Author: Baby Yit Lone
-

ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်
ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ် ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ မေလ ၁၃ ရက် မနက်က ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မေလ ၁၃ ရက် မနက်က ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ ပုပ္ပားဘက်ကလာတဲ့ ခိုင်နှင်းဝေပရဟိတအဖွဲ့ဝင်တွေပါတဲ့ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “မနေ့က ဗျတ္တပန်းဆက်လမ်းမှာ PDF တွေ ခိုင်နှင်းဝေကားကို စစ်ဆေးတဲ့သတင်းက မှန်တယ်။ ဒါပေမယ့် ဖမ်းဆီးတာမရှိဘူး၊ ပြန်လွှတ်ပေးလိုက်တယ်။ စစ်တပ်လော်ဘီတွေက သူများတင်တဲ့ Post တွေကို ပြန် Share ပြီး ဝါဒဖြန့်နေတာ” လို့ ရှင်းပြပါတယ်။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ နီးစပ်သူတစ်ဦးကလည်း…
-

ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက် လက်ထိပ်ခတ်ပြီးစစ်မှုထမ်းဖို့ခေါ်ဆောင် (ရုပ်သံ)
မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်ပြီးစစ်မှုထမ်းဖို့ခေါ်ဆောင် ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေ မေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။ အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။ ရုပ်သံမှာတွေ့ရတဲ့ ဆရာတော်ကတော့ မကွေးဆရာတော်လို့လူသိများတဲ့ မဘသဘုန်းကြီး ဦးပါမောက္ခဖြစ်ပါတယ်။ ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၉…
-

သရုပ်ဆောင် ခိုင်နှင်းဝေနှင့်အဖွဲ့ ပျောက်ဆုံးနေ
သရုပ်ဆောင် ခိုင်နှင်းဝေနှင့် ပရဟိတအဖွဲ့ ပုပ္ပါး-ပုဂံ လမ်းပိုင်းတွင် ပြန်ပေးဆွဲခံရဟု သတင်းများထွက်ပေါ် သရုပ်ဆောင် ခိုင်နှင်းဝေနဲ့ သူမရဲ့ ပရဟိတအဖွဲ့ဝင်များဟာ ယမန်နေ့ မေလ ၁၃ ရက်နေ့က ပုပ္ပါးမှ ပုဂံသို့အသွား လမ်းခရီးမှာ အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးနေပြီး ပြန်ပေးဆွဲခံထားရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မနက်ပိုင်းက ပုပ္ပါးတောင်ကလပ်မှာ ပွဲပေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ပြီးနောက်၊ မနက် (၁၀) နာရီကျော်ခန့်မှာ ပုပ္ပါးမှ ပုဂံကို Alphard ယာဉ် (၂) စီးနဲ့ ဗြတ္တပန်းဆက်လမ်းအတိုင်း ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ညပိုင်းအချိန်အထိ ပုဂံမြို့ကို ရောက်ရှိလာခြင်း မရှိသေးဘဲ အဖွဲ့ဝင်များနဲ့ပါ ဖုန်းအဆက်အသွယ် လုံးဝ ပြတ်တောက်နေဆဲဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ပျောက်နေခဲ့တာဟာ တစ် ရက်ရှိနေပြီ…
-

ငပျူ သုတ်သင်ရှင်းလင်းရေး
“ငပျူ သုတ်သင်ရှင်းလင်းရေး” မေလ ၁၄ ရက်နေ့ ဒီကနေ့ မနက် အစောပိုင်းက စပြီး ငပျူ သုတ်သင်ရေး စီမံချက်နဲ့ ငပျူစခန်း တချို့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်နေတယ်။ (နေရာကတော့ တိုက်ပွဲ ဖြစ်နေဆဲမို့ ခဏ ချန်ထားပါမယ်) စစ်တပ်က လေယာဉ်နဲ့တော့ ဗုံးလာကြဲပေမယ့် ဟန်ပြပါပဲ။ တော်လှန်ရေးတပ်နဲ့ ညှိပြီး ဗုံးကြဲနေသလား မှတ်ရတယ်။ တိုက်ပွဲမရှိတဲ့ နေရာကို ကြဲပြီး ပြန်သွား၊ လေယာဉ် ပြန်တာနဲ့ တော်လှန်ရေးတပ်က ဆက်ကြိတ်။ ငပျူတွေ အတုံးအရုံး ဖြစ်နေပြီ။ ကြားရတဲ့ အတွင်းသတင်းအရ အကြမ်းဖက် စစ်တပ်က ငပျူတွေကို စစ်မှုထမ်း မဟုတ်တဲ့ သန္ဓေစစ်သားအဖြစ် ခွေးတပ်ထဲကို ဝင်ဖို့ စီမံချက်နဲ့ ဆွဲခေါ်နေတယ်။ ခိုးဆိုးလုယက် ဓားပြတိုက် ဆက်ကြေးကောက်ဖို့လောက်ပဲ…
-

အင်းတော်မြို့အနီးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ မဲဇာကျေးရွာဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အထိနာပြီး နောက် လေကြောင်းကနေ ဗုံးကြဲပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ စုံစမ်းသိရပါတယ်။ စစ်တပ် တပ်စွဲထားတဲ့ ပေပင်ကျေးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို မနေ့က မေလ ၁၃ရက်ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ ” စကစတွေက အင်းတော်ကနေ မဲဇာဘက်ကို ထိုးဖို့ ကြိုးစားနေတာ။မနေ့ညကလည်း တိုက်ပွဲပြင်းထန်ပြီး ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲသွားတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်က ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံး ခြောက်လုံးကြဲသွားတာဖြစ်ပါတယ်။ ဒီနေ့ မေလ ၁၄ရက် မနက်ပိုင်းမှာလည်း စစ်ကြောင်း ပြန်ထွက်လာလို့ တိုက်ပွဲဆက်ဖြစ်နေသလို ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။ အင်းတော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကျောင်းသားတပ်မတော်(ABSDF)နဲ့PDF ပူးပေါင်းတပ်တွေက ၂၀၂၅ ဧပြီ…