Author: Baby Yit Lone

  • နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…

    ​ဒီနေ့ (၁၀. ၅ .၂၀၂၆) မနက်ပိုင်းမှာ ကိစ္စတစ်ခုနဲ့ “အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီ (ချောက်မြို့)” ရဲ့ စိုက်ကွက် (၁) ဖြစ်တဲ့ ရှစ်မျက်နှာဘုရားကုန်းစိုက်ခင်းထဲ ရောက်ခဲ့ပါတယ်။

    ​စိုက်ခင်းထဲ လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့သြတုန်လှုပ်ပြီး ရင်နာစရာပါပဲ။ ကျွန်တော်တို့ သေချာပြုစုပျိုးထောင်ထားတဲ့ အရွယ်ရောက်ပြီးသား “ရှားပင်” တွေကိုမှ ရွေးပြီး ခုတ်ဖြတ်ခိုးယူသွားကြတာကို တွေ့လိုက်ရပါတယ်။

    ​👋 ခုတ်ယူသွားတဲ့သူတွေကို မေးချင်ပါတယ်…

    ​ခင်ဗျားတို့ တကယ်ကို လူမဆန်လိုက်တာဗျာ။ ကျွန်တော်တို့ မြို့အပူချိန် လျော့ကျဖို့အတွက် ဒီသစ်ပင်တွေကို ၆ နှစ်ကျော်ကြာ အချိန်ပေး၊ လူပင်ပန်းခံပြီး စိုက်ပျိုးခဲ့ကြတာပါ။

    ​သစ်ပင်တစ်ပင် ဖြစ်လာဖို့ ဘယ်လောက် အချိန်ပေးရလဲ ခင်ဗျားတို့ သိလား?

    ​ကျွန်တော်တို့ သွေးချွေးတွေနဲ့ စိုက်နေချိန်မှာ ခင်ဗျားတို့တစ်ခါလောက် ရောက်ဖူးလား?

    ​ခင်ဗျားတို့အတွက်တော့ ဝန်းခြံတိုင် လုပ်ဖို့လောက်ပဲ မြင်မှာပေမဲ့ ဒါဟာ မြို့ရဲ့ အနာဂတ် အေးရိပ်တွေပါဗျာ။

    ​⚖️ သက်ဆိုင်ရာ တာဝန်ရှိသူများသို့…

    ​အများအကျိုးအတွက် စိုက်ပျိုးထားတဲ့ သစ်ပင်တွေကို ခုလို ဖျက်လိုဖျက်စီး လုပ်သွားတဲ့သူတွေကို ထိထိရောက်ရောက် စုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါတယ်။

    ​မိမိတို့ကိုယ်ကျိုးအတွက် မြို့ရဲ့ အေးရိပ်ကို ဖျက်ဆီးတဲ့ လုပ်ရပ်တွေကို အားလုံးက ဝိုင်းဝန်း ကန့်ကွက်ပေးကြပါဦးဗျာ။

  • ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် (၄)ဆပိုပြင်းတဲ့ တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး

    ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် (၄)ဆပိုပြင်းတဲ့ တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး

    မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇေ၀ဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။

    မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။

    မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်း၀ယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ်ဖြစ်စေပါသလား။

    တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ်စာကတ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလည်း (ဂူဂယ်လ်)မှာတွေ့ပါတယ်။ ရေးထားတာတွေက ပညာပေးနဲ့မတူကြပါ။

    ၂၂-၅-၂၀၁၃ရက်နေ့က သတင်းတစ်ပုဒ်မှာ Burundanga business card ကတ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အတုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတစ်ယောက် ဓာတ်ဆီဆိုင်တစ်ခုမှာ လိပ်စာကတ်ပေးပြီး နောက်ယောင်ခံအလိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။ အဲဒီကပ်မှာ Burundanga ဆေးပါတယ်။ ဒါပေမဲ့ အဲဒီလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေးပါးစပ်ကနေ၀င်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲခပ်ထားတာ သောက်မိရင်တော့ ဖုတ်၀င်သလိုဖြစ်ပါလိမ့်မယ်။ အဲဒီလိုမျိုး နယူးယောက်မှာဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။

