Author: Baby Yit Lone
-

မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပေါက်ကြားလာသည့် အစိုးရသစ်လူစာရင်း နိုင်ငံတော်အာဏာကို သိမ်းယူပြီး ၅ နှစ်အကြာ သမ္မတလုပ်ရန် ကြံစည်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့သစ် အမည်စာရင်းများ မကြာမီရက်ပိုင်းက ထွက်ပေါ်လာသည်။ အဓိကသော့ချက်ကျသည့် တပ်ချုပ်နေရာကို ၎င်း၏အနီးကပ်လူယုံ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ပေးလိမ့်မည်ဟု ခန့်မှန်း ရေးသား ပြောဆိုမှုများရှိသော်လည်း ယခုထွက်ပေါ်လာသည့် စာရင်းအရ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လျာထားသည်ကို တွေ့ရသည်။ မတ် ၁၃ ရက် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၁၅ နှစ်တာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘ၀ ဆောင်ရွက်ချက်များ ပြန်လည်သုံးသပ်ခြင်းနှင့် ဩဝါဒခံယူပွဲ၌လည်း ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပတ်သက်၍ ၎င်းနှင့် လက်တွဲညီညီ ဆောင်ရွက်ခဲ့သူအဖြစ် ကျေးဇူးတင်ချီးကျူးဂုဏ်ပြုခဲ့သေးသည်။ ယခု…
-

ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။
မင်းတို့ဟာကလည်းကွာ ပြိုင်ဘက်မရှိနိုင်ပါတယ်ဆိုတဲ့ ပါတီရဲ့ဥက္ကဋ္ဌ ကြီးက သမ္မတမလုပ်ရဘူး။ ကျုပ်တို့အစိုးရ ကျွန်တော်တို့အစိုးရလို့ ပြောပြောနေတဲ့ ဟိုလူကြီးတသိုက်တော့ ဘာတွေပြောဦးမယ်မသိ။ လွှတ်တော်က ထိန်းကျောင်းမယ် ဘာညာမပြောနဲ့ ခင်ဗျားတို့နောက်ကျောကိုလည်း ပြောင်းကထောက်ထားတယ်ဆိုတာ ဒီဖြစ်စဉ်ကသက်သေပြတာပဲ။ အကယ်ဒမီစာရင်းပေါက်သလိုပဲ စစ်အုပ်စုစာရင်းကလည်း ညကတည်းကထွက်နေတာ။ သမ္မတ- ဦးမင်းအောင်လှိုင် ဒုသမ္မတ(၁) ဦးညိုစော ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ- ဦးခင်ရီ ဒုဥက္ကဋ္ဌ -ဦးမောင်မောင်အုန်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဒုဥက္ကဋ္ဌ – ဦးလှမိုး ကာကွယ်ရေးဦးစီးချုပ်( ကြည်း/ ရေ/လေ) – ဗခမကစိုးဝင်း ဟုတ်မဟုတ်တော့ စောင့်ကြည့်ပေါ့။ အနိုင်ရပါတီဥက္ကဋ္ဌ က သမ္မတမလုပ်ရတော့ ရီးလုပ်ရမှာလားဆိုပြီး ဒက္ခိဏအဝိုင်းပေါ်တက်ပြီး အော်သာဆဲလိုက်ပါတော့။ T.H.A သန်းထိုက်အောင်
-

Tay ချင်လောက်အောင် ကံဆိုးနေပါစေ ဘယ်ဗေဒင် ယတြာမှမလို ဒီဂါထာထုံအောင်သာ ရွတ်
ဘဝမှာ Tay ချင်လောက်အောင် ကံဆိုးနေပါစေ ဘယ်ဗေဒင် ယတြာမှမလို ဒီဂါထာထုံအောင်သာ ရွတ်နေပါ 🙏🙏 ဘဝမှာ ဘယ်လောက်ပဲ ကံဆိုးနေပါစေ… ဘယ်ဗေဒင်ယတြာမှ မလိုဘဲ ကုစားနိုင်မည့် “ဓမ္မစက် ဂါထာတော်ကြီး” လောကဓံတရားရဲ့ ရိုက်ခတ်မှုကြောင့် ဘဝမှာ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေတာ၊ အကြွေးသံသရာပတ်နေတာ၊ ဝင်ငွေမရှိ မိသားစုရေး အဆင်မပြေတာနဲ့ စိတ်ဓာတ်ကျ အားငယ်နေတာမျိုးတွေကို လူတိုင်း ကြုံတွေ့ရတတ်ပါတယ်။ ဒီလို အခက်အခဲတောင်ကြီးကို ငါကျော်နိုင်ပါ့မလားလို့ တွေးပူနေသူတွေအတွက် ဘယ်ဗေဒင်ယတြာမှ မလိုအပ်ဘဲ မိမိကိုယ်တိုင် အားကိုးအားထားပြုနိုင်တဲ့ ဇလွန်မြို့၊ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၏ “ဓမ္မစက် ဂါထာတော်ကြီး” ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဂါထာတော်ကို စိတ်ပါလက်ပါ ထုံအောင် ရွတ်ဖတ်ပူဇော်နေခြင်းဖြင့် ထူးခြားတဲ့ အကျိုးကျေးဇူးတွေကို ခံစားရစေမှာ ဖြစ်ပါတယ်။ တကယ်လုပ်ရင်…
-

