Author: Baby Yit Lone

  • IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    IMEI နံပါတ် သိရုံနဲ့ ဖုန်းကို Hack လို့ ရနိုင်သလား?

    ဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ လုံခြုံရေး ဗဟုသုတတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ လူတော်တော်များများ စိုးရိမ်နေကြတဲ့ “ငါ့ဖုန်းရဲ့ IMEI ကို တစ်ယောက်ယောက်က သိသွားရင် ငါ့ဖုန်းကို Hack ပြီး ဒေတာတွေ ခိုးသွားမလား?” ဆိုတဲ့ မေးခွန်းပါ။ အဖြေကို အရင်ပြောရရင် “တိုက်ရိုက် Hack လို့ မရပါဘူး”။ ဒါပေမဲ့… သတိထားရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ 🔍 ၁။ IMEI ဆိုတာ ဘာလဲ? IMEI ဆိုတာ ဖုန်းတစ်လုံးချင်းစီရဲ့ “ကိုယ်ပိုင်မှတ်ပုံတင်နံပါတ်” လိုမျိုးပါ။ လူတစ်ယောက်မှာ မှတ်ပုံတင်နံပါတ် တစ်ခုပဲ ရှိသလို၊ ဖုန်းတစ်လုံးမှာလည်း တစ်ကမ္ဘာလုံးမှာ တစ်ခုတည်းသော IMEI နံပါတ် ရှိပါတယ်။ ဒါဟာ Hardware (စက်ပစ္စည်း) ကို ခွဲခြားတာဖြစ်ပြီး သင့်ရဲ့…

  • မိုးကုတ်နဲ့ မိုးမိတ် တိုက်ပွဲ​တွေမှာ NUG လက်​အောက်ခံတပ်​​တွေ နဲ့ အတူ SRA အဖွဲ့ဝင်တပ်​တွေပါ ပူး​ပေါင်းတိုက်ပွဲဝင်

    မိုးကုတ်နဲ့ မိုးမိတ် တိုက်ပွဲ​တွေမှာ NUG လက်​အောက်ခံတပ်​​တွေ နဲ့ အတူ SRA အဖွဲ့ဝင်တပ်​တွေပါ ပူး​ပေါင်းတိုက်ပွဲဝင်

    မိုးကုတ်နဲ့ မိုးမိတ်မြို့မှာ စစ်ဆင်ရေးအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)လက်အောက်ခံတပ်တွေနဲ့အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ စစ်ကိုင်း PDFက ထုတ်ပြန်ပါတယ်။ ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ဆင်ရေးမှာ မဟာမိတ် တအာင်းတပ်မတော်(TNLA)နဲ့အတူ စစ်ကိုင်း PDF က စစ်ဆင်ရေးတွေလုပ်ခဲ့ပြီး TNLA တပ်က စစ်ကောင်စီထံ မိုးကုတ်နဲ့မိုးမိတ်မြို့ ပြန်ပေးလိုက်ချိန်မှာ MOD အမိန့်နဲ့ လက်အောက်ခံတပ်ရင်း တွေပူးပေါင်းကာ စစ်ဆင်ရေး တွေဆောင်ရွက်နေတာလို့ စစ်ကိုင်းPDF ပြန်ကြား ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “အခု MOD အောက်ကအထူးလှုပ်ရှားတပ်နဲ့ပေါင်းပြီး စစ်ဆင်ရေး တွေဖော် ဆောင် နေပါတယ်။မိုးကုတ်၊မိုးမိတ်ဘက်ပေါ့”လို့ ပြန်‌‌ကြား ရေးတာဝန်ရှိသူက ပြောပါတယ်။ စစ်ကိုင်း PDF ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းမှစတင်စုဖွဲ့ခဲ့တဲ့ ​နွေဦး​​တော်လှန်​ရေးမဟာမိတ်တပ်​ပေါင်းစု- SRA အဖွဲ့ဝင်ဖြစ်ပြီး MOD လက်​အောက်ခံ PDF ​တွေနဲ့ပူးပေါင်းတိုက်ပွဲဖော်ဆောင်နေတာလို့…

  • ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

    ဟိုပင်မြို့မှာ ခြောက်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

    ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်၊ မြသာယာရပ်ကွက်ရှိ နေအိမ်တခုမှာ ခြောက်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ နေအိမ်အတွင်း သတ်ဖြတ်ခံထားရတာကို ဒီကနေ့ မနက်ပိုင်းမှာမှ သက်ဆိုင်ရာရဲတပ်ဖွဲ့က သိရှိခဲ့ရတာ ဖြစ်ကြောင်း၊ အသတ်ခံထားရသူတွေဟာ မိသားစုလိုက်ငါးယောက်နဲ့ အိမ်အကူအမျိုးသမီး တယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။ “မနက်မိုးလင်းတော့ အိမ်ကတခါးမဖွင့် အသံမကြားလို့ ပတ်ဝန်းကျင်ကသိပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားမှသိရတာ ။ ရဲတပ်ဖွဲ့ခန့်မှန်းတာကတော့ မနေ့က ညပိုင်း သတ်ခံရတာလို့ ယူဆတယ်။ အသတ်ခံရတာက မိသားစုဝင်ငါးယောက်နဲ့ ထမင်းချက်တယောက်ပါ။ မိသားစုဝင်တွေက မိဘနှစ်ပါးနဲ့ သားသမီးသုံးယောက်ပါ။ အငယ်ဆုံးကလေးက လေးနှစ်လို့သိရတယ်။ ဓားပြတိုက်တာလား ဆိုတာတော့ သေချာမပြောနိုင်သေးဘူး ။အသတ်ခံရတာကိုပဲ အတည်ပြုလို့ရတယ်။” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ်။ လက်ရှိမှာ သေဆုံး ရုပ်အလောင်းတွေကို မိုးကောင်းမြို့နယ်၊ ပင်းဘောတိုက်နယ်ဆေးရုံကို…

  • ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်

    ဖုန်းများကိုအခွန်ကောက်ရန်နှင့် သုံးစွဲသူများ၏ အချက်အလက်များကို ရယူရန် စစ်ကော်မရှင်လုပ်ဆောင်

    လက်ရှိသုံးစွဲနေသည့်ဖုန်းဟန်းဆက်များသည် စစ်ကော်မရှင်ထိန်းချုပ်ထားသော ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR) စနစ်ထဲအလိုအလျောက်မှတ်ပုံတင်ဝင်သွားမည်ဖြစ်ပြီး အဆိုပါစနစ်ကြောင့် သုံးစွဲသူနောက်ကြောင်းကို အသေးစိတ်သိနိုင်ကာ နောက်ယောင်ခံ စောင့်ကြည်နိုင်ကြောင်း သတင်းရရှိသည်။ အဆိုပါစနစ် CEIR ထဲသို့ လက်ရှိသုံးစွဲနေသည့်ဟန်းဆက်များက အခွန်ဆောင်စရာမလိုဘဲ မှတ်ပုံတင်ပြီးသားဖြစ်ပြီး ဆမ်းကဒ်များက မှတ်ပုံတင်ထားရသဖြင့် နေရာလိပ်စာများဖြည့်သွင်းထားရသောကြောင့် ဖုန်းသုံးစွဲသူ၏နေရာကို ထောက်လှမ်းနိုင်ကြောင်း မြန်မာအင်တာနက်ပရောဂျက်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုသစ်ဥာဏ်က ပြောကြားသည်။ “နည်းပညာအရတော့ဒီဟာက ဒီစက်ပစ္စည်း ( ဖုန်း) နဲ့ ဆမ်းကဒ်က ဘယ်နားမှာရှိလဲသိနိုင်တယ်။ မှတ်ပုံတင်လုပ်ဖို့ပြောတာက ဒီစက်နဲ့ဒီဆမ်းကဒ်သုံးနေတာ ဘယ်သူလဲ၊ မှတ်ပုံတင်ကဘာ၊ ဘယ်လိပ်စာဆို တာသိသွားပြီ။ အဲဒီမှတ်ပုံတင်စနစ်ကြောင့် ဘယ်နားသုံးနေလဲဆိုတာ သေချာပေါက်သိနိုင်တဲ့အနေအထားဖြစ်သွားတယ်” ဟု ၎င်းက ရှင်းပြသည်။ စစ်ကော်မရှင်က UID နိုင်ငံသားစမတ်ကတ်ပြုလုပ်ခိုင်းထားသည့်အတွက် အချက်အလက်များပြည့်စုံနေခြင်း၊ ဖုန်းမှတ်ပုံတင်နှင့် ဆမ်းကဒ်မှတ်ပုံတင်ပါရှိပြီးဖြစ်၍ အသုံးပြုသူအားလုံးကို စောင့်ကြည့်ပြုနိုင်သောကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည်။…

  • ရခိုင်သားစစ်ဗိုလ်တွေ ရဲ့ နေအိမ်တွေ ကို AA ချိပ်ပိတ်

    ရခိုင်သားစစ်ဗိုလ်တွေ ရဲ့ နေအိမ်တွေ ကို AA ချိပ်ပိတ်

    အခုအချိန်ထိ စစ်တပ်ဆီမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ရခိုင်သား စစ်တပ်အရာရှိတွေ ရဲ့ နေအိမ်တွေ အပါအဝင် ဌာနဆိုင်ရာအကြီးအကဲတွေရဲ့နေအိမ်တွေကို AA ဘက်က ချိပ်ပိတ်ထားတယ်လို့ သတင်းရရှိပါတယ်။ အမ်းမြို့ ၊ တောင်ကုတ်မြို့ ၊ သံတွဲမြို့ ၊ မင်းပြားမြို့ တွေက ရခိုင်သား စစ်ဗိုလ်တွေ အပါအဝင်၊ စစ်တပ်နဲ့ ပတ်သက်နေသူတွေ ၊ စစ်ကော်မရှင် အစိုးရဆီမှာ လက်ရှိအချိန်အထိ အလုပ်လုပ်နေသူတွေ ရဲ့ နေအိမ်တွေ ၊ လုပ်ငန်းတွေကို ချိပ်ပိတ်လိုက်တာဖြစ်ပါတယ်။ “သံတွဲမြို့ခံ စစ်ဗိုလ်တွေ ရဲ့ မိဘတွေပိုင်တဲ့ အိမ်တွေကို ပိတ်လိုက်တယ်၊ တော်တော်များများပါသွားတယ်။ ရပ်ကွက်ကြို ရပ်ကွက်ကြားက အိမ်တွေတောင်ပါတယ်” လို့ သံတွဲ သတင်းရင်းမြစ်က‌ ပြောပါတယ်။ ၂၀၂၄ ခုနှစ်ကတည်း ရခိုင်က စစ်ကော်မရှင် နဲ့…