Author: Baby Yit Lone
-

တမူး၊ နမ့်မွန်းတားရွာကို လာတိုက်သည့် စစ်တပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီးဆုတ်ခွာထွက်ပြေး
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊တမူးမြို့နယ်မှ နမ့်မွန်းတားရွာအား စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်ခံရပြီး ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည်။ နမ့်မွန်းတားရွာတွင်ဩဂုတ်လ ၅ ရက် နေ့လယ်မှစ၍တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်စစ်ကြောင်းသည် နာရီပေါင်းများစွာပိတ်ဆို့တိုက်ခိုက်ခံခဲ့ရပြီး ည ၁၀ နာရီခန့်တွင်မှ ပြန်လည်ဆုတ်ခွာထွက် ပြေးသွားခြင်းဟု မြေပြင်သတင်းရင်းမြစ်ကပြောသည်။ “တိုက်ပွဲကတစ်နေ့ခင်းလုံးဖြစ်တယ်။ ည ၇ နာရီလောက်မှာရွာက ဘုရားကျောင်းထဲကို ဝင်သွားတော့ PDFတွေက ဝိုင်းပိတ်တိုက်တာ။ စကစဘက်က သေတာတွေရှိတယ်။ ကိုယ့်ဘက့်(PDF ဘက်)က လုံးဝအထိခိုက်မရှိဘူး”ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။ နမ့်မွန်းတားရွာသည်ကလေး-တမူးအာရှလမ်းပေါ်တွင်တည်ရှိပြီးတမူးမြို့ နှင့် ၁၂ မိုင်အကွာ၌ရှိသည်။ နမ့်မွန်းတားရွာနှင့် တမူးမြို့ကြား ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၆ ရက်ကလည်းပန်းသာရွာမှစစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းက ခမိတ်ရွာကိုလာရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ နမ့်မွန်းတားရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ မြေပြင်သတင်းရင်းမြစ်အချို့၏ပြောကြားချက်အရ…
-

-

-

မြန်မာပလာဇာကားပါကင်၌ဓားထိုးခံရမှု လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူပြော
မြန်မာပလာဇာကားပါကင်၌ဓားထိုးခံရမှု လုပ်ကြံခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူပြော
-
