Author: Baby Yit Lone

  • CDM များ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း

    CDM များ နှင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ပတ်စ်ပို့ထုတ်မပေးရန် မင်းအောင်လှိုင်က နိုင်ငံကူးလက်မှတ် ဥပဒေအသစ် ပြဋ္ဌာန်း

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိထားသူများကို နိုင်ငံကူးလက်မှတ် (Passport)များ ထုတ်မပေးရန် တားမြစ်ပိတ်ပင်သည့် “မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို မတ်လ ၁၇ ရက် ညပိုင်းတွင် ထုတ်ပြန်ပြဋ္ဌာန်းလိုက်သည်။ အဆိုပါဥပဒေသစ်၏ ပုဒ်မ ၂၉ တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်နိုင်သည့် အချက်အလက်များကို ထည့်သွင်းထားရာ အထူးသဖြင့် ပုဒ်မခွဲ (စ) ပါ “နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွားကို နှောင့် ယှက်ဖျက်ဆီးနိုင်သည်ဟု ယူဆရသူဖြစ်ခြင်း” ဆိုသည့် အချက်မှာ CDM များနှင့် နိုင်ငံရေးအရ ဆန့် ကျင် သူများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်ထဲရေးသတင်းရင်းမြစ်က “အရင်တုန်းကတော့ ဒါတွေကို ညွှန်ကြားချက်အဆင့်နဲ့ပဲ တားမြစ်ခဲ့တာပါ။ အခုကတော့ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တာဖြစ်တဲ့အတွက် CDM…

  • အေသင်ကို ကို အရှိန်နှစ်ဆဖြင့် ဝုန်းမယ့် သမီးဆိုး

    အေသင်ကို ကို အရှိန်နှစ်ဆဖြင့် ဝုန်းမယ့် သမီးဆိုး

    မြန်မာပြည် ခဏရောက်ခိုက်မှာ သူ့ဘဝကြီး ဇောက်ထိုးမိုး မျှော်ဖြစ်အောင် လုပ်ပြခဲ့တဲ့ အေသင်ကိုဟာ သူ ပထမဆုံး လက်စားချေမယ့်သူအဖြစ် ရွေးချယ်ထားပုံရပါတယ်။ ပြည်ပ Ball Ma ၏ ကလဲ့စားချေမှုဆ်ိုပေမယ့် မန္တလေးမှာတုန်းကလို ပတ်ပြေးနေစရာမလိုတဲ့ ပွဲဖြစ်ပေမယ့်လည်း ပွဲကြိုက်သူများအတွက် ပျော်စရာကြီးပါပဲနော်။ ပြည်တွင်းက Ball Ma အကြီးစားကလည်း သမီးဆိုးပြောသမျှ ကျောကော့အောင် ခံရဦးမှာ သေချာတယ်။ အဲ့ခါကျမှ သတ္တိရှိရင် မြန်မာပြည် ပြန်လာပြီး နင် ပြော ထားတဲ့ ဇဂလုံးဒိုင်း ဇဂလုံးဒိုင်းကို ပြန်ဖြေရှင်းရမယ်ဆိုပြီး တန် ပြန် Live ဖြင့် ရန်ဖြစ်ကြမှာ သေချာတယ်။ Post ထဲမှာ သမီးဆိုးက “အိုးဘိုထောင်မှာ နေရတာ ပျော် တယ်” ဆိုတာ တကယ်တော့ အေသင်ကို…

  • မိုင်းယောင်းတွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော် ပါသွား

    မိုင်းယောင်းတွင် ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားကျော် ပါသွား

