Author: Baby Yit Lone
-

ခရီးဆောင်အိတ်ထဲ ဆေးခြောက် ၁၁၀ ကီလိုဂရမ် တွေ့ပြီး သီရိလင်္ကာရဟန်း ၂၂ ပါး ဖမ်းခံရ
သီရိလင်္ကာနိုင်ငံက လေဆိပ်တခုမှာ ရဟန်းတော် ၂၂ ပါးရဲ့ ခရီးဆောင်အိတ်တွေထဲကနေ ဝှက်သယ်လာတဲ့ ဆေးခြောက် ၁၁၀ ကီလိုဂရမ်ကို အကောက်ခွန်အရာရှိတွေက စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဘန်ကောက်ကနေ မြို့တော် ကိုလံဘိုကို ရောက်လာတဲ့ အဲဒီရဟန်းတော်တွေရဲ့ အိတ်တွေထဲမှာ ဝှက်သယ်လာတာပါ။ အာနိသင် အတော်ပြင်းတဲ့ Kush အမျိုးအစား ဆေးခြောက်တွေကို ရဟန်းတပါးချင်းစီမှာ ၅ ကီလိုဂရမ်လောက်စီ တွေ့ခဲ့တာလို့ အကောက်ခွန်ဘက်က ပြောပါတယ်။ ဒီရဟန်းတော်တွေဟာ အဓိကအားဖြင့် ကျောင်းသားရဟန်းတွေဖြစ်ပြီး အမည်မဖော်လိုတဲ့ အလှူရှင်တဦးရဲ့ အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို လေးရက်ကြာ အပန်းဖြေခရီး သွားခဲ့ကြတာပါ။ အားလုံး ခရီးစရိတ်ငြိမ်းနဲ့ သွားခဲ့ကြတာဖြစ်ပြီး အပြန်မှာ အခုလို ဖမ်းခံလိုက်ရတာပါ။ ဒီခရီးစဉ်ကို စီစဉ်ပေးခဲ့တယ်လို့ ယူဆရတဲ့ ၂၃ ပါးမြောက် ရဟန်းတပါးကိုလည်း…
-

အွန်လိုင်းကနေ ပိုက်ဆံချေးတာ
ကောင်မလေး ၁ ယောက် အွန်လိုင်းကနေ ပိုက်ဆံချေးတာ ပိုက်ဆံမရခင် လိပ်ပြာမဲကြီး အရင်လှန်ပြရလို့ နောက်ဆုံး မလှန်ပြ နိုင်တော့ပဲ တိုင်တဲ့သတင်း၊ ဖြစ်စဉ်က အသက် 16နှစ်ရှိ၊ ကောင်မလေးက သူ ပိုက်ဆံလိုတော့ လိုင်းပေါ်ကနေ ဘတ် 1500ချေးခဲ့ပါတယ်။ သူမချေးခဲ့တဲ့ရက်က 3.03.2026ကပါ၊ ဒါပေမဲ့ ကောင်မလေးကို တဖက်က ပိုက်ဆံ မချေးပေးခင် ပိုက်ဆံချေးတာ မအောင်မြင်သေးဘူး။ ဘာပြောလဲ ဆိုတော့ ၊မှတ်တဲ့ကွန်ပြူတာဦးနှောက်က မီးစိမ်းမပြသေးဘူး။ ပိုက်ဆံလိုချင်ရင် လိပ်ပြာမဲကြီးလှန်ပြလို့ ပြောတယ်။ အဲတော့ ကောင်မလေးက ပိုက်ဆံလိုချင်တော့၊ တဖက်က ပြောတာကို ယုံပီး၊ တကယ်ပဲ လိပ်ပြာမဲကြီးကို လှန်ပြ၊ video ရိုက်ပီး ပို့ပေးလိုက်ပါတယ်ရှင့်။ နောက်တော့ ကောင်မလေးလဲ ဘတ် 1500 ရသွားပီး ပြန်မဆပ်နိုင်တော့ဘူး။…
-

