Author: Baby Yit Lone
-

ရေဘေးမှာလဲ အT-က်ပေးလိုက်ကြရတဲ့ ၅/ တွေ
စစ်ကိုင်းရေဘေး သေဆုံးသူ ၉ ဦးအထိ ရှိလာ၊ ရေ ဆက်တိုးနေ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာပြီး ရေမကျသေးဘဲ ရေဆက်လက် တိုးနေကြောင်း သိရသည်။ ရေကြီးရေလျှံမှုများအတွင်း ဩဂုတ်လ ၆ ရက်တွင် ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာ၌ ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၁၀ ဦးအနက် ခြောက်ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လ ၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၌ လှေမှောက်၍ သားအဖနှစ်ဦး၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျွန်းတောကြီးရွာမှ အမျိုးသမီးတဦး သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။ မြေပြင်သတင်းရင်းမြစ်တဦးက “သဖန်းဆိပ်မှာတော့ တပေခန့် ကျသွားတယ်လို့ တွေ့ရပေမဲ့ ကာဘိုးဆည်မှာတော့ တန့်ဆည်ကြားမှာရှိတဲ့ စည်တုံးလုံးချောင်းနဲ့ အခြားသော ကန့်ဘလူကြားမှာရှိတဲ့…
-

ဒူးရင်းသီးစားပြီး ရှော့ဖြစ်သွားတယ်ဆိုတဲ့ ၁၉ နှစ်သမီးလေး နားလည်ရခက်စွာ ဆုံးပါးသွားမှု
အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး နားလည်ရခက်စွာ ဆုံးပါးသွားမှုမှာ မသင်္ကာစရာတွေ တွေ့လို့ အမေဖြစ်သူက အမှန်တရားအတွက် စုံစမ်းတိုင်ကြားထား အသက် ၁၉ နှစ်အရွယ် မနုန်းအစ် ဆိုတဲ့ ကောင်မလေး ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “ဒူရင်းသီးစားပြီး ရှော့ခ်ဖြစ်သွားတာ” လို့ ပြောခဲ့ပေမဲ့ ဆေးစစ်ချက်မှာတော့ မတူညီတဲ့ အကြောင်းရင်းကြောင့် ရှော့ခ်ဖြစ်တာလို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အမေဖြစ်သူက မသင်္ကာစရာ အချက်အလက်တွေနဲ့အတူ အမှန်တရား ပေါ်ပေါက်ဖို့ တိုင်ကြားထားပါတယ်။ ဖြစ်စဉ်ကတော့ မနုန်းအစ်ဆီကို နေ့လယ် ၂ နာရီ ၃၅ မိနစ်လောက်မှာ သူငယ်ချင်းမတစ်ယောက် ကားနဲ့ ရောက်လာခဲ့တယ်။ ည ၇ နာရီ ၁၇ မိနစ်ကျတော့ အဲဒီသူငယ်ချင်းမရဲ့ ရည်းစား မောင်းတဲ့ကားနဲ့ မနုန်းအစ်တို့…
-

ရေးဘီလူးပို့စ်အောက်မှာ ဝင်မန့်လို့ဆိုပြီး အမျိုးသားတစ်ဦးကို ထပ်ဖမ်း
ရေးဘီးလူး Facebook Page တွင် Comment ရေးသားသည်ဟုဆိုကာ ဘလောက်ညောင်ဝိုင်းကျေးရွာနေအမျိုးသားတစ်ဦးအားထပ်မံဖမ်းဆီး ဖမ်းဆီးခံရသူမှာ လင်းလက် လမင်းအကောင့်သုံးစွဲနေသူ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဇင်မင်းခိုင်(ခ)မင်းမင်းဆိုသူဖြစ်သည်။ ဇင်မင်းခိုင်ကို ယမန်နေ့ ဩဂုတ် ၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာလမ်းဝ၊ သံဖြူဇရပ်-ကျိုက္ခမီသွားကားလမ်းဘေးတွင် ဖမ်းဆီးခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။ ဇင်မင်းခိုင်ကို ရေးဘီးလူး Facebook Page တွင်တင်ထားသည့် ပိုစ်အောက်တွင် လင်းလက် လမင်းအကောင့်ဖြင့် Comment ဝင်ရောက်ရေးသားခဲ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်ကဆိုသည်။ ရေးဘီးလူး Facebook Page မှ မေလ ၁၃ ရက်နေ့တွင်တင်ထားသည့် မွန်ပြည်နယ်၊ ရေးမြို့၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စကခ-၁၉ တပ်မတွင် တာဝန်ထမ်းဆောင်နေသော…
-

