Author: Baby Yit Lone

  • ၅ နှစ်အရွယ် မိန်းကလေးငယ်အား အိမ်နီးချင်း ကျောင်းသားမှ သက်ငယ်မုဒိမ်းကျူးလွန်

    ၅ နှစ်အရွယ် မိန်းကလေးငယ်အား အိမ်နီးချင်း ကျောင်းသားမှ သက်ငယ်မုဒိမ်းကျူးလွန်

    ညောင်တုန်းမြို့နယ်တွင် ၅ နှစ်အရွယ် မိန်းကလေးငယ်အား အိမ်နီးချင်း ကျောင်းသားမှ သက်ငယ်မုဒိမ်းကျူးလွန်

    တရားခံမိသားစုမှ ငွေကြေးဖြင့် လာဘ်ထိုးဖိအားပေးမှုများရှိနေ

    ​ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျုံတမာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးမှ အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ​ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် အလက (ပဲရုံဆိပ်) မှ Grade 8 ကျောင်းသားဖြစ်သူ ပိုင်ဇင်အောင် (၁၅ နှစ်၊ ၃ လ၊ ၂၂ ရက်) သည် ဒီဇင်ဘာလဆုံး စစ်ဆေးခြင်းဖြေဆိုပြီး အိမ်သို့ပြန်လာစဉ် ဘေးချင်းကပ်ခြံဝန်းရှိ ၅ နှစ်အရွယ် မိန်းကလေးငယ်အား “သရဲခြောက်တမ်းကစားမည်” ဟုဆိုကာ လူမနေသော အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် မိန်းကလေးငယ်၏ မျက်နှာအား ပုဆိုးဖြင့်အုပ်၍ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ​ကျူးလွန်ပြီးနောက် မိန်းကလေးငယ်၏ မိန်းမကိုယ်မှ သွေးများစွာထွက်လာသဖြင့် တရားခံက “ဆိုင်ကယ်ပေါ်မှ ပြုတ်ကျသည်၊ ငုတ်စိုက်မိသည်” ဟု ပြောခိုင်းကာ အခင်းဖြစ်ပွားရာနေရာတွင် ထားပစ်ခဲ့သည်။ကလေးငယ်အား မအူပင်ဆေးရုံသို့ ပို့ဆောင်ကုသရာတွင် သွေး ၃ ပုလင်းခန့် သွင်းခဲ့ရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။



    ​ကျူးလွန်သူ ပိုင်ဇင်အောင်သည် ပြစ်မှုကျူးလွန်ပြီးနောက် ရန်ကုန်မှတစ်ဆင့် ပဲခူးသို့ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့ရာ ပန်တိုင်ဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းနှင့်အတူ ထွက်ပြေးရန် ကူညီလမ်းညွှန်ပေးသူ ဦးလေးဖြစ်သူ ဦးတပေ (၄၅ နှစ်ဝန်းကျင်) ကိုလည်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ​တရားခံ၏ မိသားစုဝင်များသည် ပြစ်မှုအား ဖုံးကွယ်ရန်အတွက် “သံချိတ်နှင့် ငြိမိခြင်း၊ ငုတ်ထိုးမိခြင်း” ဖြစ်သည်ဟု သတင်းလွှင့်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် နစ်နာသူမိသားစုထံသို့ ငွေကြေး သိန်းဂဏန်းမှသည် ရွှေနှင့် အိမ်ဆောက်ပေးမည်ဟုဆိုကာ အမှုကျေအေးရန် အကြိမ်ကြိမ် ဖိအားပေးလျက်ရှိသည်။

    ​ထို့အပြင် တရားခံမိသားစုသည် ဒေသတွင်း ငါးဖမ်းလုပ်ငန်းနှင့် ပတ်သက်၍ စီးပွားရေးအရ သြဇာရှိသူများဖြစ်ရာ နစ်နာသူမိသားစုအပေါ် ရန်စောင့်ခြင်းများ ပြုလုပ်နေသောကြောင့် နစ်နာသူ၏ မောင်နှမများဖြစ်သော ၅ တန်းနှင့် ၃ တန်းကျောင်းသားလေးများမှာ ကျောင်းမတက်ရဲတော့ဘဲ ရွာမှ ရှောင်တိမ်းနေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။

    အမှုကာလသည် (၄)လကြာမြင့်လာ‌သော်လည်း ​ပြစ်မှူပြင်းထန်သော်လည်း ကျူးလွန်သူအား လူငယ်ပျိုးထောင်ရေး သင်တန်းကျောင်း (ဥပမာ ငှက်အော်စမ်း) အားမပို့ပဲ ချောင်းကြီးရဲစခန်းမှ ရဲအုပ်ဇင်မင်းထိုက်မှ ငွေကြေးယူကာ စခန်းတွင် ထိန်းသိမ်းထားသည်ဟု အကြောင်းပြထားရှိပြီး တရားခံမှာ အသက်မပြည့်သေးသည့်အတွက် ထောင်ဒဏ်ကျခံရမည်မဟုတ်ကြောင်း အရပ်စကားများ ထွက်ပေါ်နေသဖြင့် နစ်နာသူမိသားစုဝင်များနှင့် ဒေသခံများအကြား တရားဥပဒေစိုးမိုးမှုအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

    ​”ကလေးရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားရတာပါ။ အသက်မပြည့်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေအထက်မှာ ရှိနေသလိုမျိုး လာဘ်ထိုးတာတွေ၊ ခြိမ်းခြောက်တာတွေ မရှိစေချင်ဘူး” ဟု နစ်နာသူနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

  • ကိုယ်စောင့်နတ် (၁၂)ပါး

    ကိုယ်စောင့်နတ် (၁၂)ပါး

    ကိုယ်စောင့်နတ် (၁၂)ပါး အကြောင်း နှင့် ကိုယ်စောင့်နတ် (၁၂)ပါးအား ပူဇော်၍ အကျိုးများအောင်ပြုလုပ်နည်း (လင်းညှို့တာရာ)

    ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလား မရှိဘူးလားဆိုသည့်မေးခွန်းကို လူတွေမေးကြပါသည်။ “မကောင်းမှုပြုသော သူသည် သူမကောင်းမှုပြုတဲ့ အကြောင်းကို သူကိုယ်တိုင် ပဌမဦးစွာ သိ၏။ ထို့နောက် သူ၏ ကိုယ်စောင့်နတ်သိ၏။ ထို့နောက် သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီး သိနိုင်တဲ့ တန်ခိုးရှင်များသိကြ၏” လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကို ထောက်ပြီးတော့ ကိုယ်စောင့်နတ် တကယ်ရှိတယ်ဆိုတာ သိရပါသည်။ ဒီစကားရပ်ကိုထောက်ပြီးတော့ လူကို နတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါသည်။

    ပါရာဇိကဏ် အဋ္ဌကထာ ရှင်သုဒိန္ဒအကြောင်းအရာကို ဖွင့်ပြတဲ့ နေရာမှာ “ မကောင်းမှုကို ပြုသောသူအား ခပ်သိမ်းသော သူတို့၏ ရှေးဦးစွာ မိမိသိအပ် ၏၊ထို့နောက် မိမိကိုယ်စောင့်နတ်သိ၏၊ ထို့နောက် သူတစ်ပါးစိတ်ကို သိတတ်သော နတ်တို့သည် သိကုန်၏ ” လို့ ပြောထားတာ ရှိပါသည်။ သုတ်မဟာဝါ အဋ္ဌကထာ မဟာပဒါန သုတ်အဖွင့်မှာ ဒီလိုပြထားပါသည်။

