Author: Baby Yit Lone
-

အင်းတော်-ကသာကြား အပီကြိတ် စိစိညက်ညက်ချေနေပြီ
အင်းတော်-ကသာကြားစစ်ရေးအရအရေးပါတဲ့စခန်းတစ်ခုကိုတော်လှန်ရေးတပ်တွေသိမ်း စစ်သားအများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းရဟုဆို စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့ကြားက စစ်ရေးအရအရေးပါတဲ့ နေရာတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကတပ်ရင်းသုံးခုက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ပင်းမလွတ်လမ်းခွစခန်းကို ဟုမ္မလင်းPDFတွေအပါအဝင်တော်လှန်ရေးမဟာမိတ်တပ်တွေက သုံးကြိမ်တိုင်ထိုးစစ်ဆင်အပြီး ဇူလိုင် နောက်ဆုံးပတ်က သိမ်းပိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ “အဲ့နေရာကစစ်ရေးအရ တကယ်အရေးပါပါတယ်။ဘာလို့ဆို အင်းတော် နဲ့ မော်လူးမှာတပ်စွဲထားတဲ့ စစ်တပ်က လက်နက်၊ လူ၊ အစားအစာကို ကသာကို ပို့မရတော့ဘူး”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထိုးစစ်ဆင်သိမ်းပိုက်မှုတွေမှာ လက်နက်မျိုးစုံ ၅၀ ၀န်းကျင်ရရှိပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၃၀ ကျော်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရ ကျဆုံးသူတချို့ရှိတယ်လို့ ဆိုပါတယ်။ “စစ်ရေးအခြေနေကတော့ ကသာအဝင်ထွက်လမ်းကိုထိန်းထားတယ်။လောလောဆယ်တော့သူတို့(စစ်တပ်)ကနေ့တိုင်းလိုလို လေယာဥ်အကူဒရုန်းအကူတွေနဲ့လာတိုးတယ်”လို့…
-

ဧရာဝတီမြေကို မနင်းရဲတဲ့ မင်းအောင်လှိုင်
ဧရာဝတီတိုင်း ရေဘေး မြေပြင်ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ ကြည့်ရှုခဲ့သည့် မင်းအောင်လှိုင်ကို စစ်တပ်အသိုင်းအဝိုင်းကပါ ပြန်လည်ဝေဖန် ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်နေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တကယ့် မြေပြင်ရေဘေးသင့်နေရာများသို့ ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ လှည့်လည်ကြည့်ရှုခဲ့သည့်အတွက် စစ်တပ်အသိုင်းအဝိုင်းကပင် ပြန်လည်ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်မှစ၍ ၁၀ ရက်အကြာ ရေကြီးရေလျှံနေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သော်လည်း ရေဘေးသင့်နေရာများသို့ ထဲထဲဝင်ဝင် သွားရောက်ခဲ့ခြင်း မရှိဘဲ လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူ အချို့နှင့် တွေ့ဆုံခြင်း၊ ငဝန်ရေကာတာ ကျိုးပေါက်မှုကို ရဟတ်ယာဉ်ပေါ်မှ ပတ်ကြည့်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့သည်။ မင်းအောင်လှိုင်၏ ရေဘေးသွားရောက်သည့် ပုံရိပ်များနှင့်…
-

နေဝင်ချိန်တွေနီးလာတဲ့ သီတာယုမွန်
PDF စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင်မရှိ PDF က စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင် မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ ဇူလိုင်၂၆ရက်ညတွင် မြင်းခြံမြို့၊၁၉ရပ်ကွက်၊မြင်းခြံ-ညောင်ဦးလမ်းဆုံရှိ စွန်းလွန်းပန်းခြံနေရာ၌ ကေတီဗီနှင့်စားသောက်ဆိုင်ကို သီတာယုမွန်က ငှားရမ်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး PDF တို့က အချိန်မရွေး တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။ “ဖွင့်ပွဲလုပ်တဲ့အချိန်မှာ ဖိတ်ထားတာဆိုတော့ ကီးဘုတ်မ(သီတာယုမွန်)ကို ကြောက်တာရော မသွား လို့မကောင်းတာရောပေါ့။ သွားကြတာတွေ ရှိတယ်။ အဲဒါပြီးတော့ လူအဝင်လုံးဝမရှိဘူး။ အဲဒါကြောင့် ကီးဘုတ်မက တစ်တော့ပေါ်မှာ လူမဝင်လို့ တစ်ယောက်တည်း ပေါက်ကွဲနေတယ်”ဟု မြင်းခြံမြို့သတင်းရင်းမြစ်က ပြောသည်။ ယင်းဆိုင်ကို PDF တို့က တိုက်ခိုက်မည်စိုးသဖြင့် ပျူစောထီးတို့က အရပ်ဝတ်ဖြင့် ကင်းစောင့်နေ…
-

