Author: Baby Yit Lone
-

မြန်မာစကားပြန်ကို ရေနွေးပူလောင်းသည့် တရုတ်များ အခြားမြန်မာ ၁ ဦးကိုလည်း နှိပ်စက်ခဲ့သည့် စွပ်စွဲချက်ထွက်လာ
ထိုင်းရောက် မြန်မာအလုပ်သမား ကိုသားသားကို ဂေါက်တံဖြင့်ရိုက်နှက်၊ ရေနွေးပူဖြင့်လောင်း၍ နှိပ်စက်ခဲ့သည့် တရုတ်ပွဲစားများက ၎င်းတို့လုပ်ငန်းခွင်တွင် အလုပ်လုပ်သည့် အခြားမြန်မာလုပ်သားတစ်ဦးကိုလည်း အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အလုပ်သမား ကိုရှမ်းလေးက ပြောသည်။ တရုတ်နိုင်ငံသား တဟန်(ခေါ်) ရှင်းရန်နှင့် တရုတ်နိုင်ငံသားခြောက်ဦးက ၎င်းတို့အလုပ်သွင်းပေးထားသည့် မြန်မာအလုပ်သမားများကို ခေါ်ထုတ်သည်ဟုစွပ်စွဲချက်ဖြင့် တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေသည့် ကိုသားသားကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်တွင် ထိုင်းနိုင်ငံ လရောင်ခရိုင် Amata City ဧရိယာအတွင်းရှိ ဟော့ပေါ့ဆိုင်၌ ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းဖြစ်သည်။ ထို့နည်းတူစွာ တဟန်(ခေါ်) ရှင်းရန်၏ အခြားအလုပ်ဆိုက်တစ်ခုတွင် အလုပ်သမားခေါင်းဆောင်အဖြစ် အလုပ်လုပ်နေရာမှ လုပ်ခလစာ ပုံမှန်မရ၍ အလုပ်ထွက်ခဲ့သည့် အသက် ၃၆ နှစ်အရွယ် ကိုရှမ်းလေးကို အလားတူစွပ်စွဲချက်ဖြင့် အုပ်စုဖွဲ့ထိုးကြိတ်ပြီး သေနတ်ပြခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။…
-

မျက်ရည်ပါ ဝဲရတဲ့ မောင်နှမမေတ္တာ
“အလတ်မလေးအတွက် ပြည့်စုံသွားပေမယ့်… အငယ်ဆုံးလေးအတွက် ထိုင်းမှာ ဆက်ပြီး ပင်ပန်းခံနေဦးမယ့် အစ်ကိုကြီး 😭 (မျက်ရည်ပါ ဝဲရတဲ့ မောင်နှမမေတ္တာ)” ပရိသတ်ကြီးရေ… မိသားစုဆိုတာ ကိုယ့်သွေးသားတွေအတွက် ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ အပြုံးမပျက် အနစ်နာခံရဲကြတာ သဘာဝပါ။ အခုလည်း ညီမငယ်လေးတွေအတွက် တိုင်းတစ်ပါးမှာ အလုပ်ကြိုးစားရင်း ဘဝကို ပေးဆပ်ထားတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ရင်နင့်စရာ မေတ္တာတရားလေးကို ကြည်နူးဖွယ် ဝေမျှပေးချင်ပါတယ်။ 💖 ညီမလေးတွေအတွက် အနစ်နာခံတဲ့ အစ်ကိုကြီး ပရိသတ်တွေ အားပေးချစ်ခင်မှု အပြည့်အဝ ရရှိထားတဲ့ သမီးလေး အိမ့်ချစ်သူကိုတော့ အားလုံး သိကြမှာပါ။ အခုဆိုရင် အလတ်မလေးဖြစ်တဲ့ အိမ့်ချစ်သူအတွက် လိုလေသေးမရှိ အစစအရာရာ ပြည့်စုံသွားပြီ ဖြစ်ပေမယ့်… ကျန်နေသေးတဲ့ အငယ်ဆုံး ညီမလေး “ချောဝတ်ရည်” အတွက်တော့ အစ်ကိုဖြစ်သူက…
-