    “ အကြင်အခါ မင်းတို့သည် တရားမစောင့်ကုန်၊ ထိုအခါ အိမ်ရှေ့မင်း၊ အမတ်စစ်သူကြီး၊ သူဋ္ဌေး သူကြွယ်အလုံးစုံသော မြို့သူမြို့သား အလုံးစုံသော သူတို့သည် တရားမစောင့်ကုန်။ ထိုအခါ ထိုသူတို့ကို စောင့်ကုန်သော ကိုယ်စောင့်နတ်တို့သည် တရားမစောင့်ကုန်၊ ထိုနတ်တို့၏ အဆွေခင်ပွန်းဖြစ်သော မြေ၌တည်သောနတ်၊ ကောင်းကင်၌ တည်သောနတ်၊ ဥဏှဝလာဟကနတ်၊ အဗ္ဘဝလာဟကမည်သောနတ်၊ သီတဝလာဟက မည်သောနတ်၊ ဝဿဝလာဟကမည်သောနတ်၊ စတုမဟာရာဇ်မှစ၍ နတ်ပြည်ခြောက်ထပ် အထက်ဘဝဂ်တိုင်အောင် အရိယာပုဂ္ဂိုလ်တို့ကိုထား၍ ခပ်သိမ်းသော နတ်ဗြဟ္မာမရိသတ်တို့သည် တရားမစောင့်သည်သာလျှင် ဖြစ် ကုန်၏” လို့ ပြထားပါသည်။ အဲဒီအထောက်အထားနဲ့ ကိုယ်စောင့်နတ် ရှိကြောင်း ပြောနိုင်ပါသည်။ အဲဒီအထောက်အထားများကို မှီးပြီးတော့ ဇာတ်ပေါင်းခန်းပျို့တွင် – “ ကောင်းကင်ရုက္ခ၊ ဘုမ္မမလွတ်၊ ကိုယ်စောင့်နတ်တို့၊ ရိုညွတ်သဒ္ဓါ၊ တရားနာ၍၊ ဒိဗ္ဗာရမ္မဏ၊ မြင်ကစင်ဖြူ၊ နှလုံးဟူသား၊ မုန်ဆူမွန်ခြောင်း၊ ဆင်မကောင်းကို၊ ချွန်းတောင်းဉာဏ်ဟုန်၊ ထိမ်းလင့်ကုန်” လို့ ရေးသားခဲ့သည့် အထောက်အထားကို အမှီပြုပြးတော့ကာ ကိုယ်စောင့်နတ် ရှိကြောင်းကို ပြောနိုင်ပါသည်။ ပြီးတော့ ပါရမီတော်ခန်းပျို့တွင်လည်း – “ လူတို့စီးပွား၊ ကျင့်တတ်အားသည်၊ သိကြားမာတလိ၊ မဏိမေခလာ၊ မဟာရာဇ်က၊ စသည်တရိုး၊ အိမ်စိုးကိုယ်စောင့်၊ မှောင့်လည်း ဖျက်တတ်၊ ဘုတ်ခေတ်သံဘက်” လို့ စပ်ဆိုတော်မူချက်တို့ အထောက်အထားပြုပြီးတော့ ကိုယ်စောင့်နတ်ရှိကြောင်း ပြောနိုင်ပါသည်။

    ဘုန်းကံကြီးမားသောလူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်း နတ်များက စောင့်ရှောက်ပါသည်။ ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိသည့် နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါသည်။တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေ ပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးပါသည်။

    ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်း၏ မိဖုရားကြီးကိုတော့ သူ၏မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့သည်။ အဲဒီ မိဖုရားကြီးမှာ သွားလေသူ ကောသလမင်းနဲ့ ရထားတဲ့ ကိုယ်၀န်ကျန်နေခဲ့သည်။ အချိန်တန်တော့ သားယောကျာင်္းလေးမွေးဖွားခဲ့သည်။ အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ ရထားသည့် ကုရုင်္ဂဒေဝီဆိုသော မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြလေသည်။ ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကို သတ်ဖို့လုပ်ပေမယ့် မင်းသားလေးကို သေဘေးကနေ လွတ်အောင် ကယ်တင်ပေးခဲ့သူရှိပါသည်။ ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ပဲဖြစ်ပါသည်။ (မဟာဏုဏာလဇာတက) ဒါကြောင့် သူလုပ်ပိုင်ခွင့်ရှိတဲ့ ပမာဏ သူလုပ်ပေးနိုင်တဲ့ ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါသည်။ ကိုယ်စောင့်နတ်သည် လူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာနေတာလား ဆိုတာထဲမှာတော့ အပြင်ဘက်မှာနေပါသည်။ ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်၀န်းကျင်မှာရှိနေသည့် ဘုမ္မစိုး ရုက္ခစိုးစသော နတ်တွေပါ။ ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့ လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြပါသည်။ များသောအားဖြင့် ဒီလိုမျိုး လူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။ ဒီလို နတ်တွေကတော့ သူစောင့်ရှောက်သည့် လူက ကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်ပါသည်။ တန်ခိုးကြီးမားသော စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းသည့် ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကို လုပ်ရင် အဲဒီလူကို စွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါသည်။ လူပြောင်းလဲတိုင်း သူတို့က လိုက်ပြီးတော့ မပြောင်းလဲကြပါဘူး။ ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။

    စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့ နတ်သားလေးယောက်က စောင့်ရှောက်ပါသည်။ စေတီယမင်း မုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲ စွန့်ပစ်ထွက်ခွါသွားခဲ့ကြပါသည်။ (စေတီယဇာတက) ဒါကြောင့် လူတိုင်းမှာ သဘာ၀အားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါသည်။ သို့သော် အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့ စွန့်ပစ်ခြင်းကို ခံကြရလို့ ကိုယ်စောင့်နတ် မရှိတာမျိုးတွေလဲ ရှိပါသည်။ ဒါဟာ ကျမ်းဂန်အထောက်အထားအရပြောပြခြင်းပါ။

    အချို့သောဂမ္ဘီရကျမ်းဂန်များထဲတွင် လူတစ်ယောက်တွင် ကိုယ်စောင့်နတ် (၁၂) ပါးရှိပြီး ကောင်းသောနတ် (၆) ပါး၊ မကောင်းသောနတ် (၆)ပါး တို့မှ စောင့်ရှောက်ကြသည်ဟု အယူမှတ်များကြပါသည်။ လူတွင် ကိုယ်စောင့်နတ်ရှိသည်။ ကိုယ်စောင့်နတ် (၁၂)ပါးတို့ စောင့်ရှောက်ကြသည်ကား မှန်ပါ၏။ မကောင်းသောနတ် (၆) ပါးတို့ပါဝင်စောင့်ရှောက်ကြသည်ဟု ဆိုခြင်းသာ မမှန်ပေ။ သို့သော် အကျင့်အကြံ ဝိပဿနာလမ်းကြောင်းအရဆိုရင်တော့ ဒီစကားက မှန်ကန်မှုရှိတယ်လို့ ဆိုထားကြပါသည်။ နတ်များနှင့် ပတ်သက်၍ လူတစ်ယောက်အား မကောင်းသောနတ်များ စောင့်ရှောက်ခြင်းငှါ မစွမ်းနိုင်ကြကုန်။ မိမိ၌ မကောင်းမှု ကုသိုလ်ကံ ဖိစီးမှုများသောအခါတွင် မကောင်းမှုဖြစ်အောင် ဝင်ရောက် တိုက်တွန်းခြင်းသာဖြစ်သည်။ မိမိက မကောင်းသောအမှုများကို ကာယကံ၊ ဝစီကံ၊ မနောကံဖြင့်ကျူးလွန်နေပါက နတ်များက ကောင်းသောအကျိုး၊ ကောင်းသောအမှုများရရှိအောင် ကူညီစောင်မပေးကြသည်။ အဓိကနတ်များ စောင့်ရှောက်ခြင်းထက်မိမိ၏ပြုသမျှသော ကောင်းမှု၊ မကောင်းမှုများသည်သာ အရေးအကြီးဆုံးဖြစ်ပါသည်။ သို့စေကာမူ မိမိတို့အား အစဉ်အမြဲ စောင့်ရှောက်ပေးနေကြသော ကိုယ်စောင့်နတ် (၁၂)ပါး တို့အကြောင်းကိုတော့ သိထားရန်လိုအပ်ပေသည်။ ၎င်းကိုယ်စောင့်နတ် (၁၂)ပါး တို့သည် ကိုယ်နှင့်သက်ဆိုင်ရာတာဝန်တို့ကို တစ်ရံမလပ်စောင့်ရှောက်လျက်ရှိကြသည်။ ၎င်းတို့မှာ –

