Author: Baby Yit Lone

  • ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    ရန်ကုန်၊ မန္တလေး နေပြည်တော် အထူးသတိပေးပြီ

    နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်အပါအဝင် ဒေသများတွင် နေ့အပူချိန်များစတင်မြင့်တက်တော့မည်ဖြစ်ကာ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို သတိပြုရန်လို တောင်တရုတ်ပင်လယ်အတွင်း အရှေ့မြောက်မုတ်သုံလေအားလျော့နည်းသွားပြီးနောက် မနက်ဖြန် မတ် ၁၆ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာ‌တော့မည်ဖြစ်ကြောင်း သိရသည်။ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့တွင် လာမည့် မတ်လ ၂၀ ရက်နောက်ပိုင်း နေ့အပူချိန်များ ၃၉ ဒီဂရီစင်တီဂရိတ်နှင့်အထက်သို့ ရောက်လာနိုင်ကြောင်း နိုင်ငံတကာမိုးလေဝသစောင့်ကြည့်သူ ဆရာဝင်းနိုင်က ယနေ့ မတ်၁၅ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်မှတဆင့် ရေးသားထားသည်။ ထိုသို့ နေ့အပူချိန်များမြင့်တက်လာပြီးနောက် ရေဓါတ်လျော့နည်းခြင်း၊ အပူလွန်ကဲခြင်း၊ အသက်ရှုလမ်းကြောင်းပြဿနာ၊ ခရမ်းလွန်ရောင်ခြည် မြင့်တက်ခြင်းတို့ကို သတိထားကြရမည်ဖြစ်သည်။ မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ကချင်ပြည်နယ်တို့တွင် မတ် ၂၂ ရက်အတွင်း မိုးအသင့်အတင့်မှ…

  • တိုင်းပြည်မီးလောင်နေချိန်တွင် စောင်းတီးနေသူများ

    တိုင်းပြည်မီးလောင်နေချိန်တွင် စောင်းတီးနေသူများ

    သမိုင်းဟောင်းကို ပြန်ကြည့်လျှင် ရောမမြို့ကြီး မီးဟုန်းဟုန်းတောက်လောင်နေချိန်တွင် ဧကရာဇ် နီရိုး (Nero) သည် စောင်းတီးကာ သီချင်းဆို အေးအေးလူလူ အပျော်ရှာနေခဲ့သည်ဟူသော မှတ်တမ်းရှိခဲ့ဖူးသည်။ ယနေ့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာလည်း ထိုပုံပြင်ပါ ဖြစ်ရပ်နှင့် တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် ဆင်တူလျက်ရှိပါသည်။ နိုင်ငံအနှံ့အပြားတွင် စစ်မီးများ၊ စီးပွားရေးပျက်ကပ်မီးများနှင့် လူမှုရေးပြိုကွဲမှုမီးများ အရှိန်အဟုန်ပြင်းစွာ လောင်မြိုက်နေချိန်တွင် တာဝန်ရှိသူအချို့နှင့် အခွင့်ထူးခံလူတန်းစားတို့မှာမူ ပြည်သူတို့၏ ငိုရှိုက်သံကို မျက်ကွယ်ပြုကာ “စောင်းတီး” နေကြဆဲ ဖြစ်သည်။ တိုင်းပြည်မီးလောင်ရာတွင် အရှိန်အဟုန်အပြင်းဆုံးမှာ ပြည်သူတို့၏ အစာအိမ်ကို တိုက်ခိုက်နေသော “ကုန်ဈေးနှုန်း” နှင့် “ငွေကြေးဖောင်းပွမှု” မီးလျှံဖြစ်သည်။ နေ့စဉ်ဝင်ငွေနှင့် ထွက်ငွေ မမျှတတော့ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းခြင်းတို့သည် အခြေခံလူတန်းစားများ၏ ဘဝကို ပြာပုံအတိ ဖြစ်စေခဲ့သည်။ အုပ်ချုပ်သူလူတန်းစားအချို့က ကိန်းဂဏန်းအချက်အလက်အတုများဖြင့်…

  • လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    လက်ပံတန်းမြို့ပေါ်မှာ PDF တပ်ရင်းမှုး ၁ ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင်မျက်လုံးများဖောက်ထုတ်ခံရ

    ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်မှာ မတ်လ၁၂ရက်နေ့က PDF တပ်ရင်းမှု ၁ ဦးကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။ အဆိုပါPDFတပ်ရင်းမှုးကိုစစ်တပ်ကအုတ်ဖိုစစ်ကြောရေးမှာဖမ်းဆီးထားပြီးနောက် မျက်လုံး၂လုံးလုံးကိုဖောက်ထုတ်လိုက်တယ်လို့ သတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။ ဖြစ်စဉ်မှာ အဆိုပါPDFတပ်ရင်းမှုးဟာ လက်ပံတန်းမြို့ပေါ်က ‘စပိုင်စီ’ စားသောက်ဆိုင်မှာ အမျိုးသမီး၂ဦးကိုသွားရောက်တွေ့ဆုံစဉ်မှာ စစ်တပ်ဖက်ကသိရှိပြီးဖမ်းဆီးသွားတာဖြစ်ပါတယ်။ အဆိုပါအမျိုးသမီး၂ဦးမှာလဲ စစ်တပ်ဖက်ကလွှတ်ထားတဲ့သူတွေဖြစ်ပြီး PDFတပ်ရင်းမှုးကိုဖမ်းဆီးဖို့ “ငါးစာချထာ” ဟု သတင်းအရင်အမြစ်ကဆက်ပြောပြပါတယ်။ ဖမ်းဆီခံရတဲ့ ‘စပိုင်စီ’ စားသောက်ဆိုင်ဟာလဲ စစ်တပ်ဖက်ကဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီး ဒေသခံတွေတောင် အဆိုပါဆိုင်မှာထိုင်ရင်း အဓမ္မစစ်မှုထမ်းနဲ့ဖမ်းဆီးခံရတာတွေရှိတာကြောင့် မသွားကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ တပ်ရင်းမှုနဲ့အတူ ပစ္စတို ၁ လက်၊ ဗုံးသီး ၃ လုံး၊ ကျည် ၇ တောင့်လည်းပါသွားတယ်လို့သိရပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ကတော့ အဆိုပါကိစ္စနဲ့ပါတ်စက်ပြီး AAMIJရဲ့မေးမြန်းမှုကိုဖြေးကြားဖို့မရှိသေးကြောင်း အကြောင်းပြန်လာပါတယ်။ (ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းဖွဲ့စည်းခြင်းနှင့် အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်နေစဉ်။…

  • မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    မြို့ပြညရဲ့ အိမ်ပြန်လမ်းတွေ

    ဒီနေ့ည အိမ်အပြန်လမ်းဟာ အိမ်ရောက်တာတောင် ရင်တုန်မပြေနိုင်လောက်အောင် ဆိုးဝါးလွန်းခဲ့ပါတယ်။ ခေတ်ပျက်နေတဲ့အချိန်မှာ ကိုယ်တိုင်ကြုံလိုက်ရတဲ့ အဖြစ်အပျက်မို့ အားလုံးသင်ခန်းစာယူနိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ​ 🚩 မယုံကြည်ရတဲ့ ဖြစ်စဉ်များ ​ App ထဲက ကားနံပါတ်နဲ့ လာရပ်တဲ့ကားက တစ်ခြားစီ – “ကားပြင်နေလို့ အစားထိုးမောင်းတာပါ” ဆိုတဲ့ စကားကို ယုံမိပြီး တက်စီးခဲ့တာက ကျွန်တော့်အမှားပါ။ ​ လူတစ်ယောက် ထပ်တင်ဖို့ ကြိုးစားလာခြင်း – လမ်းတစ်ဝက်မှာ “သူ့သူငယ်ချင်းပါ” ဆိုပြီး လူတစ်ယောက်ကို ကားပေါ်ထပ်တင်ဖို့ ကြိုးစားလာတဲ့အတွက် အတင်းဆင်းခဲ့ရပါတယ်။ ​ ဟန်ဆောင်အကူအညီတောင်းမှ ပြေးသွားခြင်း – ဖုန်းထုတ်ပြီး တစ်စုံတစ်ယောက်ကို အကူအညီတောင်းသလို ဟန်ဆောင်လိုက်မှပဲ အဲဒီလူတွေ ကားမောင်းပြေးသွားပါတော့တယ်။ ​ 💔 လုံခြုံမှုပျောက်ဆုံးနေတဲ့ မြို့ပြ ​…

  • တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    တောင်သာတွင် PLA စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်သား ၁၂ ဦး သေဆုံးပြီး ယာဉ် ၁ စီး ပျက်စီး

    မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးပြီး စစ်သုံးယာဉ်တစီး ပျက်စီးသွားကြောင်း PLA က ယနေ့ (မတ်လ ၁၅ ရက်) တွင် သတင်းထုတ်ပြန်သည်။ ဆိတ္ထိန်းရွာမှ အေးရွာဘက်သို့ ထွက်ခွာလာသော ကားသုံးစီးပါ စစ်ကော်မရှင် ယာဉ်တန်းကို PLA ရဲဘော်များက ယမန်နေ့ (မတ်လ ၁၄ ရက်) ညနေ ၆ နာရီခန့်တွင် အငိုက်ဖမ်း စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့ ရဲဘော်တွေဘက်က တယောက်ပေါ့နော်။ မစိုးရိမ်ရတဲ့ ဒဏ်ရာရတာပဲရှိပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးကပြောသည်။ တိုက်ပွဲဖြစ်ပွားရာနေရာ၌ပင် စစ်ကော်မရှင်တပ်သား ရှစ်ဦး သေဆုံးသည်ကို…