Author: Baby Yit Lone

  • မန္တ​လေးမြို့က ယူနီ​ဖောင်းဝတ် ပြန်​ပေးသမားများ

    မန္တ​လေးမြို့က ယူနီ​ဖောင်းဝတ် ပြန်​ပေးသမားများ

    မန္တလေးမြို့၊ပုသိမ်ကြီးမြို့၊ ရန်ကင်းတောင် ခြေအနီးမှာ ဆိုင်ကယ်စီးလူငယ်တဦးကို လူအုပ်စုတစ်စုက ဧပြီလ ၁၂ ရက်နေ့(သင်္ကြန်အကြိုမတိုင်ခင်တရက်) မှာဆိုင်ကယ်ရော၊လူပါကားပေါ်ဆွဲတင်ခဲ့ကြပါတယ်။ အဲဒီလူငယ်ဟာ Wifi နဲ့တွဲသုံးတဲ့စက် တွေကို ဖြန့်ဖြူး ရောင်းချ နေသူဖြစ်ပြီး တခါတရံကိုယ်တိုင်ပစ္စည်းပို့ ဆောင် ပေး နေတာဖြစ်တယ်လို့ လူငယ်ကိုသိသူက​ပြောပါတယ်။ အဲဒီနေ့ကလည်း ပစ္စည်းသွားပို့ရင်း အခုလိုဆွဲတင်ခံရတာဖြစ်ပြီး အနီးမှာရှိတဲ့အမျိုးသားကြီးတဦးက မြင်လိုက်တာမို့ လုယက်သူတွေကြားက ပြန်လုရာမှာ ဆိုင်ကယ်တော့ပြန်မရဘဲ လူငယ် တော့ပြန်လွတ်လာတယ်လို့ လူငယ်ရဲ့ဦးလေးတော်စပ်သူက ဖေ့ဘုတ်မှာ ရေးခဲ့ပါတယ်။ ဆိုင်ကယ်​ရော လူငယ်ကိုပါ ကား​ပေါ်ဆွဲတင် လုယက်သူ​တွေဟာစစ်တပ်​မွေးထားတဲ့ ပျူ​စောထီး​တွေ နဲ့ စစ်အုပ်စုလက်​အောက်ခံ ယူနီ​ဖောင်းဝတ်လက်နက်ကိုင်အဖွဲ့​တွေဖြစ်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။ လူငယ်ရဲ့ဖြစ်စဥ်ကို ​ရေးတဲ့ပို့စ်ရဲ့​အောက်ကမှတ်ချက်​တွေမှာလည်း အလားတူဖြစ်ရပ်တွေကြုံခဲ့ရသူတွေ၊ မိသားစုဝင်တွေကဝင်​ရောက် မှတ်ချက်ပြု​ရေးသားထားတာကို တွေ့ရပါတယ်။ ဒါဟာ စစ်တပ်လက်အောက်ခံ မြို့ကြီးတွေမှာတင် မကပဲ နယ်ဘက်ကမြို့အသေးတွေ ၊ကျေးရွာတွေ…

  • ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ

    ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ

    ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး ပြောတတ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း သင်္ကန်းစည်းခြင်းအပေါ် ဝေဖန်မှုများ ​စစ်ကောင်စီ၏ ပြန်ကြားရေး ဒုတိယဝန်ကြီးနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး၊ ပြည်သူလူထုအကြား “ဇော်မဲလုံး” ဟု အမည်ပြောင်ဖြင့် လူသိများသော ဗိုလ်ချုပ်ဇော်မင်းထွန်း ရဟန်းဝတ်ဖြင့် ရှိနေသည့် ဓာတ်ပုံတစ်ပုံ လူမှုကွန်ရက်တွင် ပျံ့နှံ့လာမှုအပေါ် အများပြည်သူအကြား ဝေဖန်မှုများ ပြင်းထန်နေသည်။ ​ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာရှင်းလင်းပွဲများတွင်ပြည်သူဖက်ရပ်တည်သည့် မီဒီယာများနှင့် ပြည်သူလူထုအပေါ် ခက်ထန်မာကျောစွာ ဆက်ဆံလေ့ရှိပြီး၊ လက်တွေ့ဖြစ်ရပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော “ဆင်ကိုဆိတ်၊ လိပ်ကိုဂျပိုး” ဟု တင်စားရလောက်သည့် လိမ်ညာပြောဆိုမှုများကြောင့် ပြည်သူအများစု၏ မုန်းတီးဆဲဆိုခြင်းကို ခံနေရသူလည်း ဖြစ်သည်။ ​သတင်းရင်းမြစ်အချို့၏ အဆိုအရ ၎င်း၏ဇနီးဖြစ်သူသည် အာဏာကို အသုံးပြုကာ တပ်မတော်ပိုင် မြေယာများကို အရောင်းအဝယ် ပြုလုပ်ခဲ့မှုများ ရှိခဲ့ကြောင်း သိရသည်။…

  • အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်”

    အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်”