    ၁။ သတ္တဘာဂနတ်

    ၎င်းနတ်သည် အချစ်ရေးအိမ်ထောင်ရေး နှင့် ဖူးစာရေးကိစ္စများကိုစောင့်ရှောက်ပေးသည်။

    ၂။ သူရဿတီ

    ပညာရေးနှင့် အတတ်ပညာများကို စောင့်ရှောက်ပေးသည်။

    ၃။ သကျနတ်

    မိမိတို့၏ စည်းစိမ်ဥစ္စာများကို စောင့်ရှောက်ပေးသည်။

    ၄။ မဟိရဇာနတ်

    ထိုနတ်သည် အိမ်မက်ကောင်းကိုပေးတတ်သည်။

    ၅။ ကရဝါနတ်

    ကာမစည်းစိမ်ကို အားပေးခြင်းပြုသည်။

    ၆။ ယောတကနတ်

    ခရီးသွားလာခြင်းကို စောင့်ရှောက်ခြင်းပြုသည်။

    ၇။ ကလျာဏီနတ်

    တရားအစရှိသော ကောင်းသောစကားတို့ကို မှတ်သားခြင်းပြုသည်။

    ၈။ စန္ဒာဒေဝီ

    ဘုန်းကျက်သရေတိုးအောင် စောင့်ရှောက်ခြင်းပြုသည်။

    ၉။ နရိန္ဒာဒေဝီ

    မိမိအိပ်သောအခါ ခေါင်းရင်းက စောင့်ရှောက်ပေးသောနတ်။

    ၁၀။ မဟာမိန်နဲ

    ကောင်းမှု မကောင်းမှုများကိုစောင့်ရှောက်ပေးသည်။

    ၁၁။ လက္ချမီ

    ကောင်းမှု မကောင်းမှုတို့ကို မှတ်သားစောင့်ရှောက်ပေးသည်။

    ၁၂။ ဝါမသူရာ

    ကောင်းမှု မကောင်းမှုတို့ကို မှတ်သားစောင့်ရှောက်ပေးသည်။

    မဟာပိန္နဲ၊ လက္ချမီ၊ ဝါမသူရာ တို့သည် ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်သတ်၍ ကောင်းမှု၊ မကောင်းများအပြင် အတိုက်အခိုက် ရန်ငြိုးရန်စွယ်တို့ကို ကာကွယ်စောင့်ရှောက်ပေးသည်။ ကိုယ်စောင့်နတ် (၁၂)ပါးတို့ အကြောင်းနှင့် ၎င်းတို့နှင့်သက်ဆိုင်သော စောင့်ရှောက်မှုများအကြောင်းကို သိပြီးပါက ပူဇော်မှုဆိုင်ရာများကိုလည်း သိထားရန် လိုအပ်ပေသည်။ ပူဇော်သည်ဟုဆိုရာတွင် ကန်တော့ပွဲ၊ အုန်းပွဲများဖြင့် တခမ်းတနားကြီး ပူဇော်မှမဟုတ်ဘဲ မိမိစိတ်မှ ၎င်းတို့အား အသိအမှတ်ပြု၍ မေတ္တာပို့ခြင်း၊င်အမျှဝေခြင်း၊ တိုင်တည် စကားဆိုခြင်းများဖြင့်လည်း လေးစားပူဇော်ရာရောက်ပါသည်။

    ကိစ္စမြားမြောင် လူတို့ဘောင် ဟူသော စကားအတိုင်း နေထွက်မှ နေဝင် ၊ နေဝင်မှနေထွက် နေ့စဉ် ရက်ဆက် ရံခါမလပ် လှုပ်ရှားနေကြရာ မိမိတို့ ဆောင်ရွက်ရန်ကိစ္စများတွင် ကိုယ်စောင့်နတ်(၁၂)ပါး နှင့်ကင်းသည်ဟူ၍ မရှိပေ။ ထို့ကြောင့် ကိစ္စတစ်ခုဆောင်ရွက်ရန်ရှိတိုင်း သက်ဆိုင်ရာကိုယ်စောင့်နတ်မင်းအား တိုင်တည်အသိပေးရပါမည်။ မိမိသည် အချစ်ရေး အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ဆောင်ရွက်ရန်ရှိပါက (သတ္တဘာဂနတ်) အားနိုင်တည် အသိပေး၍ အောက်ပါဂါထာဖြင့် ရွတ်ဆိုပြီး ဆောင်ရွက်လျှင် အောင်မြင်ပါမည်။

    ယသဘောဂါစ ပညာဓ၊ ယသန္တိသဗ္ဗ ဗုဒ္ဓါနံ၊

    ယဇိတွာ ဓမ္မသံဃဉ္စ၊ ယသန္တိ အမတံ ပဒံ၊

    ယသဝါဒေ သံ ယူဝတ္တော၊ ယသဂန္ဓဗ္ဗ

    သာမိတော ယသဇေန၊ ဇာလိတော၊

    ယံ သိဒ်ဓိတံ၊ နမာမဟံ ။

    ၎င်းဂါထာသည် ချစ်သူ ခင်သူပေါသည်။ ” ယရှစ်ချက် ” ဂါထာဖြစ်သည်။

    မိမိအိပ်ယာအထက်နား ( သို့ ) ခေါင်းရင်းဘက်
    သန့်ပြန့်သော နေရာမှာ စားပွဲခုံလေးချပြီး စံပယ်ပန်း (၁၂)ပွင့် ၊ ဖယောင်းတိုင် အမွှေးတိုင်ထွန်းညှိပြီးကိုယ်စောင့်နတ် (၁၂) ပါးကို ရည်ရွယ်တင်ပါ။ ပြီးပါက ဖူးစာရေးနတ်မင်း သတ္တဘာဂ နတ်သားကို ကျန်းမာချမ်းသာပါစေကြောင်း ၊ တန်ခိုးသိဒ္ဓိ ထက်မြက်ပါစေကြောင်း (၃၇) ခေါက် မေတ္တာပို့ပါ ။ မိမိချစ်သူ
    ကို အာရုံညွတ်ထားပြီး အချစ်ရေးအဆင်ပြေပြီး တစ်ဘဝတာ လက်တွဲဖေါ်ကောင်းတစ်ယောက်ဖြစ်ပါစေကြောင်းဆုတောင်းပါ။ အောက်ပါဂါထာနဲ့ (၇)ခေါက် ရွတ် ပူဇော်ပါ ။

    သတ္တဘာဂေါ ဇယဒူဂေါ

    အနုကမ္ပံ ဥပါဒါယ

    မမ ဒါရံ ပဝတ္တေတွာ

    မံ ပါလန်ေတု သုခံ သဒါ ။

    မိမိမွေးနေ့ မနက်ကစပြီး ကိုးရက် လုပ်ပါ။အချစ်ရေး အဆင်ပြေမည် ၊ ကွဲကွာနေသူများ ပြန်လည်
    သင့်မြတ်၍ ရာသက်ပန် ပေါင်းဖက်စေနိုင်ပါသည်။

    ပညာရေးနှင့် ပတ်သက် ကိစ္စဆောင်ရွက်ပါက သူရဿတီမယ်တော်အား တိုင်တည်အသိပေး၍

    သဗ္ဗင်္ဂသော ဘီဏီဒေဝီ

    မာတာပိဋိကတ်၊ စာရိနိ

    မမံရက္ခ သူရဿတီ

    ဟံသယာနီ သူနန္ဒနိ။

    ၎င်းဂါထာသည် သူရဿတီမယ်တော်ဂါထာ ဖြစ်သည်။

    စည်းစိမ်ဥစ္စာ အကျိုးစီးပွားအတွက် ဆောင်ရွက်ကိစ္စရှိပါက သကျနတ်ကို တိုင်တည် အသိပေး၍ အောက်ပါဂါထာကို ရွတ်ဆိုပြီး ဆောင်ရွက်ပါ။

