Author: Baby Yit Lone
-

နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း
⚠️ နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်စမယ့် သတင်းတွေ ကြားနေရပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စ သက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့၊ ကျွန်တော်တို့ရဲ့ သားသမီးတွေနဲ့ မြန်မာနိုင်ငံရဲ့ မြေပုံရာဇဝင်ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ အသက်တမျှအရေးကြီးတဲ့ ကိစ္စ ပါ။ဘာကြောင့်လဲဆိုတာကို စိတ်ရှည်လက်ရှည် ဖတ် ကြည့်ပေးစေလိုပါတယ်။ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း ဆွေးနွေးကြတဲ့အခါ စီးပွားရေးအကျိုးအမြတ်တွေ အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောနဲ့ အနာဂတ်လုံခြုံရေးအတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်။ ဒီစီမံကိန်းဟာ စီးပွားရေး၊ နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိသလို မြန်မာနိုင်ငံ ရဲ့ အသက်သွေးကြောကို ခြိမ်းခြောက်နေတဲ့ အလွန် ကြီးမားတဲ့ ဘူမိဗေဆိုင်ရာအန္တရာယ် (Geological High-Risk)တရပ်လည်း ဖြစ်နေပါတယ်။ 🌍 မြန်မာ့ဘူမိနောက်ခံ-…
-

Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာန ညှိနှိုင်းထားထားဟုဆို
Miss Grand Myanmar ပြိုင်ပွဲတွင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည့် အလှမယ်အပါအဝင် ပြိုင်ပွဲတာဝန်ရှိသူများကို စိစစ်ဖော်ထုတ်အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားထားကြောင်း သာသနာရေးဝန်ကြီးဌာနက ဖြေကြားသည်။ အဆိုပါ Miss Grand Myanmar ပြိုင်ပွဲတွင် အလှမယ်တစ်ဦးက သီလရှင်ဝတ်စုံကို ဝတ်ဆင်ခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်မှုများထွက်ပေါ်နေမှုအပေါ် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် သာသနာရေးဝန်ကြီးဌာနက ထိုသို့ဖြေကြားသည်။ သာသနာရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားရာတွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ်အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင်အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆…
-

ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော
နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။ မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။…
-

တောင်ကြီး Peter ဘားပိုင်ရှင်ရဲ့ နောက်ကြောင်းတွေ ပေါ်လာပြီ
မနေ့ညက တောင်ကြီးမှာ ဆယ်ကျော်သက် ဘားဝန်ထမ်းမိန်းကလေးငယ်တစ်ဉ်ီးကို ညောင်ရွှေကနေ လာဖွင့်တဲ့ peter ဘားဆိုင်ရှင်က ကိုယ်ထိလက်ရောက် ရိုက်နှက်ညှင်းပန်းမှုကြောင့် အသက်သေဆုံးတဲ့အထိ ဖြစ်သွားခဲ့ပါတယ် ကျူးလွန်သူဟာ ညောင်ရွှေက ဘောမတစ်ကောင်ဖြစ်ပီး ဒီနှစ်အစကတည်းက သူ့ကိုယ်သူ travel blogger ယောင်ယောင် food blogger ယောင်ယောင်လုပ်ပီး တောင်ကြီးမှာ peter ဘားဆိုပီး လာဖွင့်ထားတယ် အရင်က ညောင်ရွှေမှာနေတာဖြစ်ပီး ဟိုတယ်ဇုန်မှာလည်း အခုလို ဘားဖွင့်ခဲ့ဖူးတယ် covid ရယ် coup ရယ်ကြောင့် အလုပ်မဖြစ်လို့ ပိတ်သွားခဲ့ရတယ် ဒီနှစ်အစ တောင်ကြီးမှာ အဲ့ဘားလာဖွင့်တော့ ဝိုင်းပီး promotion ဆင်းပေးခဲ့ကြတဲ့ တောင်ကြီးက elite အသိုင်းဝိုင်းတွေ နောက် ဘာဘလော်ကာ ညာဘလော်ကာတွေ အခုချိန် သူ့ဆိုင်ကို ချီးမွန်းထောပနာပြုထားတာမှန်သမျှ ပြန်ဖျက်ချင်ဖျက်ထားလို့ရသေးတယ်နော် ဘာလို့…
-

တောင်ကြီး Peter ဘားဆိုင်ပိုင်ရှင် ထိုးကြိတ် ရိုက်နှက်မှုကြောင့် ဝန်ထမ်းအမျိုးသမီး သေဆုံး
ရှမ်းပြည်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ပိုင်ရှင်၏ ထိုးကြိတ်ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဖြစ်စဉ်မှာ ယမန်နေ့ မေ ၄ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်အတွင်း လာရောက် စားသောက်သည့် ဧည့်သည်တစ်ဦးမှ ပေးအပ်သည့် မုန့်ဖိုးနှင့် ပတ်သက်၍ ဝန်ထမ်းအမျိုးသမီးက ကြိုတင်အသိပေးခြင်း မရှိဟုဆိုကာ ဘားဆိုင်ပိုင်ရှင် အောင်မျိုးသူ (ခ) Peter ကထိုးကြိတ် ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယင်းရိုက်နှက်မှုကြောင့် အမျိုးသမီးငယ်မှာ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်ပိုင်းတို့တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ရုပ်အလောင်းမှာ ထိခိုက်ဒဏ်ရာ အများအပြား တွေ့ရတယ်။ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်…