို့မိသားစုတွေစီ 20.2.2026 ရက်နေ့မှာ ပြန်ဖို့စီစဉ်ထားခဲ့တာပါ။။

    ဒါပေမယ့်လည်း အစားတစ်ခုကြောင့် သေခြင်းတရားက 19 ရက်နေ့မှာသူ့ဘဝတစ်ခုလုံးကိုဝါးမျိုသွားခဲ့ပါပြီ🥹

    ဒါကြောင့်မလို့

    အစားအသောက်များကို စားသုံးရာတွင် —

    ✔️ သက်တမ်းကုန်ဆုံးရက် စစ်ဆေးပါ

    ✔️ သိုလှောင်ထားပုံ မှန်ကန်မှု စစ်ဆေးပါ

    ✔️ အစားအသောက်များကို ရောစပ်စားသုံးရာတွင် သတိထားပါ

    ✔️ လက္ခဏာများ ပေါ်ပေါက်ပါက ချက်ချင်း ဆေးရုံသို့ သွားရောက်ပါ

    ကျန်းမာရေးကလူတစ်ယောက်အတွက်အ‌ အရေးကြီးဆုံးဖြစ်လို့ အားလုံး ဂရုစိုက်ကြပါရန် လေးနက်စွာ သတိပေးအပ်ပါတယ်။

    သေဆုံးသူမိန်းကလေးလည်း ကောင်းရာမွန်ရာရောက်ပါစေ…။

  • တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    တစ်ခါတစ်လေ လူတွေကိုသနားရကျိုးမနပ်ဘူး