ရေဘေးမှာလဲ အT-က်ပေးလိုက်ကြရတဲ့ ၅/ တွေ
စစ်ကိုင်းရေဘေး သေဆုံးသူ ၉ ဦးအထိ ရှိလာ၊ ရေ ဆက်တိုးနေ စစ်ကိုင်းတိုင်းအတွင်း ဖြစ်ပွားနေသည့် ရေကြီးမှုကြောင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာပြီး ရေမကျသေးဘဲ ရေဆက်လက် တိုးနေကြောင်း သိရသည်။ ရေကြီးရေလျှံမှုများအတွင်း ဩဂုတ်လ ၆ ရက်တွင် ဒီပဲယင်းမြို့နယ်၊ ချောင်းရိုးကျေးရွာ၌ ချောင်းဖြတ်ကူးသည့် ကောက်စိုက်သမ ၁၀ ဦးအနက် ခြောက်ဦး သေဆုံးခဲ့သလို၊ ဩဂုတ်လ ၈ ရက်နေ့တွင် ရွှေဘိုမြို့နယ်၌ လှေမှောက်၍ သားအဖနှစ်ဦး၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျွန်းတောကြီးရွာမှ အမျိုးသမီးတဦး သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ကိုးဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်။ မြေပြင်သတင်းရင်းမြစ်တဦးက “သဖန်းဆိပ်မှာတော့ တပေခန့် ကျသွားတယ်လို့ တွေ့ရပေမဲ့ ကာဘိုးဆည်မှာတော့ တန့်ဆည်ကြားမှာရှိတဲ့ စည်တုံးလုံးချောင်းနဲ့ အခြားသော ကန့်ဘလူကြားမှာရှိတဲ့…
-

ဒူးရင်းသီးစားပြီး ရှော့ဖြစ်သွားတယ်ဆိုတဲ့ ၁၉ နှစ်သမီးလေး နားလည်ရခက်စွာ ဆုံးပါးသွားမှု
အသက် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦး နားလည်ရခက်စွာ ဆုံးပါးသွားမှုမှာ မသင်္ကာစရာတွေ တွေ့လို့ အမေဖြစ်သူက အမှန်တရားအတွက် စုံစမ်းတိုင်ကြားထား အသက် ၁၉ နှစ်အရွယ် မနုန်းအစ် ဆိုတဲ့ ကောင်မလေး ဆုံးပါးသွားတာနဲ့ ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “ဒူရင်းသီးစားပြီး ရှော့ခ်ဖြစ်သွားတာ” လို့ ပြောခဲ့ပေမဲ့ ဆေးစစ်ချက်မှာတော့ မတူညီတဲ့ အကြောင်းရင်းကြောင့် ရှော့ခ်ဖြစ်တာလို့ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် အမေဖြစ်သူက မသင်္ကာစရာ အချက်အလက်တွေနဲ့အတူ အမှန်တရား ပေါ်ပေါက်ဖို့ တိုင်ကြားထားပါတယ်။ ဖြစ်စဉ်ကတော့ မနုန်းအစ်ဆီကို နေ့လယ် ၂ နာရီ ၃၅ မိနစ်လောက်မှာ သူငယ်ချင်းမတစ်ယောက် ကားနဲ့ ရောက်လာခဲ့တယ်။ ည ၇ နာရီ ၁၇ မိနစ်ကျတော့ အဲဒီသူငယ်ချင်းမရဲ့ ရည်းစား မောင်းတဲ့ကားနဲ့ မနုန်းအစ်တို့…