    အသက် ၆၀ ကျော် ဖခင်အရင်းကို သမီးအရင်းက လက်ဆယ်ရေကန်ဘောင်မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ဖြစ်ရပ်” ဘဝရဲ့ နေဝင်ချိန်မှာ နွေးထွေးတဲ့ အိမ်ဂေဟာလေးတစ်ခုထက် ပူလောင်တဲ့ မျက်ရည်တွေနဲ့အတူ လက်ဆယ်ရေကန်ဘောင်ထက်မှာ အဖော်မဲ့ ကျန်ရစ်ခဲ့ရတဲ့ ဖခင်အိုကြီးတစ်ဦးရဲ့ ဖြစ်ရပ်ကတော့ တကယ်ကို ရင်နာစရာပါ။ အသက် (၃၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ ကိုယ်တိုင်မွေးထားတဲ့ သမီးအရင်းဖြစ်သူက အသက် (၆၀) ကျော်အရွယ်ရှိပြီဖြစ်တဲ့ မိဘအိုကြီးကို “လာရောက်စွန့်ပစ်သွားခဲ့တာ” ဖြစ်ပါတယ်။ ပရဟိတအဖွဲ့က လူငယ်တွေ ရောက်ရှိသွားချိန်မှာတော့ အဆိုပါဖခင်ကြီးဟာ အိမ်ပြန်ပို့မှာကို ကြောက်လန့်တကြား ငိုယိုတောင်းပန်နေရှာပါတယ်။ “အိမ်ပြန်ရင် ပိုဆိုးမှာကို ကြောက်နေတဲ့ မျက်ရည်တွေ…” သားသမီးတွေရဲ့ ငြိုငြင်မှုက ဘယ်လောက်တောင် ကြီးမားနေခဲ့သလဲဆိုတာ ဖခင်အိုကြီးရဲ့ တုန်လှုပ်နေတဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် သင်ခန်းစာတစ်ခုလည်း…

  • မွန်ဝန်ကြီးသား အုပ်ကြီးကို ပါးရိုက်ကာ အမှုလည်းဖွင့်ထား

    မွန်ဝန်ကြီးသား အုပ်ကြီးကို ပါးရိုက်ကာ အမှုလည်းဖွင့်ထား

    မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် မွန်ဝန်ကြီး၏သားက ကျေးရွာအုပ်ချုပ်ရေးမှူးကို ပါးရိုက်သည့် အပြင် အမှုလည်း ဖွင့်ထားကြောင်း သိရသည်။ ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်(ဧပြီ၁၇ရက်)တွင် သံဖြူဇရပ်မြို့နယ်၊ပငရွာအတွင်း တရားမဝင် မွန်ပြည်နယ်ဝန်ကြီး နိုင်လယိတမသား ဇင်မျိုး၏အဖွဲ့နှင့် ပငရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ စကားများ ရန်ဖြစ်ကြရာမှ ဇင်မျိုးက အုပ်ကြီးကို ပါးရိုက်ခဲ့သည့်အပြင် အုပ်ကြီးအပါအဝင် ၈ဦးအား သံဖြူဇရပ်ရဲစခန်း၌ အမှုဖွင့်ထားကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးထံက သိရသည်။ “အဲဒီသတင်းကို လဂွန်းအိမ်စာစဉ်က တင်ထားတာတွေ့လို့ ဒေသခံတွေဆီ စုံစမ်းကြည့်တော့ သတင်း မှန်ပါတယ်။ဖြစ်တာကတော့ ဝန်ကြီးသားဆိုတဲ့ကောင်က အာဏာပြတာပေါ့။ပင ဆိုတာ နိုင်လယိ တမရဲ့ ဇာတိရပ်ရွာလည်းဖြစ်တော့ ရွာမှာရှိနေတဲ့ ဝန်ကြီးသားနဲ့ဆွေမျိုးအပေါင်းအပါက ပါဝါပြပြီး အုပ်ကြီးကိုပါ ပါးရိုက်ပစ်လိုက်တာ။ပြီးတော့ ပါးလည်းရိုက် အမှုလည်းဖွင့်တော့ ပြည်သူတွေကြားထဲ မှာ ဟာသဖြစ်နေတာပေါ့”ဟု ၎င်းက ပြောသည်။ ပငရွာတွင် သင်္ကြန်တွင်း…

  • ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး

    ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး

    မြောက်ဦးနှင့် မောင်တောမြို့တွင် အသက်ငါးနှစ်အောက် ကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရ၊ တစ်ဦးသေဆုံး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်နှစ်ခုတွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦး အဓမ္မပြုကျင့်ခံရမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ရသည်ဟု ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ကျူးလွန်ခဲ့သူများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေး (DLEPS) ဌာနက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသော်လည်း မည်သို့ဆောင်ရွက်နေသည်ကိုမူ အသေးစိတ်မသိရကြောင်း ခံရသည့် ကာယကံရှင်မိသားစုဝင်များက ဆိုကြသည်။ အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် သတ်ဖြတ်မှုဖြစ်စဉ်မှာ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာနှင့် မောင်တောမြို့နယ် အောင်သုခကျေးရွာတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးကို အသက် ၆၀ အရွယ် အမျိုးသား ၁ ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသအခြေစိုက်…