    ဖော်ပြပါခလေးလေး

    လွန်ခဲ့သော ၅ ရက်က

    အမှတ်၁ဗလီအနီး

    ဒုက္ခရောက်နေလို့

    ညတွင်းချင်း ကျွန်တော်ဘီဝမ်း

    နေအိမ်သို့ခေါ်ဆောင်လာပီး

    fbပေါ်ရေးတင်ခဲ့တယ်

    အချိုရေတွေဝယ်တိုက်တယ်

    ခဏအကြာ မြေနီကုန်းအိမ်ကနေ

    ၄မိုင်ခန့်ကွာဝေးသောဗလီအနီးသို့

    ပြေးပြန်သွားလေတယ်

    နောက်၃ရက်အကြာ

    မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်နေထိုင်သော အမျိုးသမီးမှ

    ဖော်ပြပါခလေးကို ချစ်လို့ သနားလို့

    မွေးစားချင်ကြောင်းတောင်းဆို

    လာခဲ့တယ်

    ထိုအမျိုးသမီးဗလီအရှေ့

    ထိုခလေးကိုမွေးစားချင်လွန်းလို့

    မွန်းလွဲ၁နာရီလောက်ထဲကစောင့်

    ဆိုင်းနေခဲ့တယ်

    ထိုနေ့ကကျွန်တော်ဘီဝမ်း

    တစ်ခြားကိစ္စအရေးကြီးရှိလို့

    ညနေ၃နာရီမှအားတော့

    ထိုအမျိုးသမီးကို သူမွေးစားမည့်

    ကောင်လေးနဲ့ပေးတွေ့ခဲ့တယ်

    သူကောင်လေးနဲ့တွေ့တော့

    အသက်၁၃နှစ်ဖြစ်နေလို့

    ကောင်လေးကို ခေါ်သင့်မခေါ်သင့်

    စဥ်စားတယ်

    ထိုအမျိုးသမီးလိုင်းပေါ်မှာ

    တွေ့တာအသက်၇နှစ်ထင်တာပါ

    အသက်၇နှစ်ဆိုတာက

    ကျွန်တော်ရေးတင်ထားသောပိုစ့်ကို

    ကော်ဖီကူးသူများမှ လိုရာဆွဲရေး

    ထားတာဖြစ်ကြောင်းရှင်းပြလိုက်တယ်

    ထိုအမျိူးသမီးမှ

    ကောင်လေးကိုသူဘုန်းကြီးဝတ်

    မယ်ဆိုရင်ဝတ်ပေးမယ်

    ကျောင်းနေရင်လည်း စာသင်

    ကျောင်းထားပေးမယ်ဟု

    ပြောဆိုခေါ်သွားခဲ့တယ်

    ကျွန်တော်ကတော့

    ထုံးစံအတိုင်း ထိုအမျိုးသမီးနေရပ်လိပ်စာ ဖုန်း ကားနာပတ် အစအဆုံး

    မေးမြန်းပီးအပ်လိုက်တယ်

    ရွှေကုက္ကိုလ်သို့ရောက်သောအခါ

    ဖော်ပြပါခလေးကို စာသင်ပေးနေစဥ်

    ခိုးထွက်သွားလေတယ်

    ဖော်ပြပါခလေးက

    ရွှေကုက္ကိုလ်မြို့သစ်မှာ

    အဖွဲ့အစည်းတွေနောက်လည်းသူ

    လိုက်နေပီးပီ အိမ်သုံးလေးအိမ်

    လည်းလိုက်နေပီးပီ

    ဘုန်းကြီးကျောင်းမှာလည်း

    ကိုယ်ရင်ဝတ်ပီးပီ

    သူနေချင်တာက

    သူ့ကိုထမင်းကျွေး သူ့အတွက်

    ကစားဖော် သူငယ်ချင်း

    များရှာပေး အဲလိုသူကနေချင်တာ

    ဒါကြောင့် သူ့အတွက်အဖော်ဆိုလို့

    ဗလီအနီးအနားရှိခလေးများနဲ့

    ဆော့ကစားမယ်

    သူများနားထမင်းကပ်စားမယ်

    ဒါကြောင့် ဖော်ပြပါခလေးလေးကို

    မြဝတီဘယ်နေရာမှာ

    ပဲတွေ့တွေ့ ကျွန်တော်ဘီဝမ်းထံ

    ဖုန်းမဆက်လာကြပါနဲ့တော့

    စိတ်ပင်ပန်းလို့ပါ

    ဟိုတစ်နေ့ကခေါ်သွားတဲ့

    အမျိုးသမီးပုံနှင့် ကားနံပါတ်

    ဖျက်ထားတာဆိုတာ သည်လိုဖြစ်မယ်ဆိုတာသိလို့ပါ

    သူကလမ်းဘေးနေ လမ်းဘေးအိပ်

    ဆော့ကစားချင်တာကလွဲပီး

    ဘာမှဆုံးမလို့ရမဲ့ပုံမပေါ်တော့ဘူး

    အမေတွေအဒေါ်တွေအလိုမရှိလို့

    ပထမကျွန်တော်သနားမိတာပါ

    နောက်ဆုံးကိုပါကုသိုလ်မရ

    အပူတွေကူးတာပဲအဖတ်တင်တယ်။

    ဘီဝမ်း

  • ဗိုလ်နဂါး နေခဲ့တဲ့ ပုလဲနယ်၊ ဂွေးပင်ရိုးရွာအနီးက နေအိမ်

    ဗိုလ်နဂါး နေခဲ့တဲ့ ပုလဲနယ်၊ ဂွေးပင်ရိုးရွာအနီးက နေအိမ်

    ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ၏ လမ်းဂိတ် ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်ရင်းများက စီးနင်းလိုက်သည်။

    ထို့နောက် ဗိုလ်နဂါး နေထိုင်သည့် ပုလဲမြို့နယ်၊ ဂွေးပင်ရိုးရွာအနီးရှိ စခန်းတစ်ခုကို PDF များက ဝိုင်းပတ်ပိတ်ဆို့ပြီး နှစ်ဖက်ညှိနှိုင်းမှုများ လုပ်ခဲ့ကြသည်။