    ဘူရူဒန်းဂါဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angle’s Trumpet ပဒိုင်းပင်ဟာလည်း ရုက္ခဗေဒအလိုအရ Brugmansia genus အနွယ်၀င်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဖူးပေမယ့် ကြားဖူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။ ဓာတ်ခွဲခန်းမှာလည်းထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဖို့ အများကြီးသုံးပါတယ်။ မှတ်ဉာဏ်ကိုသက်ရောက်စေပြီး ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။

    ဆေဝါးဗေဒအလိုအရ ှScopolomine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လည်းခေါ်တယ်။ မျက်စိသူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့အူတွေ အလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွာအနေနဲ့ရတယ်။

    Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့သုံးတယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လည်း သုံးတယ်။ နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည်စတာတွေ အထွက်သက်သာအောင်လည်းသုံးတယ်။ ပါကင်ဆိုနဇင်ရောဂါအတွက်လည်းသုံးတယ်။ အရင်တုန်းက ဘိန်းဖြူနဲ့ကို ကိန်းဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လည်းရတယ်။ ဘိန်းပါတဲ့ အနာသက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့ သုံးတယ်။ ဥပမာ မောဖိန်း။ သားဖွားခန်းမှာလည်း ငြိမ်ဆေးအဖြစ်သုံးကြတယ်။ ဒါပေမဲ့ ကိုယ်၀န်ဆောင်တွေ မသုံးသင့်ဘူး။ အထဲက ကလေးကို ထိခိုက်စေနိုင်တယ်။

    ဘေးထွက်ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိေ၀ဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ၀မ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင် ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။ စိတ်ရှုပ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြားရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုပဲ မှတ်ဉာဏ်လျော့နည်းစေတယ်။

    တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဖို့ဆိုပြီးသုံးတယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဖို့အတွက်လည်းသုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ၊ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုပ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီးတိုက်တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

    လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ် . . .

    ၉-၇-၂၀၁၀ ရက်နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ်လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြိုသောက်ရာကနေ ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း)ခေါ်တဲ့ သူများမမြင်တာတွေကိုမြင်၊ သူများမကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေဖြစ်စေတယ်။ ဒါ့ပြင် နှလုံးခုန် တအားမြန်လာပြီး၊ သေလောက်အောင်ဆိုးတဲ့ နှလုံးခုန်မမှန်တာနဲ့ ပန်းနာထသလို အဆုတ်လေပြွန်တွေ ကျဉ်းတာတွေဖြစ်လာမယ်။ ရောဂါဗေဒဂျာနယ်မှာ ဒီဆေးရဲ့ ဟယ်လူစီနေးရှင်းသတ္တိဟာ စိတ်သာယာဖို့ထက် ကြောက်မက်ဖွယ်ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာရူးသွပ်စေတယ်။

    ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့လူတယောက်ကို (ဆွစ်) သဘာ၀သိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငုလေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကို စိုက်ကြည့်နေတယ်။ ပါးစပ်ကိုစိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။ နဖူးမှာချွေးစီးတွေ ပျံလာတယ်။ လူသေလိုပဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေထောင်နေတယ်။ အသက်ရှူတာလည်း ရင်ဘတ်က ခပ်နှေးနှေး ဖောင်းလိုက်-ပြားလိုက်နဲ့ တစီစီမြည်နေတယ်။ လက်နှစ်ဖက်ကတင်းပြီး ဘေးချထားတယ်။ မျက်လုံးကမျက်ရည်တွေ အများကြီးစီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိဖြစ်လာတယ်။ အသက်ရှူမြန်လာတယ်။ ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။

    အဲဒီနောက် အဲလိုဖြစ်တာတွေက ပြင်းထန်လာတယ်။ မျက်လုံးတွေနီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာကြွက်သားတွေတွန့်လှုပ်လာတယ်။ တစ်၀က်တပျက် ပွင့်နေတဲ့ပါးစပ်က အမြှုပ်ဖြူတွေထွက်လာတယ်။ လည်ပင်းကြောတွေ လှုပ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ဘတ်လှုပ်နေတယ်မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တစ်ကိုယ်လုံးစိုရွှဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်နေလိုက် အသံကျယ်ကြီးနဲ့အော်လိုက် ဘာသံတွေလည်း ခွဲလို့မရဘူး။

