Author: Baby Yit Lone
-

နားကပ်တစ်ရံအတွက် ၆ နှစ်သမီးလေးအား T-တ်ခဲ့သူ
အောင်ပန်း၊ နောင်ရဲရွာမှ အသက် ၆ နှစ်အရွယ် ကလေးငယ်ကို သတ်သူအား ဖမ်းမိ ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နောင်ရဲကျေးရွာနေ အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပြီးခဲ့သည့် ဩဂုတ်လ ၆ ရက်က သတ်ခဲ့သူ အမျိုးသမီးကို ယနေ့ နေ့လယ်ပိုင်းတွင် ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ သေဆုံးသူ ကလေးငယ်သည် ဆော့ကစားနေရာမှ ပျောက်ဆုံးနေခြင်း ဖြစ်ကာ မိသားစုဝင်များက လိုက်လံ ရှာဖွေစဉ် ကျေးရွာ၏ အနောက်ဘက် ရှိ ဆုတောင်းပြည့် ၅ ဆူတောင်ဘုရားအနီး ရေစုကန်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ကလေးငယ်၏ ရုပ်အလောင်း၌ နားကပ် မရှိတော့ခြင်းအား ကွင်းဆက်လိုက်ကာ အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ရာမှ လူသတ်မှု…
-

ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့ ရန်ကုန်သားတွေ တကွက်ပြ
ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ကမာရွတ် အထက (၅) ကျောင်းရှေ့မှာ ရှစ်လေးလုံးလှုပ်ရှားမှု ပြုလုပ် စစ်အာဏာသိမ်းမှုကို ဆန္ဒပြရင်း ကိုညီညီအောင်ထက်နိုင် ကျဆုံးခဲ့တဲ့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အထက (၅) ကျောင်းရှေ့မှာ “ရေဘဝဲ” (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ တော်လှန်လူငယ်တွေက ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် လှုပ်ရှားမှု ဒီကနေ့ (သြဂုတ် ၈) ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်က လုံခြုံရေးတင်းကြပ်နေတဲ့ကြားမှ တော်လှန်လူငယ်တွေက “8888” ဘန်နာစာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ကြသော အရေးတော်ပုံကျောင်းသားတွေရဲ့ အတွေ့အကြုံကောင်းတွေနဲ့ ခေတ်ဝန်ကိုထမ်းပြီး ခေတ်လမ်းကို လျှောက်လှမ်းနေတဲ့ နွေဦးတော်လှန်ရေးရဲဘော်တွေရဲ့ အတွေးအမြင်သစ်တွေကို ပေါင်းစပ်ကာ တော်လှန်ရေးတိုက်ပွဲ နည်းနာမျိုးစုံနဲ့ လှုပ်ရှားနေတဲ့ ဒေသအသီးသီးမှ တော်လှန်ရေးရဲဘော်တွေနဲ့အတူ မပြီးဆုံးသေးတဲ့တာဝန်တွေကို ကျရာကဏ္ဍမှ…
-

ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုTတ်ဖြ-တ်ခဲ့သူအား ထိုင်းတရားရုံးက အမိန့်ချပြီ
ရခိုင်အမျိုးသမီးငယ် မကျော့ကျော့ဝေကိုသတ်ဖြတ်ခဲ့သူအား ထိုင်းတရားရုံးက ထောင် ရှစ်နှစ်ချမှတ် ထိုင်းနိုင်ငံမှာ ရခိုင်ရွှေ့ပြောင်းလုပ်သားအမျိုးသမီးငယ် မကျော့ကျော့ဝေကို သတ်ဖြတ်ခဲ့သူကို ဘန်ကောက်မြို့မှာရှိတဲ့ တရားရုံးက ထောင်ဒဏ်ရှစ်နှစ်ချမှတ်လိုက်ပြီလို့ သိရပါတယ်။ ထောင်ချခံလိုက်ရသူဟာ မကျော့ကျော့ဝေ(၂၈)နှစ်ကိုသတ်ဖြတ်ခဲ့တဲ့ သူ့ခင်ပွန်းဟောင်း ဦးကျော်မင်းနိုင်(၃၇)နှစ်ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဘန်ဘော်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့တာပါ။ အခုလို ဦးကျော်မင်းနိုင်ကို ထောင်ဒဏ်ရှစ်နှစ်ပဲချမှတ်ခဲ့မှုဟာ လုံလောက်တဲ့ပြစ်ဒဏ်မဟုတ်ဘူးလို့ မကျော့ကျော့ဝေဘက်ကနေ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က ပြောပါတယ်။ “လူတစ်ယောက် အသက်တစ်ချောင်းကိုပေးထားပြီးမှ သူက ထောင်ဒဏ်က ရှစ်နှစ်ပဲကျတယ်ဆိုတော့ ကျနော်တို့ကတော့ သိပ်လက်မခံနိုင်ဘူး။ ဒါပေမဲ့ ရှေ့နေကတော့ ပြောတယ်။ ဒီအမှုကို ပြန်လုပ်လို့ရတယ်ပေါ့နော်။ ပိုက်ဆံကတော့ နည်းနည်းသွင်းရမယ်ပေါ့။ သူက (ဦးကျော်မင်းနိုင်) ရှေ့နေငှားပြီးတော့ အမှုကို ပေါ့လျော့အောင်လုပ်နေတယ်သူက။ ပိုက်ဆံနဲ့ လုပ်တယ်ပေါ့လေ”လို့ ပြောပါတယ်။…
-