တာချီလိတ်ကနေ ထွက်ပြေးလာတဲ့ ၁၉ နှစ်အရွယ် ရုရှားမလေး
တာချီလိတ်ကနေ ထွက်ပြေးလာတဲ့ ၁၉ နှစ်အရွယ် ရုရှားအမျိုးသမီး မယ်ဆိုင်ဘက်ခြမ်းကို ကူးပြီး အကူအညီတောင်းခံ Scam ဂိုဏ်းက အတင်းအကျပ် အလုပ်ခိုင်းခဲ့ရနိုင်ကြောင်း ရဲတပ်ဖွဲ့ယူဆ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ ဒီကနေ့ သြဂုတ်လ ၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ဘက်ကနေ မြစ်ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာတဲ့ အသက် ၁၉ နှစ်အရွယ် ရုရှားနိုင်ငံသူ အမျိုးသမီးတစ်ဦးကို ထိုင်းအာဏာပိုင်တွေက အကူအညီပေးနိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသမီးကို မယ်ဆိုင်ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အသက် ၁၉ နှစ်အရွယ် မာရီယာ မီခိုင်လိုဗ်နာ ဆိုသူ ရုရှားနိုင်ငံသူဖြစ်ကြောင်း သိရပါတယ်။ သူမဟာ အလွန်တုန်လှုပ်ထိတ်လန့်နေပြီး လက်နဲ့ ခြေထောက်တွေမှာလည်း ဖူးရောင်ပွန်းပဲ့ဒဏ်ရာတွေ တွေ့ရှိခဲ့ရပါတယ်။ စကားပြန်ကတစ်ဆင့် စစ်ဆေးမေးမြန်းချက်တွေအရ…
-

ကွန်မန့်ရေးရုံနဲ့ ဆွဲနေလို့ ရေးဘီလူး ပွဲကြမ်းပြီ
ကွန်မန့်ရေးရုံဖြင့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသည့် စစ်တပ် ထဘီသာခြုံထားသင့်ဟု ရေးဘီလူး တုံ့ပြန် ရေးဘီလူး Page တွင် ကွန်မန့်ဝင်ရောက်ရေးသားသည့် သံဖြူဇရပ်မြို့မှ အမျိုးသမီးတစ်ဦး ဖမ်းဆီးအမှုဖွင့်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ စစ်တပ်ကို ထဘီသာခြုံထားသင့်ကြောင်း ရေးဘီလူးအဖွဲ့က ပြန်လည်တုံ့ပြန်ခဲ့သည်။ ဖြစ်စဉ်မှာ သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာတွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ် မဖူးပွင့်ဝေ (ခ) သမီးပု ဆိုသူသည် Phoo Pwint Wai အမည်ရှိ Facebook အကောင့်ဖြင့် ရေးဘီလူး Page မှ တင်သည့် ပို့စ်များအောက်တွင် ကွန်မန့်များ ဝင်ရောက်ရေးသားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဇူလိုင်လ ၃၀ ရက်နေ့က တင်ထားသည့် ပို့စ်အောက်တွင် အားလုံးဘေးကင်းကြပါစေဟု လည်းကောင်း၊ ဩဂုတ်လ ၄ ရက်နေ့…