    ဗိုလ်နဂါးနှင့်အဖွဲ့ကို စီးနင်းရခြင်းမှာ လူသတ်မှု၊ သက်ငယ်မုဒိမ်းမှုအပါအဝင် တိုင်တန်းချက် ၇ ခုကြောင့် ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဌာနက ထုတ်ပြန်ထားသည်။

    ညှိနှိုင်းမှုအတွင်း PDF တပ်ရင်းများထံ လက်နက်ချသည့် BNRA တပ်ဖွဲ့ဝင်ဦးရေ ၁၅၀ ခန့် ရှိခဲ့ပြီး၊ ညှိနှိုင်းမရဘဲ ထွက်ပြေးသွားသူများလည်းရှိသည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

    ဗိုလ်နဂါး အပါအဝင် ၎င်းဩဇာခံ BNRA ထိပ်ပိုင်းခေါင်းဆောင်တချို့က ဖေဖော်ဝါရီ ၁၈ တွင် စစ်တပ်ထံ လက်နက်ချပြီး ဘက်ပြောင်းသွားခဲ့ကြသည်။

    ပျံ့နှံ့လာသော ရုပ်သံမှတ်တမ်းများအရ ဗိုလ်နဂါးနှင့်အဖွဲ့ကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် လာခေါ်သွားသည်ကို တွေ့ရသည်။

    ပုလဲမြို့၊ ဘောလုံးကွင်းတွင် ရဟတ်ယာဉ်ဆင်းပြီး လာခေါ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

    ဗိုလ်နဂါးသည် ၎င်းနေထိုင်ရာ စခန်းမှ ပုလဲမြို့အထိ မည်သည့်အချိန်တွင် မည်ကဲ့သို့ တိမ်းရှောင်သွားသည်ကို မသိရသေးပေ။

    ဗိုလ်နဂါး ခိုလှုံရာ ဂွေးပင်ရိုးရွာသည် ပုလဲမြို့နှင့် ၁၅မိုင်ကျော်ဝေးသော တောင်ခြေတွင်ရှိသည့် ရွာတစ်ရွာ ဖြစ်သည်။

    ယခုရုပ်သံတွင် ဗိုလ်နဂါးသည် မြေအောက်ခန်းနှင့် နေထိုင်ပြီး မြင်းများမွေးမြူထားသည့်ခြံနှင့် စိုက်ခင်းများလည်း တွေ့ရသည်။