    ကိုလမ်ဘီယာနိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ်သုံးကြတယ်။ အမှုန့်ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လည်းသေသွားမယ်။ စုန်းမှော်အတတ်ပညာမှာလည်း သုံးတယ်လို့သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လည်း နာမည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။

    Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့၀ှက်ပုလိပ်တွေကသုံးတယ်။ မြန်မာစစ်ထောက်လှမ်းရေးလည်း ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့သံသယရှိကြတယ်။

    ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း(ပီကေ)၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ် ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတင်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန်နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။ နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလည်း စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ်လျှို့၀ှက် ပုလိပ်တွေကသုံးတယ်။

    ဒေါက်တာတင့်ဆွေ

  • မသမာသူတွေ သုံးနေကြတဲ့ Burundanga ဆိုတာ

    မသမာသူတွေ သုံးနေကြတဲ့ Burundanga ဆိုတာ

    Burundanga (ဘူရူဒန်းဂါ) သည် လူသိများသော Scopolamine (စကိုပိုလာမင်း) ဆေးတစ်မျိုးဖြစ်ပြီး၊ အဓိကအားဖြင့် တောင်အမေရိကနိုင်ငံများ (အထူးသဖြင့် ကိုလံဘီယာ) တွင် ရာဇ၀တ်မှုများ ကျူးလွန်ရန် အသုံးပြုသည့် အဆိပ်သင့်စေသော ပစ္စည်းတစ်ခုဖြစ်သည်။

    ၎င်းကို “Devil’s Breath” (မာရ်နတ်၏ အသက်ရှူသံ) ဟုလည်း လူသိများကြသည်။

    ၎င်းနှင့်ပတ်သက်၍ သိထားသင့်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်

    -၁။ ဘူရူဒန်းဂါဆိုတာဘာလဲ။

    မူရင်းဇာစ်မြစ်: Brugmansia (ပဒိုင်းပွင့်) ဟုခေါ်သော အပင်မှရရှိသည့် သဘာဝအယ်လ်ကာလွိုက် (Alkaloid) ဖြစ်သည်။

    သဘောသဘာဝ: အရသာမရှိ၊ အနံ့မရှိသဖြင့် အစားအသောက်တွင် ရောစပ်ပါက သိရှိရန် ခက်ခဲသည်။

    ဆေးဝါးအဖြစ်သုံးစွဲမှု: ဆေးဘက်ဆိုင်ရာတွင် ပျို့အန်ခြင်း၊ ခရီးသွားစဉ် မူးဝေခြင်းနှင့် ခွဲစိတ်မှုမပြုမီ တံတွေးလျှော့ချခြင်းတို့အတွက် (အတိုင်းအတာတစ်ခုထိ) အသုံးပြုကြသည်။

    ၂။ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုနှင့် အန္တရာယ်

    မှတ်ဥာဏ်ပျက်ပြားခြင်း:

    ၎င်းသည် ဦးနှောက်၏ မှတ်သားနိုင်စွမ်းကို ယာယီဖျက်ဆီးပစ်ပြီး အမြန်မှတ်ဥာဏ် (Amnesia) ကို ဖြစ်စေသည်။

    အလိုအလျောက်လိုက်နာခြင်း:

    လူကို အသိစိတ်မလွတ်ဘဲ အမိန့်နာခံတတ်သော “စက်ရုပ်” ကဲ့သို့ ဖြစ်စေပြီး၊ မူးယစ်နေစဉ်အတွင်း ကျူးလွန်သူ၏ အမိန့်ကို နာခံမိစေသည်။

    အခြားသက်ရောက်မှုများ:

    မျက်စိသူငယ်အိမ်ကျယ်ခြင်း၊ အသက်ရှူနှေးခြင်း၊ အိပ်ငိုက်ခြင်းနှင့် စိတ်လှုပ်ရှားမှု လွန်ကဲခြင်းတို့ ဖြစ်စေနိုင်သည်။

    ၃။ ရာဇ၀တ်မှုတွင် အသုံးပြုပုံ

    အသုံးပြုသည့်နည်းလမ်း:

    အမှုန့်ကို မှုတ်ထုတ်ခြင်း၊ အဖျော်ယမကာတွင် ထည့်ခြင်း သို့မဟုတ် အရေပြားမှတစ်ဆင့် စုပ်ယူစေခြင်း (Patch) နည်းလမ်းများဖြင့် အသုံးပြုကြသည်။