လျှို့ဝှက်လိုဏ်ခေါင်းနှင့် တရားမဝင်လုပ်သားများ – အမှောင်ခေတ်ကို ပြန်သတိရစေသည့် တရုတ်မိုင်းတွင်း ဘေးအန္တရာယ်
တရုတ်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သော ရှန်းရှီပြည်နယ်တွင် “တခြားလုပ်ကိုင်စရာမရှိတော့မှသာ ကျောက်မီးသွေးတွင်းထဲ ဆင်းပါ” ဟူသော ဆိုရိုးစကားတခု ရှေးယခင်ကတည်းက ရှိခဲ့ဖူးသည်။ ဆယ်စုနှစ်များစွာတိုင်အောင် ယင်းတွင်းနက်ကြီးများထဲက ဘဝများသည် ကြေကွဲစရာဖြစ်ရပ်များနှင့် ဒွန်တွဲနေခဲ့သည်။ ယင်းကြေကွဲစရာများက အမြဲတမ်းဖြစ်လာခြင်းကြောင့် အခြားဆိုရိုးစကားများကိုပင် ဖြစ်တည်လာစေခဲ့သည်။ ကျောက်မီးသွေးတွင်းလုပ်သားများသည် ဓာတ်ငွေ့ပေါက်ကွဲမှု၊ ရေကြီးမှုနှင့် တွင်းပြိုမှုများကြောင့် သေဆုံးနိုင်သည့် မြေအောက်လိုဏ်ခေါင်းများထဲသို့ ဆင်းသွားကြသည့်အခါ “ငွေရဖို့ အသက်နဲ့လဲနေကြရသူများ” (သို့မဟုတ်) “မနက်ဖြန်အတွက် အသက်နဲ့လောင်းကြေးထပ်နေရသူများ” ဟူ၍ တင်စားပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယင်းလုပ်ငန်း၏ သေမင်းတမန်ဂုဏ်သတင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ ထိုဆိုးရွားလှသော နေ့ရက်များသည် တရုတ်အတွက် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် မေလ ၂၂ ရက်က ရှန်းရှီပြည်နယ်ရှိ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူပေါင်း…
-

၇ နှစ်အရွယ် မိန်းက လေးငယ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ဘုန်းကြီး ၄ ပါးနှင့် အမျိုးသား ၃ ဦးကို ခေါ်ယူစစ်ဆေးနေ
စံခလပူရီ၌ဖြစ်ပွားခဲ့သည် ၇ နှစ်အရွယ် မိန်းက လေးငယ်အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသည်ဟုဆိုကာ ဘုန်းကြီး ၄ ပါးနှင့် အမျိုးသား ၃ ဦးကို ခေါ်ယူစစ်ဆေးနေ ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူအနီးရှိ ထိုင်းနယ်မြေအပိုင်ဖြစ်သည့် စံခလပူရီ၊ Tikhrong ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသည့်ကလေးငယ်မှာ ပြီးခဲ့သည့် မေ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က နေအိမ်မှ မုန့်ဈေးတန်းသို့ ထွက်ခွာသည့်ချိန်မှပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်နှင့် နီးစပ်သူများမှ သိရသည်။ ယမန်နေ့ ဇွန် ၁ ရက်နေ့ နံနက် ၁၀ နာရီခွဲ့ခန့်က မိန်းကလေးငယ်ကို ၎င်းနေထိုင်ရာ နေအိမ်နှင့် ၁ ကီလိုမီတာကွာဝေးသည့် စံခလပူရီ၊ ခေါင်းရမ်း ဘုန်းကြီးကျောင်းအနီး ခြံတစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိရသည်ဟု…
-

သုံးဘီးယာဉ်တစ်စီးက ဆွမ်းခံကြွနေတဲ့ သံဃာတော် တစ်ပါးကို တိုက်မိပြီး ထွက်ပြေး
မန္တလေးမှာ မီနီအိုးဝေ သုံးဘီးယာဉ်တစ်စီးက ဆွမ်းခံကြွနေတဲ့ သံဃာတော် တစ်ပါးကို တိုက်မိပြီး ထွက်ပြေး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ လမ်း ၄၀ နဲ့ ၄၁ လမ်းကြားမှာ ဒီနေ့ ဇွန်လ ၂ ရက် မနက်ပိုင်းက ဆွမ်းခံကြွနေတဲ့ သံဃာတော် တစ်ပါးကို မီနီအိုးဝေ သုံးဘီးယာဉ် တစ်စီးက တိုက်မိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပြီး ခဏအကြာမှာ မီနီအိုးဝေ မောင်းလာတဲ့ ယာဉ်မောင်းက မောင်းပြေးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး မဏိစလ လူမှုကူညီရေးအသင်း (မန္တလေး) က ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ အဆိုပါ သံဃာကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ထားတယ်လို့ မဏိစလ…