    ဧတဒရှံ ဘိက်ခဝမေမ

    သာဝကာနံ ဘိက်ခူနံ

    ပထမံ သလာကံ ဂဏှန်တာနံ

    ယဒိတံ ကောဏ္ဍဝါနော

    ဧတေနသစ္စ ဝဇ္ဇေန ဧဝံမေဟောတု ။

    ၎င်းဂါထာသည် ငွေအစုလိုက်အပြုံလိုက် ဝင်စေသော ဂါထာဖြစ်သည်။

    ခရီးသွားလာရန် ကိစ္စရှိပါက ယောတကနတ်ကို တိုင်တည် အသိပေး၍ အောက်ပါဂါထာကို ရွတ်ပြီးမှ သွားပါ။

    သောအဟံဝိ စရိဿာမိ

    ဂါမာဂါမာ ပူရာပူရံ

    နမ ဿ မာနော သမ္ဗုဒ္ဓံ

    ဓမ်မဿ စ သုဓမ်မတ။

    ၎င်းဂါထာသည် ခရီးသွားစဉ်ရွတ်ရသော ဂါထာဖြစ်သည်။

    တရားအစရှိသော ကောင်းသောစကားတို့ကို ဟောပြော ဆောင်ရွက်ရန် ရှိပါက “ကလျာနီနတ်” ကို တိုင်တည်အသိပေး၍ အောက်ပါဂါထာကို ရွတ်ဆိုပါ။

    သုဂေတာ သုဂတဓာနံ

    သုဂတော သုန္ဒရံ ပိစ

    နိဗ္ဗာနံ သုဂတော ယာတိ

    သုဂတော မေ နမောနမော။

    ၎င်းဂါထာသည် ကောင်းသော စကားများကိုသာ ကြားရပြောရသည့် သုဂတော ငါးချက်ဂါထာဖြစ်သည်။ အခြားနတ်များကိုတော့ နေ့စဉ်မပြတ် မေတ္တာပို့ခြင်း၊ အမျှဝေခြင်း၊ ကုသိုလ်ကောင်းမှုများကိုတိုင်တည်အသိပေးခြင်း တို့ကိုပြုလုပ်ပေးပြီး ၎င်းတို့နှင့် သက်ဆိုင်ရာ ကိစ္စများရှိပါက တိုင်တည် ဆုတောင်းပေးနိုင်ပါသည်။ ဥပမာ အိမ်မက်ကောင်းများ အလိုရှိပါက ဗဟိရာဇာ နတ်ကိုသော်လည်းကောင်း မိမိအိပ်သောအခါ စောင့်ရှောက်ပေးရန်အတွက် နရိန္ဒာဒေဝီကိုသော်လည်းကောင်း ဘုန်းကျက်သရေတိုးစေရန်အတွက် စန္ဒာဒေဝီကိုသော်လည်းကောင်း တိုင်တည် အသိပေးရပါသည်။ ကောင်းမှု မကောင်းမှုကို မှတ်သားရသော မဟာပိန္နဲ၊ လက္ချမီ ဝါမသူရာစသည်တို့ကိုလည်း ၎င်း တို့နှင့် သက်ဆိုင်ရာ ကောင်းမှုမကောင်းမှု တို့နှင့် ပတ်သက်သောအကြောင်းများကို အသိပေးရပါသည်။ ဥပမာ …. အမှုမှ လွတ်ကင်းစေလိုလျှင် ၎င်းတို့အား တိုင်တည်၍ အောက်ပါအမှုမှ လွတ်ကင်းစေလိုသောဂါထာကို ရွတ်၍ ဆောင်ရွက်ပါ။

    နမောတဿ၊ ဘဂဝတော၊ အရဟတော

    သမ်မာသမ်ဗုဒ်ဓဿ

    နမောတေ ဝိဇ္ဇေတုံမေ

    ဇယတော ဒဒတောဇယံ

    နဋ္ဌတမ္ဘံ သဗ္ဗသန္တံ

    တရမေ ဇယမင်္ဂလံ။

    ၎င်းကိုယ်စောင့်နတ်ကြီး (၁၂) ပါးတို့မှာ မြတ်စွားဘုရားဟောကြားတော်မူသော စိန္တာမုနိဂါထာတော်မြတ်ကြီးတွင် နန္ဒာ၊ စန္ဒီ၊ ပရမီသွာ မဟာဒေဝ၊ နရာယန၊ မဟာဗြဟ္မာဟူသော အပိုဒ်ပါဝင်သည်ကို ထောက်၍ ရှေးကတည်းက အစဉ်အဆက်ရှိခဲ့ကြောင်း သိနိုင်ကြပေသည်။

    အချစ်ရေးကိစ္စနှင့် ပတ်သက်လာလျှင် သတ္တဘာဂနတ်အား မိမိမွေးနေ့ကစပြီး တစ်ရက်ကို (၃၇)ကြိမ် (၉)ရက်တိတိ ဆက်တိုက် မေတ္တာပို့သပေးပါက အချစ်ရေးကိစ္စအောင်မြင်စေနိုင်ပါတယ်။ ဝါမသူရနတ်ကတော့ စည်းစိမ်ပေးသောနတ်ဖြစ်တာကြောင့် မွေးနေ့မှစပြီး (၉)ကြိမ် (၉)ရက်တိုင်တိုင် မေတ္တာပို့သပေးလျှင် အလုပ်အကိုင်များ အဆင်ပြေချောမွေ့ အောင်မြင်လာစေနိုင်ပါတယ်။ ဇလသညာနတ်ကတော့ အလှူဒါနကို ကောင်းမွန်စွာပြုလုပ်ပေးနိုင်သောနတ်ဖြစ်ပြီး (၃၇)ကြိမ် (၇)ရက် မေတ္တာပို့သပေးပါ။ ဃရပါလနတ်ကို မွေးနေ့စပြီး နေ့စဉ် (၃၇)ကြိမ် တတ်နိုင်သမျှ ရက်အလိုက် မေတ္တာပို့သပေးမယ်ဆိုလျှင် အိုးအိမ်ခြံမြေ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးစေပါလိမ့်မည်။ စန္ဒီနတ်သမီး ကိုတော့ နေ့စဉ်နံနက်တိုင်း(၃၇) ကြိမ်မေတ္တာပို့သပေးရင် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေပါတယ်။ ကလျာဏီနတ်ကို နေ့စဉ်(၃၇)ကြိမ်မေတ္တာပို့ပေးပါက အသက်အန္တာရာယ်ထိခိုက်မယ့်ဘေးမှ ကင်းလွတ်စေပါတယ်။ ဗလိရာဇာနတ် ကို နံနက်တိုင်း (၇)ရက်တိတိတတ်နိုင်သမျှ အကြိမ်ရေ မေတ္တာပို့သပေးရင်တော့ လိုအင်ဆန္ဒများပြည့်ဝစေပါလိမ့်မည်။ လက်ခ်ျမီးဒေဝီနတ်ကို မွေးနေ့ကစပြိးတရက်(၉)ကြိမ်(၇)ရက်တိတိ မေတ္တာပို့သပေးရင် ပညာရေးကိစ္စမှန်သမျှအောင်မြင်ပါမည်။

    ယခုဆောင်းပါးကို ဖတ်ရှုပြီး၍ မိမိတို့ကိုယ်စောင့်နတ် (၁၂)ပါး တို့ကို တိုင်တည်ပူဇော်၍ ဆောင်ရွက်ရန် ကိစ္စအသီးသီး တို့ကိုဆောင်ရွက်ကြပါက ယခင်ကနှင့်မတူ တစ်မူထူးခြားစွာ အောင်မြင်တိုးတက်မည်ဖြစ်ပါသဖြင့် သူတော်ကောင်းတို့အား လက်ဆင့်ကမ်းလိုက်ခြင်း ဖြစ်ပေသည်။