    ရည်ရွယ်ချက်:

    လုယက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဘဏ်အကောင့်မှ ငွေထုတ်ယူခိုင်းခြင်းနှင့် အဖိုးတန်ပစ္စည်းများ ပေးအပ်စေခြင်းတို့အတွက် အသုံးပြုကြသည်။

    အန္တရာယ်ရှိမှု:

    ပမာဏများပါက အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။

    ၄။ ဘူရူဒန်းဂါအကြောင်း လွဲမှားနေသော အယူအဆများ

    ချက်ချင်းသတိလစ်ခြင်း:

    သတင်းများတွင် ကြားနေရသည့်အတိုင်း လူတစ်ယောက်ကို ချက်ချင်း သတိလစ်သွားအောင် (သို့) မျက်စိတစ်မှိတ်အတွင်း “အိပ်ပျော်” သွားအောင် ပြုလုပ်နိုင်ခြင်းမျိုး မဟုတ်ဘဲ၊ စိတ်ကို ထိန်းချုပ်၍မရအောင် လုပ်ဆောင်ခြင်းဖြစ်သည်။

    Burundanga သည် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်စွမ်းကို ပျက်ပြားစေသောကြောင့် အလွန်အန္တရာယ်ကြီးသည့် မူးယစ်ဆေးဝါးတစ်ခုဖြစ်သည်။

    Burundanga ဆိုတာ အဓိကအားဖြင့် Scopolamine လို့ခေါ်တဲ့ ဆေးဝါးတစ်မျိုးကို ဆိုလိုတာဖြစ်ပါတယ်။

    ၎င်းကို “ကမ္ဘာ့အန္တရာယ်အရှိဆုံး ဆေးဝါး” လို့တောင် တချို့က တင်စားခေါ်ဝေါ်ကြပါတယ်။

    ​ဒီဆေးနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကို အောက်မှာ အကျဉ်းချုပ် ဖော်ပြပေးလိုက်ပါတယ် –

    ​၁။ ရရှိလာပုံ

    ​Burundanga ကို Borrachero လို့ခေါ်တဲ့ အပင် (အဆိပ်ရှိ အပွင့်ဖြူဖြူ အလှစိုက်ပင်မျိုး) ရဲ့ အစေ့နဲ့ အရွက်တွေကနေ ထုတ်ယူရရှိပါတယ်။ ဒီအပင်ဟာ တောင်အမေရိကတိုက် (အထူးသဖြင့် ကိုလံဘီယာနိုင်ငံ) မှာ အများဆုံး ပေါက်ရောက်ပါတယ်။

    ​၂။ ဘယ်လိုအာနိသင်ရှိသလဲ

    ​ဒီဆေးဟာ လူတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။

    ​လွတ်လပ်စွာ ဆုံးဖြတ်နိုင်စွမ်း ပျောက်ဆုံးခြင်း: ဆေးမိသွားတဲ့သူဟာ တခြားသူခိုင်းသမျှကို ငြင်းဆန်ခြင်းမရှိဘဲ လိုက်လုပ်တတ်ပါတယ်။

    (ဥပမာ- ဘဏ်ထဲကပိုက်ဆံတွေ အကုန်ထုတ်ပေးတာ၊ အိမ်သော့အပ်တာ စသည်ဖြင့်)။

    ​မှတ်ဉာဏ်ပျောက်ဆုံးခြင်း: ဆေးရှိန်ပြယ်သွားတဲ့အခါ မိမိဘာလုပ်ခဲ့သလဲဆိုတာကို လုံးဝ (လုံးဝ) မမှတ်မိတော့ပါဘူး။

    ​သတိလစ်ခြင်း: ပမာဏများသွားရင် သတိလစ်တာ ဒါမှမဟုတ် အသက်သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။

    ​၃။ ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုသလဲ

    ​ရာဇဝတ်ဂိုဏ်းတွေဟာ သားကောင်ကို ဒုက္ခပေးဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြပါတယ် –

    ​အစားအသောက် ဒါမှမဟုတ် အချိုရည်ထဲ ခိုးခည့်တာ။

    ​စက္ကူ (သို့မဟုတ်) လက်ကမ်းစာစောင်တွေမှာ ဆေးသုတ်ပြီး ကမ်းပေးတာ (အရေပြားကနေတစ်ဆင့် စိမ့်ဝင်စေဖို့)။