ဘယ်သူမှ မရောက်နိုင်တဲ့ နေရာအထိ ကိုယ်တိုင်ဆင်းပြီး ကူညီ ကယ်တင်နေတဲ့ ဆရာတော်
ဘယ်သူမှ မရောက်နိုင်တဲ့ နေရာအထိ ကိုယ်တိုင်ဆင်းပြီး ကယ်တင်နေတဲ့ ဆရာတော် ရေဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ပြည်သူတွေအတွက် ဘယ်သူမှ မျှော်လင့်မထားတဲ့ နေရာကနေ ကြီးမားတဲ့ အင်အားတစ်ခု ရောက်ရှိလို့လာပါတယ်။ ကူညီကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ခက်ခဲပြီး လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေအထိ “နွားဦးတိုက်ဆရာတော်” အရှင်ဉာဏလင်္ကာရ ကိုယ်တိုင် ဦးဆောင်ပြီး ကွင်းဆင်း ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဒီလို မွန်မြတ်တဲ့ ကူညီကယ်ဆယ်ရေး ခရီးစဉ်ဟာ ဒီကနေ့ဆိုရင် (၃) ရက်မြောက်တိုင်ခဲ့ပြီဖြစ်ပြီး၊ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ လက်ဝယ်အရောက် ထောက်ပံ့မှုတွေ ဆက်တိုက် လုပ်ဆောင်ပေးနေတာပါ။ ဆရာတော်ရဲ့ လေးစားစရာ ဦးဆောင်မှုနဲ့အတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူနဲ့ ကရင်ပြည်နယ် အစရှိတဲ့ တစ်နိုင်ငံလုံးက လူမှုကူညီရေးအသင်းအဖွဲ့တွေ၊…
-

သမီးလေး နားနှစ်ခြမ်းကွဲသွားလို့ ကျောင်းကို လုံးဝမကျေနပ်ဘူးဆိုတဲ့ စည်ဖြိုးရဲ့ဇနီး ခင်လွှမ်း
သရုပ်ဆောင်စည်ဖြိုးရဲ့ ဇနီးဖြစ်သူ ခင်လွှမ်းကတော့ ကျောင်းမှာ ခုံပေါ်တက်ခုန်ပြီး လဲကျရာကနေ နားနှစ်ခြမ်းကွဲသွားတဲ့အထိ ဒဏ်ရာရခဲ့တဲ့ သမီးရဲ့ဖြစ်စဉ်ကို လူမှုကွန်ယက်ကနေ ဖော်ပြလာပြီး ကျောင်းဘက်ကို လုံးဝမကျေနပ်ဘူးလို့ ပြောထားပါတယ်။ ခင်လွှမ်းရဲ့ ပြောကြားချက်အရ ကလေးက ခုံပေါ်တက်ခုန်ပြီး လဲကျခဲ့တာလို့ အကြောင်းကြားလာလို့ ကျောင်းကိုချက်ခြင်းလိုက်သွားလို့ ဆေးခန်းထဲဝင်တဲ့အချိန်မှာ ခုံပေါ်က သစ်ရှူးတွေမှာ သွေးတွေ အများကြီးတွေ့ရသလို ကလေးကလည်း ငိုတာ လုံးဝ မရပ်ဘူးလို့ ဆိုပါတယ်။ တွေ့တွေ့ချင်း လူက မူးပြာသွားခဲ့ပြီး ဘယ်လိုတောင် လဲကျလို့ နားက နှစ်ခြမ်းကွဲသွားရတာလဲလို့ မေးချိန်မှာ ကျောင်းဘက်က အသေးစိတ်အခြေအနေကို သေချာ မပြောပြနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။ နားဒဏ်ရာကို ဆေးခန်းမှာ တစ်ချက် အစိမ်းချုပ် ချုပ်ပေးလိုက်ရပြီး မိဘနှစ်ဦးလုံးက သမီးနာလွန်းနေလို့ ဒဏ်ရာကို ကြည့်တောင်မကြည့်ရဲဘူးလို့ ပြောပါတယ်။ ကျောင်းက…