    ဝိပဿနာအကျင့်ပိုင်းရောက်လာတော့ နတ် ၁၂ ပါးစောင့်ရှောက်တယ်ဆိုပီး သဲအင်းဂူဆရာတော်ဘုရားကြီး၏ ဟောပြောချက်လေးအား ထပ်စောင်းထည့်ပေးပါရစေ။

    ၁။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်လိုက်တဲ့အပေါ်မှာ အကောင်းမြင်စိတ် ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၂။ မျက်စိနဲ့အဆင်းတိုက်လို့ မြင်လိုက်တဲ့အပေါ်မှာ မကောင်းမြင်စိတ် အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၃။ နားနဲ့အသံဓာတ်တိုက်လို့ ကြားလိုက်တဲ့အသံအပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၄။ နားနဲ့အသံဓာတ်တိုက်လို့ ကြားလိုက်တဲ့အသံအပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၅။ နှားခေါင်းနဲ့အနံ့ဓာတ်တိုက်လို့ ရလိုက်တဲ့အနံ့ပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၆။ နှားခေါင်းနဲ့အနံ့ဓာတ်တိုက်လို့ ရလိုက်တဲ့အနံ့ပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၇။ လျှာနဲ့ရသာဓာတ်တိုက်လို့ ရသာအပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၈။ လျှာနဲ့ရသာဓာတ်တိုက်လို့ ရသာအပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၉။ ကိုယ်နဲ့အတွေ့တိုက်လို့ အတွေ့ပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၁၀။ ကိုယ်နဲ့အတွေ့တိုက်လို့ အတွေ့ပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၁၁။ အတွေးနဲ့ဓမ္မတိုက်လို့ ဓမ္မပေါ်မှာ ကုသိုလ်စိတ်ဖြစ်ရင် ကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    ၁၂။ အတွေးနဲ့ဓမ္မတိုက်လို့ ဓမ္မပေါ်မှာ အကုသိုလ်စိတ်ဖြစ်ရင် မကောင်းတဲ့နတ်တစ်ပါးစောင့်ရှောက်ပါတယ်။

    အာရုံ ၅ အာရုံ ၆ နဲ့ တိုက်တိုင်းတိုက်တိုင်း ကောင်းတဲ့စိတ်ဖြစ်ရင် ကောင်းတဲ့နတ် စောင့်ရှောက်ပါတယ်။ မကောင်းတဲ့စိတ်ဖြစ်ရင် မကောင်းတဲ့နတ်စောင့်ရှောက်ပါတယ်။ ကောင်းတဲ့နတ် ၆ ပါး၊ မကောင်းတဲ့နတ် ၆ ပါး၊ နတ် ၁၂ ပါးစောင့်ရှောက်ပါတယ်။ ကုသိုလ်စိတ်ဖြစ်လို့ ကောင်းတဲ့ကုသိုလ်ကံ အကျိုးပေးခြင်းဟာ ကောင်းတဲ့နတ် စောင့်ရှောက်ပါတယ်။ အကုသိုလ်စိတ်ဖြစ်လို့ မကောင်းတဲ့အကုသိုလ်ကံအကျိုးပေးခြင်းဟာ မကောင်းတဲ့နတ် စောင့်ရှောက်ပါတယ်။ ဒါဟာ အကျင့်အကြံ လမ်းစဉ်အရပင် ဖြစ်ပါသည်။

    လင်းညှို့တာရာ

  • မြန်မာစစ်တပ်ကျူးလွန်သည့်အမှုများကို ICC ထံ လွှဲပြောင်းပေးရန် လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုကို တွမ်အန်ဒရူးစ် ဝေဖန်

    မြန်မာစစ်တပ်ကျူးလွန်သည့်အမှုများကို ICC ထံ လွှဲပြောင်းပေးရန် လုံခြုံရေးကောင်စီ၏ ပျက်ကွက်မှုကို တွမ်အန်ဒရူးစ် ဝေဖန်

    နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို ကျောခိုင်းထားခဲ့တာများပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီကို လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုဟာ တာဝန်ယူမှုကို စွန့်လွှတ်လိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ်အန်ဒရူးစ် က ပြောပါတယ်။

    ဧပြီ ၂၈ ရက်က ‘အပြစ်ပေးခွင့်ရနေတာကနေ တရားမျှတမှုဆီသို့’ ဆိုတဲ့ သူ့ရဲ့ နောက်ဆုံး အစီရင်ခံစာကို ထုတ်ပြန်တုန်းမှာ ပြောတာလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန် ပါတယ်။

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အတွက် နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူက တိုက်တွန်း ခဲ့ပါတယ်။

    တွမ်အန်ဒရူးစ်က “မြန်မာပြည်သူတွေအတွက်တော့ တရားမျှတမှု နှောင့်နှေးနေတာဟာ တရားမျှတမှုကို ငြင်းပယ်ခံရတာနဲ့ အတူတူပါပဲ။ မြန်မာ့လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို အမြောက်အများ စုဆောင်းထားပြီးဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာ နိုင်ငံတကာဥပဒေအရ ရာဇဝတ်မှုမြောက်နေပေမဲ့ တာဝန်ခံမှုကတော့ လက်လှမ်းမမီနိုင်သေးဘဲ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

    ဆယ်စုနှစ်တွေအများကြီးကြာနေပြီဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုသံသရာဟာ အရှိန်မပျက် ဆက်ဖြစ်နေပြီး စစ်တပ်အဆင့်မြင့်အရာရှိတယောက်တလေမှ အရေးယူခံရတာမရှိသေးတဲ့အပေါ် မြန်မာပြည်သူတွေ စိတ်ပျက် အားမလိုအားမရဖြစ်ပြီး ဒေါသထွက်နေကြတယ်လို့လည်း သူက သတိပေးပါတယ်။

    အင်ဒရူးစ်က “တချို့ အရေးကြီးတဲ့ ခြေလှမ်းတွေကိုလှမ်းနိုင်ခဲ့ပေမဲ့ နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာပြည်သူတွေကို ကျောခိုင်းထားခဲ့တာများပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဆီ လွှဲပြောင်းပေးဖို့ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုဟာ တာဝန်ယူမှုကို စွန့်လွှတ်လိုက်တာဖြစ်သလို၊ တရားမျှတမှုအပေါ် ကမ္ဘာကြီးရဲ့ကတိကဝတ်ကို စွဲချက်တင်လိုက်တာလည်း ဖြစ်ပါတယ်။ ဒီအကျပ်အတည်းကို အဆုံးသတ်ဖို့ဆိုရင် မြန်မာစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် တိုက်ခိုက်နှိပ်စက်နေတဲ့ စွမ်းဆောင်ရည်တွေကို ဖျက်သိမ်းပစ်ရုံတင်မကဘဲ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကိုလည်း အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းနေသူတွေကို ကူညီပံ့ပိုးပေးတဲ့နေရာမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဆောင်ရွက်ချက်တွေဟာ အလွန်ပဲ နည်းပါးနေပါသေးတယ်” လို့ ထောက်ပြပါတယ်။

    နိုင်ငံတကာခုံရုံးတွေနဲ့ တခြားနိုင်ငံတွေက တရားစီရင်ရေးဆိုင်ရာ အာဏာပိုင်တွေဆီ ရောက်ရှိနေတဲ့ အမှုတွေဟာ ကျူးလွန်ခံရသူတွေနဲ့ မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် အရိပ်အယောင်တချို့ ရှိနေပေမဲ့ အဲဒီအတိုင်းအတာဟာ ကျဉ်းမြောင်းလွန်းပြီး စစ်တပ်ကို အကာအကွယ်ပေးထားတဲ့ စနစ်ဆိုးကိုချိုးဖျက်ဖို့ မလုံလောက်သေးဘူးလို့လည်း သူက ဆိုပါတယ်။