မန္တလေးမြို့က ယူနီဖောင်းဝတ် ပြန်ပေးသမားများ
မန္တလေးမြို့၊ပုသိမ်ကြီးမြို့၊ ရန်ကင်းတောင် ခြေအနီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို လူအုပ်စုတစ်စုက ဧပြီလ ၁၂ ရက်နေ့(သင်္ကြန်အကြိုမတိုင်ခင်တရက်) မှာဆိုင်ကယ်ရော၊လူပါကားပေါ်ဆွဲတင်ခဲ့ကြပါတယ်။ အဲဒီလူငယ်ဟာ Wifi နဲ့တွဲသုံးတဲ့စက် တွေကို ဖြန့်ဖြူး ရောင်းချ နေသူဖြစ်ပြီး တခါတရံကိုယ်တိုင်ပစ္စည်းပို့ ဆောင် ပေး နေတာဖြစ်တယ်လို့ လူငယ်ကိုသိသူကပြောပါတယ်။ အဲဒီနေ့ကလည်း ပစ္စည်းသွားပို့ရင်း အခုလိုဆွဲတင်ခံရတာဖြစ်ပြီး အနီးမှာရှိတဲ့အမျိုးသားကြီးတဦးက မြင်လိုက်တာမို့ လုယက်သူတွေကြားက ပြန်လုရာမှာ ဆိုင်ကယ်တော့ပြန်မရဘဲ လူငယ် တော့ပြန်လွတ်လာတယ်လို့ လူငယ်ရဲ့ဦးလေးတော်စပ်သူက ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။ ဆိုင်ကယ်ရော လူငယ်ကိုပါ ကားပေါ်ဆွဲတင် လုယက်သူတွေဟာစစ်တပ်မွေးထားတဲ့ ပျူစောထီးတွေ နဲ့ စစ်အုပ်စုလက်အောက်ခံ ယူနီဖောင်းဝတ်လက်နက်ကိုင်အဖွဲ့တွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လူငယ်ရဲ့ဖြစ်စဥ်ကို ရေးတဲ့ပို့စ်ရဲ့အောက်ကမှတ်ချက်တွေမှာလည်း အလားတူဖြစ်ရပ်တွေကြုံခဲ့ရသူတွေ၊ မိသားစုဝင်တွေကဝင်ရောက် မှတ်ချက်ပြုရေးသားထားတာကို တွေ့ရပါတယ်။ ဒါဟာ စစ်တပ်လက်အောက်ခံ မြို့ကြီးတွေမှာတင် မကပဲ နယ်ဘက်ကမြို့အသေးတွေ ၊ကျေးရွာတွေ…
-

ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ
ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး ပြောတတ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ စစ်ကောင်စီ၏ ပြန်ကြားရေး ဒုတိယဝန်ကြီးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး၊ ပြည်သူလူထုအကြား “ဇော်မဲလုံး” ဟု အမည်ပြောင်ဖြင့် လူသိများသော ဗိုလ်ချုပ်ဇော်မင်းထွန်း ရဟန်းဝတ်ဖြင့် ရှိနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှုအပေါ် အများပြည်သူအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲများတွင်ပြည်သူဖက်ရပ်တည်သည့် မီဒီယာများနှင့် ပြည်သူလူထုအပေါ် ခက်ထန်မာကျောစွာ ဆက်ဆံလေ့ရှိပြီး၊ လက်တွေ့ဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော “ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး” ဟု တင်စားရလောက်သည့် လိမ်ညာပြောဆိုမှုများကြောင့် ပြည်သူအများစု၏ မုန်းတီးဆဲဆိုခြင်းကို ခံနေရသူလည်း ဖြစ်သည်။ သတင်းရင်းမြစ်အချို့၏ အဆိုအရ ၎င်း၏ဇနီးဖြစ်သူသည် အာဏာကို အသုံးပြုကာ တပ်မတော်ပိုင် မြေယာများကို အရောင်းအဝယ် ပြုလုပ်ခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။…
-

အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်”
အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်” ဘဝရဲ့ နေဝင်ချိန်မှာ နွေးထွေးတဲ့ အိမ်ဂေဟာလေးတစ်ခုထက် ပူလောင်တဲ့ မျက်ရည်တွေနဲ့အတူ လက်ဆယ်ရေကန်ဘောင်ထက်မှာ အဖော်မဲ့ ကျန်ရစ်ခဲ့ရတဲ့ ဖခင်အိုကြီးတစ်ဦးရဲ့ ဖြစ်ရပ်ကတော့ တကယ်ကို ရင်နာစရာပါ။ အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ ကိုယ်တိုင်မွေးထားတဲ့ သမီးအရင်းဖြစ်သူက အသက် (၆၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ မိဘအိုကြီးကို “လာရောက်စွန့်ပစ်သွားခဲ့တာ” ဖြစ်ပါတယ်။ ပရဟိတအဖွဲ့က လူငယ်တွေ ရောက်ရှိသွားချိန်မှာတော့ အဆိုပါဖခင်ကြီးဟာ အိမ်ပြန်ပို့မှာကို ကြောက်လန့်တကြား ငိုယိုတောင်းပန်နေရှာပါတယ်။ “အိမ်ပြန်ရင် ပိုဆိုးမှာကို ကြောက်နေတဲ့ မျက်ရည်တွေ…” သားသမီးတွေရဲ့ ငြိုငြင်မှုက ဘယ်လောက်တောင် ကြီးမားနေခဲ့သလဲဆိုတာ ဖခင်အိုကြီးရဲ့ တုန်လှုပ်နေတဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် သင်ခန်းစာတစ်ခုလည်း…