အကျင့်စာရိတ္တပြုပြင်ပေးရန် မိဘကိုယ်တိုင် ပုလဲအရန်မီးသတ်သို့ ပို့ထားသည့် ကလေးတစ်ဦး ဖုန်းနှစ်လုံးခိုးယူထွက်ပြေး
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိ ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းတွင် မိခင်ဖြစ်သူက သားဖြစ်သူအား လိမ်မာယဉ်ကျေးစေရန်အတွက် လာရောက်အပ်နှံထားစဉ်အတွင်း အဆိုပါကလေးငယ်က စခန်းရှိ လက်ကိုင်ဖုန်းနှစ်လုံးအား ခိုးယူထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့(မတ် ၁၆ ရက်)တွင် ဖြစ်ပွားခဲ့သည်။ လွန်ခဲ့သည့် ခြောက်ရက်ခန့်က လှိုင်သာယာမြို့နယ်၊ သမကုန်းရပ်ကွက်တွင် နေထိုင်သည့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ၎င်း၏သားဖြစ်သူ မောင်မျိုးမင်းသန့်အား အပေါင်းအသင်းမှားကာ ခိုးမှုများကျူးလွန်နေခြင်းကြောင့် ပြုပြင်ထိန်းသိမ်းပေးရန် ပုလဲအရန်မီးသတ်စခန်းသို့ လာရောက်အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဖခင်မရှိတော့သည့်နောက်ပိုင်း သားနှစ်ယောက်အား ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်ကျွေးမွေးနေရသူဖြစ်ပြီး အကြီးဖြစ်သူမှာလည်း မသန်စွမ်းဝေဒနာ ခံစားနေရသူဖြစ်ကာ သန့်ရှင်းရေးအလုပ်ဖြင့် မိသားစုဝမ်းရေးကို ဖြေရှင်းနေရသဖြင့် သားငယ်ဖြစ်သူအား ထိန်းသိမ်းရန် ခက်ခဲနေချိန်တွင် ယခုကဲ့သို့ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ခေါင်းဆောင် ဦးထင်လင်းအောင်က “ကျနော်တို့ဆီကို အမေဖြစ်သူက ဒုက္ခရောက်နေလို့ဆိုပြီး လာအကူအညီတောင်းတာပါ။…
-

မိုးညှင်းမြို့နယ်မှာ မိသားစုဝင် ၅ ဦး နဲ့ အိမ်အကူအမျိုးသမီးတစ်ဦးအပါအဝင် လူ ၆ ဦး အသတ်ခံရ
ကချင်ပြည်နယ် ၊ မိုးညှင်းမြို့နယ်မှာ မိသားစုဝင် ၅ ဦးနဲ့ အိမ်အကူအမျိုးသမီးတစ်ဦး အပါအဝင်လူ ၆ ဦး အကြောင်းအရာမဲ့ သတ်ဖြတ်ခံလိုက်ရတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။ မတ်လ ၄ ရက် ည ၁၁ နာရီဝန်းကျင်လောက်မှာ မိုးညှင်းမြို့နယ်ထဲက ဟိုပင်မြို့ ၊ မြို့မတောင်ရပ်ကွက် ၊ မြသာယာရပ် နယ်မြေ (၅) မှာနေထိုင်တဲ့ ဦးကျော်မြတ်ဦး (၄၁) နှစ် ၊ ဇနီးဖြစ်သူ ဒေါ်အိဖြူ (၃၇) နှစ် ၊ သားဖြစ်သူ မောင်ဘုန်းခန့်ကျော် (၁၁) နှစ် ၊ သမီးဖြစ်သူ ၂ ဦးဖြစ်တဲ့ မယုဝတီကျော် (၉) နှစ် ၊ မယွန်းဝတီကျော် (၅) နှစ် နဲ့ အိမ်အကူဖြစ်သူ…