    “မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိစေဖို့ကြိုးပမ်းနေတဲ့ သူရဲကောင်းတွေဟာ နိုင်ငံတကာရဲ့ အပြည့်အဝ ပံ့ပိုးမှုကို ရရှိဖို့ထိုက်တန်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က လွှမ်းမိုးချုပ်ကိုင်ထားလို့ ပျက်စီးနေတဲ့ တရားရုံးတွေနဲ့ အဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်မှာပါ” လို့ သူက ဆက်ပြောပါတယ်။

    ICC အစိုးရရှေ့နေရဲ့ စုံစမ်းစစ်ဆေးတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့၊ စစ်တပ်ရဲ့ ထိပ်သီး အရာရှိတွေကို တရားစွဲဆိုနိုင်ရေး အခြေခံအုတ်မြစ်တွေချမှတ်ဖို့၊ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို တိုးမြှင့်ကျင့်သုံးဖို့၊ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေအတွက် နစ်နာကြေးရန်ပုံငွေတရပ် ထူထောင်ဖို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာနဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်အတွက် နိုင်ငံတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

    “ဗြိတိန်နိုင်ငံအနေနဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို တာဝန်ယူကိုင်တွယ်ပေးနေသူအဖြစ်၊ ပြီးတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ICJ ရဲ့ စီရင်ချက်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကို ပုံဖော်ပေးရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်ရပါမယ်။ သူတို့အနေနဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ အစိုးရသစ်ကိုဝိုင်းပယ်ဖို့နဲ့ တရားရုံးရဲ့အမိန့်တွေကို လိုက်နာဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး ဖိအားပေးရပါမယ်။ မြန်မာနိုင်ငံကို အပြစ်ရှိကြောင်း စီရင်ချက် ချမှတ်ခဲ့ရင် နိုင်ငံတကာအနေနဲ့ ချက်ချင်းပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရပါမယ်။ လူမျိုးတုံးသတ်ဖြတ်မှုဟာ လူသားမျိုးနွယ်ရဲ့အသိတရားအပေါ် သည်းမခံနိုင်စရာ အစွန်းအထင်းဖြစ်တယ်ဆိုတာကို ပြသရမှာဖြစ်သလို ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိစေရပါမယ်”

    မြန်မာနိုင်ငံကိုလွှမ်းမိုးထားတဲ့ အပြစ်ပေးခံရတာကနေ ကင်းလွတ်နေတဲ့သံသရာကို ချိုးဖျက်ဖို့ အခွင့်အလမ်းတွေ ရှိနေပြီး အဲဒီအခွင့်အလမ်းတွေကို ဆုပ်ကိုင်အသုံးချဖို့ နိုင်ငံရေးဆုံးဖြတ်ချက်ပဲ လိုအပ်တာလို့လည်း သူက ပြောခဲ့ပါတယ်။

    နိုင်ငံတကာခုံရုံးတွေမှာ စွဲဆိုထားတဲ့ အမှုတွေနဲ့ တခြားနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ “Universal Jurisdiction” (နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်) အောက်မှာ စွဲဆိုထားတဲ့ အမှုတွေဟာ သားကောင်ဖြစ်ခဲ့ရသူတွေအတွက် မျှော်လင့်ချက် အလင်းရောင်လေး ဖြစ်နေပေမဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေကို အကာအကွယ်ပေးထားတဲ့ စနစ်တကျ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဖြိုဖျက်ဖို့ အတွက်တော့ အဲဒီကြိုးပမ်းမှုတွေဟာ အတိုင်းအတာ အလွန်ကျဉ်းမြောင်းနေသေးတယ် လို့ သူက သတိပေးပါတယ်။

    နိုင်ငံအသီးသီးအနေနဲ့ နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို တိုးမြှင့်ကျင့်သုံးဖို့၊ ICC ရဲ့ စုံစမ်းစစ်ဆေးမှု နယ်ပယ်ကို ချဲ့ထွင်ဖို့နဲ့ ထိခိုက်နစ်နာသူတွေအတွက် ကုစားမှု ရန်ပုံငွေတရပ် ထူထောင်ဖို့တွေကို တိုက်တွန်းထားပါတယ်။

    ဒါ့အပြင် ရိုဟင်ဂျာလူနည်းစုအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မကြာခင် ထုတ်ပြန်တော့မဲ့ စီရင်ချက်နဲ့ ပတ်သက်လို့လည်း သူက ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။

    အထူးသဖြင့် မြန်မာ့အရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဓိက တာဝန်ယူကိုင်တွယ်ရတဲ့ ဗြိတိန်နိုင်ငံနဲ့ အာဆီယံ (ASEAN) တို့ကို ရှေ့ကနေ ဦးဆောင်ကြဖို့ အန်ဒရူးစ်က တိုက်တွန်းခဲ့ပါတယ်။

    နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ ရပ်တန့်နေပေမဲ့ ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့အတွက် တက်ကြွစွာ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေ၊ ရှေ့နေတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုကိုတော့ သူက ချီးကျူးခဲ့ပါတယ်။

    ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်လွှမ်းမိုးမှုအောက်မှာ ပျက်စီးနေခဲ့တဲ့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ နည်းပညာနဲ့ ရေရှည်ဘဏ္ဍာရေး အထောက်အပံ့တွေ ပေးဖို့ သူက တောင်းဆိုပါတယ်။

    “မြန်မာနိုင်ငံကို ဆုပ်ကိုင်ထားတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် သံသရာကို ဖြတ်တောက်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ လိုအပ်နေတာကတော့ အဲဒီအခွင့်အလမ်းတွေကို အရယူဖို့အတွက် နိုင်ငံရေးအရ ဆုံးဖြတ်ချက်ပါပဲ” လို့ အန်ဒရူးစ်က ပြောကြားခဲ့ပါတယ်။

  • အီရန်စစ်ပွဲဒဏ်ကြောင့် တရုတ်စီးပွားရေးတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်

    အီရန်စစ်ပွဲဒဏ်ကြောင့် တရုတ်စီးပွားရေးတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်

    အီရန်တွင်ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာခြင်းသည် တရုတ်စီးပွားရေးအပေါ် စတင်ဖိစီးလာနေပြီဖြစ်ကာ ယင်းအခြေအနေကြောင့် ယခင်ကတည်းက အားနည်းနေသည့် ပြည်တွင်းစားသုံးမှုမှာ ပိုမိုနှေးကွေးသွားစေရုံသာမက အရေးပါသော ပို့ကုန်ကဏ္ဍများကိုလည်း ထိခိုက်စေလျက်ရှိသည်။

    မတ်လအတွင်းက ကားအရောင်းအဝယ် ကျဆင်းခဲ့ပြီးနောက် ဧပြီလတွင် ပိုမိုထိုးဆင်းသွားခဲ့သည်။ အိမ်ထောင်စုအသီးသီးက အသုံးစရိတ်ကို သတိထားချွေတာလာကြသဖြင့် စားသောက်ဆိုင်နှင့် ဟိုတယ်များတွင် လာရောက်သူ ကျဲပါးသွားသည်။ ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံတောင်ပိုင်းတွင် ပလတ်စတစ်ကုန်ကြမ်းစျေးနှုန်း မြင့်တက်လာမှုနှင့် အမေရိကန်၏ အခွန်စည်းကြပ်မှုဒဏ်များကြောင့် အရုပ်စက်ရုံတရုံ ပြိုလဲသွားခဲ့ပြီးနောက် အလုပ်သမားထောင်ပေါင်းများစွာက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

    တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် ရေနံအရန် အမြောက်အမြားရှိနေပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားသော်လည်း ယခုကဲ့သို့ စီးပွားရေးအရ ဖိစီးမှုလက္ခဏာများ ပေါ်ထွက်လာခြင်းက ကမ္ဘာ့စီးပွားရေးကို ရိုက်ခတ်နေသည့် အင်အားစုများ၏ဒဏ်ကို မလွှဲမရှောင်သာ ခံစားနေရကြောင်း မီးမောင်းထိုးပြနေသည်။