    ရှမ်းပြည်၊ မိုင်းယောင်းမြို့တွင် ယမန်နေ့ မတ် ၁၈ ရက် နံနက် ၁၁ နာရီ ၂၆ မိနစ်ခန့်တွင် C1 ရွှေဆိုင်ကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဓားပြဝင်တိုက်ပြီး ရွှေ ၂၀ ကျပ်သားကျော် လုယက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ သတင်းရင်းမြစ်များ၏ ပြောဆိုမှုအရ ဓားပြအဖွဲ့တွင် လူ ၄ ဦး ပါဝင်ပြီး ၃ ဦးက ဆိုင်အတွင်းသို့ ဝင်ရောက် လုယက်ခဲ့ကာ ကျန်တစ်ဦးမှာ အနက်ရောင် Crown အမျိုးအစားကားဖြင့် အပြင်တွင် စောင့်နေခဲ့ကြောင်း သိရသည်။ “ဓားပြ ၃ ယောက်က ဆိုင်ထဲဝင်လာပြီး ရွှေတွေယူသွားတယ်။ သူတို့အားလုံး မျက်နှာဖုံး အုပ်ထားကြပြီး CCTV ပြန်ကြည့်ချိန်မှာတော့ ရှမ်းဘာသာစကားနဲ့ ပြောဆိုနေကြတာတွေ တွေ့ရတယ်။ လက်နက်ကိုင်ပုံတွေကလည်း…

  • လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ

    လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ

    လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ပဲခူးမှာ ဇာတ်အဖွဲ့ ၅ဖွဲ့ အပြိုင်ကဖို့ စီစဥ်နေ ပဲခူးတိုင်းအတွင်း စစ်ကောင်စီရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုကြောင့် ကိုယ်ဝန်ဆောင် မိခင်နဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၃၀နီးပါး သေဆုံးခဲ့ရတဲ့ ညောင်လေးပင်က ပူဆွေးမှုတွေ၊ မျက်ရည်တွေ မခြောက်သေးခင်မှာပဲ စစ်ကောင်စီက ပဲခူးမြို့ပေါ်မှာ နာမည်ကြီးဇာတ်အဖွဲ့ ၅ဖွဲ့နဲ့ ရွှေမော်ဓော ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ပဲခူးမြို့ကနေ ကားနဲ့ ၂ နာရီခွဲခန့်သာသွားရတဲ့ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ရာ အရပ်သား ၂၈ ဦး သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် အပါအဝင် ၃ဦးကို…

  • မိဘအဖြစ်မှ စွန့်လွှတ်ခြင်း

    မိဘအဖြစ်မှ စွန့်လွှတ်ခြင်း

    မယားရှိတာ ကို မသိပဲ ပတ်သတ်မိတာပါဆိုပြီး ငါ့အဖေ ဆိုင်ကယ်ပေါတတ်ခွ ငါ့အဖေကိုပြန်ခိုင်း ပါတယ် ငါ့အဖေ ကမပြန်တာပါဆိုပြီး ကြိုးနဲ့ မချည်ထားပါဘူး သူ့ဟာ သူမပြန်တာပါဆိုပြီး ငါ့အဖေနောက် ကောက်ကောက်ပါအောင်လိုက်သွားတဲ့ လင်ခိုးမ နင်တို့လည်း အရှက်မရှိသလိုငါတို့လဲ တင်ရဲတယ် ငါ့အဖေနဲ့ စကားမပြောရသရွေ့ ငါတို့အဖေ နဲ့ ပတ်သတ်နေသရွေ့ နင့်ကို အရှက်ကွဲအောင်လုပ်ပြ မယ် စိတ်ချ နင့်နောက်မဆုတ်သရွှေ့ နင်နောက်ကြောင်းတွေအကုန်စုံစမ်းထားတယ် တစ်ခုပြီးတစ်ခု လာမယ် 🤬 မယားငယ်နဲ့ အတူနေနေတာ လေး ငါး ရက် ကြားထဲမှာလဲ ကောင်းကောင်းပြောပြီး ပြန်ခေါတယ် နှစ်ယောက်လုံးကိုတားတယ် အဲ့ဒါ ကိုလျစ်လျူရှူ့ထားကျတယ် တစ်မိသားစုလုံးမျက်နှာကိုမကြည့်တဲ့ သူတွေကိုငါ့တို့လည်းမကြည့်ဘူးဟာ ငါတို့ နာကျင်ရတာတစ်ခါလဲ မဟုတ်သလို နှစ်ခါလဲ မဟုတ်ဘူး အခေါက်ပေါင်းများစွာ 😡 မုန်းတယ်…