Author: Baby Yit Lone
-

ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပါးကအပြန် အဆက်အသွယ်ပြတ်တောက်နေမှုသတင်း နောက်ဆက်တွဲ
ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပါးကအပြန် အဆက်အသွယ်ပြတ်တောက်နေမှုသတင်း နောက်ဆက်တွဲတွေ ထူးပြီ..အကုန်သိရပြီ တစ်နိုင်ငံလုံးက ပရိသတ်တွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေနဲ့ အဖွဲ့သားတွေရဲ့ ပျောက်ဆုံးမှုဖြစ်စဉ်မှာ နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖြစ်စဉ်အကျဉ်းနှင့် နောက်ဆုံးရသတင်း မေလ (၁၃) ရက်နေ့ မနက်ပိုင်းက ပုပ္ပါးမှ ပုဂံသို့ Alphard ကား (၂) စီးနဲ့ ထွက်ခွာလာစဉ် “ဗြတ္တပန်းဆက်လမ်း” ဒေါင်းလည်ရွာအနီးမှာ အဖွဲ့သားတချို့ ထိန်းသိမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းများအရ အဆိုပါဖြစ်စဉ်မှာ ဒေါ်ခိုင်နှင်းဝေ ကိုယ်တိုင် ပါဝင်ခြင်း မရှိဘဲ သူမရဲ့ ဝန်ထမ်းတချို့သာ ထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ထိန်းသိမ်းထားသူများက ဒေါ်ခိုင်နှင်းဝေကို လာရောက်ရန် ခေါ်ဆိုမှုများ ရှိခဲ့သော်လည်း ရောက်ရှိမလာသည့်အတွက် မနေ့က ညနေ…
-

စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ
စစ်တပ်ရဲ့ ရက် ၁၀၀ စီမံချက်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားနေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခများနေ ရန်ကုန်မှာ ရက် ၁၀၀ စီမံချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ လမ်းဘေးဈေးသည်တွေကို ဖယ်ရှားဖို့ စည်ပင်က လုပ်ဆောင်နေတာကြောင့် အခြေခံလူတန်းစားတွေ ဒုက္ခရောက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “မြောင်းဖုံးတွေပေါ်ရောက်နေတဲ့ ဆိုင်တွေအကုန်နောက်ဆုတ်ရတယ်။ လမ်းဘေးမှာဖွင့်တဲ့ဆိုင်တွေတော့ အကုန်ဖယ်နေရတာပဲ” လို့ လှိုင်မြို့နယ်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။ တရားမဝင်ရွေးကောက်ပွဲကနေတက်လာတဲ့ စစ်တပ်အစိုးရအဖွဲ့က ရက် ၁၀၀ စီမံချက်အနေနဲ့ အမိန့်ပေးလုပ်ဆောင်နေတာဖြစ်ပြီး စစ်ခေါင်း ဆောင်ရန်ကုန်လာရောက်ချိန်ကလည်း လမ်းဘေးဈေးသည်တွေ ရှင်းလင်းဖို့ အမိန့်ပေးတာတွေရှိတယ်လို့သိရပါတယ်။ ဒီလုပ်ဆောင်ချက်က ဆိုင်ခန်းကိုယ်ပိုင်မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် အဓိက ထိုးနှက်ချက်ဖြစ်နိုင်ပြီး စည်းစနစ်မကျတဲ့ လုပ်ဆောင်မှုလို့ ကမာရွတ်မြိုနယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။ “ကုန်စိမ်းသည်တွေတော်တော်သနားဖို့ကောင်းတယ်။ ဈေးခင်းထားပြီး စည်ပင်လာပြီဆို ပြာပြာသလဲသိမ်းကြရတာ” လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။ တချို့ဆိုင်တွေက…
-

ကရင်နီတွင် စစ်တပ်က နေရာအနှံ့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ တပတ်လောက်ကစပြီး ကရင်နီပြည်နယ် မိုးဗြဲမြို့နယ်အတွင်းက နေရာအများအပြားမှာ အရှိန်မြှင့်စစ်ကြောင်းထိုးလာပြီး စစ်ရှောင်စခန်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မေ ၁၃ ရက် ညမှာလည်း မိုးဗြဲမြို့အနီးက တော်လှန်ရေးအင်အားစုတွေရဲ့ ကင်းစခန်းအနီးအထိ စစ်တပ်က ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူ တယောက်က ပြောပါတယ်။ “မနေ့ညက ကျနော်တို့တော်လှန်ရေးအဖွဲ့ ယူထားတဲ့ ကင်းရှေ့နားထိ ထိုးတက်လာပြီး ထိတွေ့မှုဖြစ် ပွားခဲ့တယ်။ မနက် ၁၀ နာရီကနေ ညနေစောင်းထိ တိုက်ပွဲဖြစ်ခဲ့တာပါ။ စကစဘက်ကလည်း အထိနာမှုရှိသလို ကျနော်တို့ဘက်ကလည်း အထိနာမှုအချို့ ရှိခဲ့ပါတယ်။ လက်နက်ကြီးတွေလည်း အဆမတန် ရမ်းသန်းပစ်ခတ်ခဲ့တယ်။ သူတို့လိုချင်တဲ့ Target မရောက်မချင်း ဆက်ထိုးမယ့် အနေအထား ရှိမယ်လို့ သုံးသပ်ပါတယ်။”…
-

မုန်တိုင်းနဲ့ပတ်သက်လို့ UNICEF မြန်မာ သတိပေးချက်ထုတ်ရပြီ
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာ မေ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲနာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာကာ အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းနှင့် ပတ်သက်၍ မိုးဇလပညာရှင် ဦးဝင်းနိုင်က “မေလ ၁၉ ရက်မှ ၂၂ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းတွင် သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း သို့မဟုတ် မုန်တိုင်းငယ်အဆင့်…
-

ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ်
ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ စစ်အုပ်စုလော်ဘီတွေက သတင်းအမှား ဖြန့်ခြင်းသာဖြစ် ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ မေလ ၁၃ ရက် မနက်က ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ဖမ်းဆီးခံရသည့်သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မေလ ၁၃ ရက် မနက်က ညောင်ဦးမြို့နယ်၊ ဗျတ္တပန်းဆက်လမ်းမှာ ပုပ္ပားဘက်ကလာတဲ့ ခိုင်နှင်းဝေပရဟိတအဖွဲ့ဝင်တွေပါတဲ့ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။ “မနေ့က ဗျတ္တပန်းဆက်လမ်းမှာ PDF တွေ ခိုင်နှင်းဝေကားကို စစ်ဆေးတဲ့သတင်းက မှန်တယ်။ ဒါပေမယ့် ဖမ်းဆီးတာမရှိဘူး၊ ပြန်လွှတ်ပေးလိုက်တယ်။ စစ်တပ်လော်ဘီတွေက သူများတင်တဲ့ Post တွေကို ပြန် Share ပြီး ဝါဒဖြန့်နေတာ” လို့ ရှင်းပြပါတယ်။ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာနဲ့ နီးစပ်သူတစ်ဦးကလည်း…