    စစ်ပွဲ၏ နောက်ဆက်တွဲဒဏ်ကို တရုတ်နိုင်ငံက ကောင်းကောင်းကျော်ဖြတ်နိုင်ပုံရသည်ဟု သီတင်းပတ်များစွာကြာအောင် ယူဆခဲ့ကြပြီး မတ်လအထိ ထွက်ပေါ်လာသော စီးပွားရေးအချက်အလက်များကလည်း ထိုအမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။ သို့သော် အီရန်စစ်ပွဲမှာ ကိုးပတ်မြောက်အထိ ကြာမြင့်လာပြီး မည်သည့်အချိန်မှ ပြီးဆုံးမည်ကို မသေချာသေးသည့်အတွက် တရုတ်စီးပွားရေး၏ အားနည်းချက် အက်ကြောင်းများ သိသိသာသာ ပေါ်လာနေပြီဖြစ်သည်။

    “စီးပွားရေးက နှေးကွေးသွားပြီ” ဟု ပြင်သစ်ဘဏ္ဍာရေးလုပ်ငန်း Natixis ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ စီးပွား ရေးပညာရှင်အကြီးအကဲ Alicia García-Herrero က ဆိုသည်။ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုရည်မှန်းချက်ဖြစ်သော ၄ ဒသမ ၅ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုမိုရရှိရန် ရုန်းကန်ရနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

    စီးပွားရေး အားနည်းလာသည့် လက္ခဏာရပ်များအနက် အထင်ရှားဆုံးတခုမှာ မော်တော်ကား ရောင်းအားနှင့် ထုတ်လုပ်မှုကဏ္ဍတွင် ဖြစ်သည်။ မော်တော်ကားလုပ်ငန်းကို စီးပွားရေးပြဿနာများ၏ အစောပိုင်းအညွှန်းကိန်းတခုအဖြစ် သတ်မှတ်လေ့ရှိသည်။ တရုတ်အိမ်ထောင်စုအများစုအတွက် ကားသည် တိုက်ခန်းများပြီးလျှင် ဒုတိယအများဆုံး အဝယ်လိုက်ပြီး ဤလုပ်ငန်းကဏ္ဍသည် သံမဏိ၊ ဖန်နှင့် အခြားကုန်ကြမ်းပစ္စည်းများ၏ ဝယ်လိုအားကို မြှင့်တင်ပေးသည်။

    တရုတ်ခရီးသည်တင်ကားအသင်း (China Passenger Car Association) ၏ အဆိုအရ ဧပြီလ ပထမ ၁၉ ရက်အတွင်း လက်လီကားရောင်းအားသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆ ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။ လျှပ်စစ်ကား (EV) ရောင်းအား ကျဆင်းသွားမှုမှာ ဒီဇင်ဘာလတွင် အခွန်သက်သာခွင့်များ သက်တမ်းကုန်ဆုံးသွားခြင်းကြောင့်လည်း ဖြစ်ပြီး ဓာတ်ဆီသုံးကားများမှာ အခြေအနေပိုဆိုးကာ ၄၀ ရာခိုင်နှုန်း နီးပါးအထိ ကျဆင်းခဲ့သည်။

    ရောင်းအားကျဆင်းမှုကြောင့် ကားအရောင်းပြခန်းများတွင် မရောင်းရသေးသည့် ကားများ ပုံလာခဲ့ပြီး ထုတ်လုပ်မှု လျှော့ချခဲ့ကြရသည်။ တရုတ်ကားစက်ရုံများသည် ဧပြီလ ပထမနှစ်ပတ်အတွင်း၌ ယခင်နှစ်ကထက် ကားထုတ်လုပ်မှု ၂၇ ရာခိုင်နှုန်း လျှော့ချခဲ့သည်။ ပို့ကုန်ကဏ္ဍတွင် တိုးတက်မှုရှိနေသော်လည်း ထုတ်လုပ်မှုပိုင်းတွင် သိသိသာသာ ပြန်ဆုတ်သွားခြင်းဖြစ်သည်။

    အပေါ်ယံကြည့်လျှင် စီးပွားရေးမှာ ကြံ့ကြံ့ခံနိုင်ဆဲဟု ထင်ရသော်လည်း၊ အသေအချာ လေ့လာကြည့်ပါက အခြေခံအားနည်းချက်များကို မြင်တွေ့ရမည်ဖြစ်သည်။

    ယခုလအစောပိုင်းက ထုတ်ပြန်ခဲ့သော အချက်အလက်များအရ တရုတ်စီးပွားရေးသည် ယခုနှစ် ပထမသုံးလပတ်အတွင်း နှစ်အလိုက်တိုးတက်မှုနှုန်း ၅ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့သည်။ သို့သော် ထိုသို့ တိုးတက်မှုအများစုမှာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင်သာ အားကောင်းခဲ့ခြင်း ဖြစ်သည်။

    မတ်လအတွင်း လက်လီရောင်းဝယ်မှုမှာ သိသိသာသာ နှေးကွေးသွားပြီး ယခင်နှစ်ထက် ၁ ဒသမ ၇ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့သည်။ မရောင်းရသေးသော ပစ္စည်းလက်ကျန်များမှာ ဆက်လက်ပုံလာနေကြောင်း တရုတ်နိုင်ငံ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဝယ်ယူရေးအဖွဲ့ချုပ်က ပြောသည်။ ပေကျင်းအခြေစိုက် စီးပွားရေးပညာရှင် Michael Pettis က ယခုကဲ့သို့ ကုန်လက်ကျန်များ ပုံလာခြင်းသည် နောင်တွင် စီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း သုံးသပ်ထားသည်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် စက်မှုကဏ္ဍ အမြတ်အစွန်းဆိုင်ရာ အချက်အလက်များအရ မတ်လအထိ အခြေအနေကောင်းနေသေးသည်ကို တွေ့ရသဖြင့် စီးပွားရေးကျဆင်းမှုကို အထိုက်အလျောက် ကာမိနိုင်သည်။ သို့သော် ထိုအမြတ် အစွန်း အများစုမှာ ဓာတုဗေဒနှင့် စွမ်းအင်ကုမ္ပဏီများက စစ်မဖြစ်မီကတည်းက စျေးပေါပေါဖြင့် ဝယ်ယူစုဆောင်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များကို စျေးတက်ချိန်တွင် ပြန်လည်ရောင်းချရာမှရရှိသည့် တခါသုံး အမြတ်အစွန်းများသာ ဖြစ်သည်။

    တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် ရေနံအရန်များနှင့် ကြီးမားသော ရေနံချက်စက်ရုံများ ရှိထားသည့်အတွက် အိမ်နီး ချင်းအာရှနိုင်ငံများလောက် စွမ်းအင်ဂယက်ဒဏ်ကို မခံရပေ။ ထို့ပြင် တရုတ်သည် လောင်စာဆီစျေးနှုန်း မြင့်တက်မှုဒဏ်ကို စားသုံးသူများ အပြည့်အဝ မခံစားရစေရန် ကာကွယ်ပေးထားပြီး မြင့်တက်လာသော ရေနံစျေးနှုန်း၏ ထက်ဝက်ခန့်ကိုသာ စားသုံးသူများကျခံစေသည်။

    သို့သော် အရုပ်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အခြေအနေမှာ ပိုမိုဆိုးရွားနေသည်။

    တရုတ်နိုင်ငံတောင်ပိုင်းတွင် ဧပြီ ၂၀ ရက်၌ ရုတ်တရက်ပိတ်သိမ်းသွားသော အရုပ်စက်ရုံအချို့မှ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ထောင်ပေါင်းများစွာသည် လွန်ခဲ့သည့်အပတ်က လမ်းပေါ်ထွက်လာကြကာ လုပ်ခလစာနှင့် နစ်နာကြေးများရရှိရန် နေ့စဉ်ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