  • စီကာမ ၂ ယောက် ဘုန်းကြီးကို သူ့လင် ငါ့လင်ဆိုပီး လုကြ

    စီကာမ ၂ ယောက် ဘုန်းကြီးကို သူ့လင် ငါ့လင်ဆိုပီး လုကြ

    ဖြစ်စဉ်က နွန်ထပူလီမြို့ ကျောင်း၁ကျောင်းမှာ ဘုန်းကြီးက ဆရာတော်ကြီးဖြစ်တယ်။

    ဘုန်းကြီးနမည်ကို သတင်းက ဘုန်းကြီးအေးလို့ ခေါ်ပါတယ်။

    ဘုန်းကြီးအေးဟာ ဒကာမကြီးနဲ့ လက်ရှိကြိုက်နေတာ။

    အပြင်တည်းခိုခန်းမှာလဲ ဒဂါးမကြီးနဲ့ ချိန်းတွေ့တဲ့ အချက်အလက်တွေ ရှိတယ်။

    ဒီအချက်လက်တွေဟာ ဒဂါးမကြီးက ဘုန်းကြီးအေး

    မသိအောင်လို့ video ခိုးရိုက်ထားတာ။

    ၁ရက်မှာတော့ ဘုန်းကြီးအေးဆီကို မိန်းမ၁ဦးက စာပို့လာခဲ့တယ်။

    ဒီမိန်းမဟာ ဘုန်းကြီးအေးရဲ့ ဒုတိယမြောက် ဒဂါးမအသေးမက ပို့လာတာ၊

    ပုံတွေလဲပို့လာပီး ဒဂါးမအသေးက ဘုန်းကြီးသောက်ဖို့

    ပေါက်ဆီ ချိုချိုကို ပုံရိုက်ပီး ပို့လာပေးတာ၊

    ရေးလာတဲ့ စာမှာလဲ အပြင်မှာ ချိန့်တွေ့ကြမယ် ကိုကို

    ဆိုပီး ဘုန်းကြီးအေးဆီကို ပို့လာခဲ့တယ်။

    ဒါပေမဲ့ ကံဆိုးချင်တော့ ဒဂါးမအသေး ပို့လာတဲ့ ပုံတွေ စာတွေက ဘုန်းကြီးအေး ဆီကို မရောက်ပဲ၊

    မယားကြီးဒဂါးမကြီး ဆီကို ရောက်သွားပါတယ်။

    ရောက်သွားရတဲ့ အကြောင်းက ဘုန်းကြီးအေးက အပြင်မှာ ကုသိုကောင်းမှု လုပ်ဖို့ ကျောင်းမှာ မရှိဘူး။

    ဖုန်းကဒဂါးမကြီးဆီမှာ ကျန်ခဲ့တာလား၊ ဒါမှမဟုတ်

    အကောင့်၁ခုကို ခွဲသုံးတာလားတော့ မသိဘူး။

    ဒဂါးမကြီးဟာ ချက်ခြင်းပဲ ဒဂါးမအသေးဆီကို

    လိုက်သွားပီး ဘုန်းကြီးဟာ ငါ့ယောက်ကျား၊

    နင့်ယောက်ကျားမဟုတ်ဘူး ဘုန်းကြီးမှာ ပိုင်ရှင်ရှိတယ်ဆိုပီး မိန်းမ၂ယောက် ရ-န်ဖြစ်ကြတယ်ရှင့်။

    ပီးတော့ ဒဂါးမကြီးရဲ့ ဖုန်းထဲမှာ ဘုန်းကြီးနဲ့ စကားများနေတဲ့ အသံvideo ဖိုင် တက်လာတယ်။

    Video ထဲမှာ ဘုန်းကြီးနဲ့ဒဂါးမကြီးဟာ လင်မယားအခေါ်တွေလိုပဲ စကားပြောနေကြတာ၊ကိုအားလုံးသွားတွေ့ရတယ်၊

    အဲတော့ သတင်းက ကျောင်းကို လိုက်သွားမေးတော့ ဘုနိးကြီးအေးဟာ၊ကျောင်းမှာ မရှိဘူးတဲ့။

    ဖြစ်-စဉ် စဆုံးသိချင်ရင် သတင်းလိုင်းတိုင်းမှာ စီကာမ၂ယောက် ဘုန်းကြီးကိုလုကြတာ ရှိတယ်။

    Nanpiya Panno

  • ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထား

    ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထား

    မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် သိမ်ကျောင်းဆောင်အတွင်း မဖွယ်မရာလုပ်သူ စုံတွဲကို အမှုဖွင့်အရေးယူထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

    အဆိုပါရုပ်သံဖိုင်သည် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပြန့်နှံ့ခဲ့ခြင်းဖြစ်သည်။

    လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားခြင်းနှင့်ပတ်သက်၍ ဗုဒ္ဓဘာသာကိုးကွယ်ဝတ်ပြုရာ ဘုရားကျောင်းဝန်း၊ သိမ်တော်မှန်းသိလျက်နှင့် ကိုးကွယ်ဝတ်ပြုရာ သိမ်ကျောင်းဆောင်အတွင်း ကျူးကျော်ဝင်ရောက်၍ မဖွယ်မရာပြုလုပ်ခဲ့သူများဖြစ်သည့် အမျိုးသား နှင့် အမျိုးသမီး ၂ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ကျေးရွာတာဝန်ရှိသူများက တိုင်ကြားခဲ့ကြကြောင်း သိရသည်။

    ထို့ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ပျော်ဘွယ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။