    ​မျက်နှာနားကို မှုတ်ထုတ်တာ ဒါမှမဟုတ် အမွှေးနံ့သာလိုမျိုး ပက်ဖျန်းတာ။

    ​၄။ ဆေးပညာအရ အသုံးပြုမှု

    ​အဆိုးဘက်မှာ နာမည်ကြီးပေမဲ့ Scopolamine ကို ဆေးပညာလောကမှာ သင့်တင့်တဲ့ ပမာဏနဲ့ အသုံးပြုပါတယ်။

    ​ကားမူး/သင်္ဘောမူး သက်သာစေရန်: နားနောက်မှာ ကပ်ရတဲ့ ဆေးကပ်ခွာလေးတွေအဖြစ် သုံးပါတယ်။

    ​ခွဲစိတ်မှုမတိုင်ခင်: တံတွေးထွက်နည်းစေဖို့နဲ့ အော့အန်တာ သက်သာစေဖို့ သုံးပါတယ်။

    ​⚠️ သတိပြုရန်

    ​ခရီးသွားလာတဲ့အခါ ဒါမှမဟုတ် လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါ –

    ​မိမိရဲ့ အစားအသောက်နဲ့ အချိုရည်ကို မျက်ခြည်မပြတ်ပါစေနဲ့။

    ​လမ်းမှာ လူစိမ်းကမ်းပေးတဲ့ လက်ကမ်းစာစောင်၊ ရေမွှေးနမူနာ ဒါမှမဟုတ် အနံ့ပြင်းတဲ့ ပစ္စည်းတွေကို ယူမကိုင်ပါနဲ့၊ အနံ့မရှူပါနဲ့။

    ​ဒီအကြောင်းအရာဟာ ကြောက်စရာကောင်းပေမဲ့ စနစ်တကျ သတိထားနေထိုင်မယ်ဆိုရင် ဘေးကင်းနိုင်ပါတယ်။

    တစ်ခုခုထူးခြားတာ ခံစားရရင် လူစည်ကားရာကို အမြန်သွားပြီး အကူအညီတောင်းခံဖို့ လိုအပ်ပါတယ်။

  • အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး

    အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး မိန်းကလေးများ သထိထားရန်ကူးယူတင်ပြလိုက်သည်။

    အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်၀တ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

    သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။

    တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

    ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။

    အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။

    သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။

    စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

    ရုတ်တရက် ပတ်၀န်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

    ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

    အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။

    သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုး၀င်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။

    လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက ‘BURUNDANGA’ လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။

    အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။

    ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ၀င်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။

    ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

    ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။

    မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။

    Credit – ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

  • လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

    လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး

    မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

    မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    “မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။

    ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။

    မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

    “သေတဲ့ရာထူးက ကြီးတယ်လို့တော့ကြားတယ်။သူနဲ့ ဆက်စပ်တဲ့ပစ္စည်းတချို့လည်းပါသွားတယ်”လို့ သူက ပြောပါတယ်။

    ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆)နဲ့ (၃၁၇)တပ်ရင်းတွေ ရှိပါတယ်။

    စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    (ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ ခလရ(၁၀၆) ဒုတပ်ရင်းမှူးဆိုသူကို တွေ့ရစဥ်။ဓာတ်ပုံ – ရေးဘီလူး)

    11.5.2026

    မွန်ပြည်နယ် လမိုင်းမြို့ ခလရ(၁၀၆)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသော

    အမည်-ထွန်းရာကျော်၊

    ရာထူး-ဒုရင်းမှူး

    ဒုရင်းမှူး အဆင့်ရှိသည့် ခလရ(၁၀၆)တပ်ရင်းတွင် အားကိုးရသော

    ဒုရင်းမှူးထွန်းရာကျော်ကို ကျွုန်ုပ်တို့ရေးဘီလူးတပ်ရင်းမှ ဝိဉာဉ်အသွင်ပြောင်းပေးလိုက်ပါသည်။

    တိုက်ပွဲဖစ်ပွါးသည့်နေရာ-လမိုင်းမြို့ရဲစခန်းအနီး မီတာ(၁၀၀)အကွာဝေးတွင်ဖစ်သည်။

    အချိန်-6:30PM

    ရေးဘီလူး