    ပါရှန်ကွေ့နှင့် ကမ္ဘာ့စွမ်းအင်ဝယ်ယူသူများကို ဆက်သွယ်ပေးထားသည့် ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာမှု နှေးကွေးသွားပြီးနောက်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်သော ပလတ်စတကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ စက်ရုံများ ပိတ်သိမ်းရခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ အရုပ်ထုတ်လုပ်ရေးလုပ်ငန်းသည် ကုန်ကျစရိတ်မြင့်တက်မှု၊ နိုင်ငံတကာပြိုင်ဆိုင်မှုနှင့် သမ္မတ ထရမ့်၏ အခွန်စည်းကြပ်မှုများကြောင့် ယခင်ကတည်းက ဖိအားများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

    အဆိုပါ ပိတ်သိမ်းသွားသည့် စက်ရုံများသည် ဟောင်ကောင်၏ အနောက်ဘက် မိုင် ၂၆၀ ခန့်အကွာတွင် တည်ရှိပြီး လုပ်အားခသက်သာသော အရုပ်ထုတ်လုပ်ရေး အချက်အချာမြို့ဖြစ်သည့် ယူလင်းမြို့တွင် တည်ရှိသည်။

    အလုပ်သမားများသည် စက်ရုံဂိတ်ပေါက်များတွင် “ငါတို့ရဲ့ သွေး၊ချွေးနဲ့ ရင်းထားတဲ့ ငွေတွေ ပြန်ပေးပါ” ဟူသော ကြွေးကြော်သံများပါသည့် နဖူးစည်းစာတန်းများကို ချိတ်ဆွဲထားကြသည်။ လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုများတွင် အလုပ်သမားများက ငြိမ်သက်စွာ စုဝေးနေကြပြီး ရဲအရာရှိများက အနီးအနားတွင် စောင့်ကြည့်နေကြသည်။

    ဆန္ဒပြမှုနှင့် ပတ်သက်သည့် ဗီဒီယိုတို အမြောက်အမြားမှာ တရုတ်နိုင်ငံ၏ အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ပုံမှန်အားဖြင့် လူထုမငြိမ်မသက်ဖြစ်မှုများကို အာဏာပိုင်များက ပိတ်ပင်ကန့်သတ်လေ့ရှိသော်လည်း၊ ယခုဗီဒီယိုများမှာမူ ဆက်ရှိနေဆဲဖြစ်သည်။ ယင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေခြင်းကြောင့်လည်းကောင်း၊ အလုပ်သမားများအပေါ် တာဝန် ကျေပွန်ရန် ကုမ္ပဏီများကို ပေကျင်းအစိုးရက တိုက်တွန်းထားခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်သည်။

    သောကြာနေ့နှင့် တနင်္လာနေ့များတွင် ယူလင်းမြို့ရှိ အစိုးရနှင့် ကွန်မြူနစ်ပါတီရုံးများသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။ ပိတ်သိမ်းသွားသော စက်ရုံများသည် ဟောင်ကောင်အခြေစိုက် Wah Shing Toys ကုမ္ပဏီပိုင်များဖြစ်ပြီး၊ ယင်းကုမ္ပဏီဘက်ကလည်း ဖုန်းနှင့် အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှုများကို တစုံတရာ တုံ့ပြန်ခြင်း မရှိပေ။

    ယူလင်းမြို့ရှိ စက်ရုံခွဲက အလုပ်သမားများထံ ထုတ်ပြန်သည့် ကြေညာချက်မှာ အွန်လိုင်းတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင် ပြည်ပမှ ခက်ခဲသောအခြေအနေများကြောင့် စက်ရုံများကို ပိတ်သိမ်းကာ ဒေဝါလီခံရန် လျှောက် ထားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ပြင် “မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် အမေရိကန်ကြား ကုန်သွယ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း” နှင့် စိန်ခေါ်မှုများပြားသော ပြည်ပစီးပွားရေးဝန်းကျင်တို့ကို အကြောင်းပြထားပြီး၊ နိုင်ငံခြားဖောက်သည်များထံမှ ရရန်ရှိသော ငွေကြေးများ မရရှိသဖြင့် ကုမ္ပဏီ၏ ငွေကြေးစီးဆင်းမှုကို ထိခိုက်စေခဲ့ကြောင်းလည်း ဖော်ပြပါရှိသည်။

    ပလတ်စတကုန်ကြမ်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းသည် တရုတ်နိုင်ငံ၏ အရုပ်ထုတ်လုပ်ရေးကဏ္ဍအတွက် ကြီးမားသော ပြဿနာတခု ဖြစ်လာခဲ့သည်။ ယင်းတွင် ဟောင်ကောင်၏ အရှေ့မြောက်ဘက် မိုင် ၁၉၀ အကွာတွင်ရှိပြီး ကမ္ဘာ့အရုပ်ထုတ်လုပ်မှု၏ သုံးပုံတပုံခန့်ကို တာဝန်ယူထားသည့် ရှန်တို မြို့ရှိ ထုတ်လုပ်ရေးဇုန်လည်း အပါအဝင်ဖြစ်သည်။

    ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ၁၀ ရက်အကြာ၌ ပလတ်စတစ်ဈေးနှုန်းများ ထိုးတက်သွားခဲ့ရာ ရှန်တိုချန်ဟိုင် အရုပ်လုပ်ငန်းရှင်များအသင်း (Shantou Chenghai Toy Association) က ကုန်ပစ္စည်းများကို “ဈေးကစားရန် သိုလှောင်ခြင်းနှင့် ထိတ်လန့်တကြားဖြစ်မှုများ” ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

    The New York Times မှ The Iran War Is Starting to Expose Cracks in China’s Economy အား Brownie ဘာသာပြန်သည်။

  • စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့သူ ၂,၀၀၀ လောက်ပဲရှိ

    စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့သူ ၂,၀၀၀ လောက်ပဲရှိ

    စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့သူ ၂,၀၀၀ လောက်ပဲရှိ၊ ၃,၀၀၀ လောက်ပျောက်ဆုံးနေ

    စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ ရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

    မနေ့ကညနေပိုင်းမှာ CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ MDSI က တင်ဆက်ခဲ့တဲ့ ကလောင်ရှင် အောင်လင်း (မဟာဝိဇ္ဇာ) ရေးတဲ့ “ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) က လူငယ် ၃,၀၀၀ ကျော် ဘယ်ပျောက်သွားသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အဲဒီအချက်အလက်ကို ဖော်ပြထားတာပါ။

    “စစ်အုပ်စုမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာပါရှိတဲ့ အိမ်ပြန်နိုင်သူအင်အားစုတွေကို ရနိုင်သမျှ စုဆောင်းရေတွက်ကြည့်တဲ့အခါ အများဆုံး ၂,၀၀၀ ဝန်းကျင်ခန့်သာ ရှိနေတာကို ရင်နာဖွယ် တွေ့ရှိနေရပါတယ်။” လို့ အဲဒီဆောင်းပါးမှာ ရေးထားပါတယ်။

    စစ်မှုထမ်းအပတ်စဉ် ၁ ဟာ အင်အား ၅,၁၀၀ ကျော်ရှိတာကြောင့် ကျန်တဲ့ ၃,၀၀၀ လောက်ရှိတဲ့ လူငယ်တွေ ဘယ်ပျောက်သွားလဲဆိုတာကိုလည်း အဲဒီဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။

    မနေ့က ဧပြီလ ၂၇ ရက်နေ့မှာတော့ စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် ၂၄ သင်တန်းဖွင့်ပွဲကို တိုင်းစစ်ဌာနကြီး ၇ ခုမှာ ပြုလုပ်ခဲ့ပါတယ်။

    MDSI ကတော့ အဲဒီစစ်မှုထမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဖမ်းဆီးခံရတာနဲ့ လိမ်လည်ပြီး အတင်းအကျပ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

    စစ်မှုထမ်းဥပဒေကိုတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် ၂၁ အထိကို သင်တန်းဆင်းပေးထားပါတယ်။