Author: Baby Yit Lone
-

လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး အဆုံးစီရင်
လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင် TikTok ဗီဒီယိုအတိုများနှင့် အွန်လိုင်းဈေးရောင်းချမှုတို့ဖြင့် မြန်မာပရိသတ်များကြား လူသိများသည့် လူမှုကွန်ရက်ဆယ်လီ ကရင်လူငယ် စောလေး မိမိကိုယ်ကို အဆုံးစီရင်၍ ကွယ်လွန်သွားကြောင်း နီးစပ်သူများထံမှ သိရသည်။ မြန်မာ-ထိုင်းနယ်စပ် ကျောက်ခက်ကျေးရွာတွင် နေထိုင်သူ စောလေးသည် သြဂုတ်လ ၉ ရက် ညသန်းခေါင်းယံအချိန်၌ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင်မှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ “ဒီမနက်မှ သေဆုံးနေတာကို တွေ့ရတာပါ။ စိတ်ဖိစီးမှုတွေကြောင့်လို့ ထင်ပါတယ်” ဟု ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ကိုစောလေးသည် ယခု သြဂုတ်လအတွင်း ရဟန်းခံယူရန် စီစဉ်ထားသည်ဟု နီးစပ်သူများထံမှ သိရပြီး လက်ရှိတွင် ၎င်း၏ ရုပ်အလောင်းအား ထိုင်းနယ်စပ်ရှိ ဖုတ်ဖရဆေးရုံသို့…
-

အခုပဲ ကြေညာလိုက်တဲ့ မိုးဇလရဲ့ အရေးပေါ် သတိပေးချက်
အခုပဲ ကြေညာလိုက်တဲ့ မိုးဇလရဲ့ အရေးပေါ် သတိပေးချက် ရာသီဥတုကတော့ အတော်လေးကို ဂရုစိုက်ရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ကနေ ပြည်သူတွေ အထူးသတိထားသင့်တဲ့ အရေးကြီး သတိပေးချက်တစ်ခုကို အချိန်မီ ထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ကစပြီး လာမယ့် ဩဂုတ်လ (၁၃) ရက်နေ့အတွင်း တစ်နိုင်ငံလုံးနီးပါးမှာ မိုးကြီးနိုင်ခြေရှိနေတာပါ။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးတွေအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။ ဒီလို မိုးသည်းထန်ရတဲ့ အဓိက အကြောင်းရင်းကတော့…
-

အင်းတော်-ကသာကြား အပီကြိတ် စိစိညက်ညက်ချေနေပြီ
အင်းတော်-ကသာကြားစစ်ရေးအရအရေးပါတဲ့စခန်းတစ်ခုကိုတော်လှန်ရေးတပ်တွေသိမ်း စစ်သားအများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော်သိမ်းရဟုဆို စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ ကသာမြို့ကြားက စစ်ရေးအရအရေးပါတဲ့ နေရာတစ်ခုကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ကတပ်ရင်းသုံးခုက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတဲ့ ပင်းမလွတ်လမ်းခွစခန်းကို ဟုမ္မလင်းPDFတွေအပါအဝင်တော်လှန်ရေးမဟာမိတ်တပ်တွေက သုံးကြိမ်တိုင်ထိုးစစ်ဆင်အပြီး ဇူလိုင် နောက်ဆုံးပတ်က သိမ်းပိုက်ခဲ့တာလို့ စုံစမ်းသိရပါတယ်။ “အဲ့နေရာကစစ်ရေးအရ တကယ်အရေးပါပါတယ်။ဘာလို့ဆို အင်းတော် နဲ့ မော်လူးမှာတပ်စွဲထားတဲ့ စစ်တပ်က လက်နက်၊ လူ၊ အစားအစာကို ကသာကို ပို့မရတော့ဘူး”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ထိုးစစ်ဆင်သိမ်းပိုက်မှုတွေမှာ လက်နက်မျိုးစုံ ၅၀ ၀န်းကျင်ရရှိပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်သူ ၃၀ ကျော်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဒဏ်ရာရ ကျဆုံးသူတချို့ရှိတယ်လို့ ဆိုပါတယ်။ “စစ်ရေးအခြေနေကတော့ ကသာအဝင်ထွက်လမ်းကိုထိန်းထားတယ်။လောလောဆယ်တော့သူတို့(စစ်တပ်)ကနေ့တိုင်းလိုလို လေယာဥ်အကူဒရုန်းအကူတွေနဲ့လာတိုးတယ်”လို့…
-

ဧရာဝတီမြေကို မနင်းရဲတဲ့ မင်းအောင်လှိုင်
ဧရာဝတီတိုင်း ရေဘေး မြေပြင်ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ ကြည့်ရှုခဲ့သည့် မင်းအောင်လှိုင်ကို စစ်တပ်အသိုင်းအဝိုင်းကပါ ပြန်လည်ဝေဖန် ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်နေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တကယ့် မြေပြင်ရေဘေးသင့်နေရာများသို့ ဆင်းမကြည့်ဘဲ ရဟတ်ယာဉ်ဖြင့်သာ လှည့်လည်ကြည့်ရှုခဲ့သည့်အတွက် စစ်တပ်အသိုင်းအဝိုင်းကပင် ပြန်လည်ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်မှစ၍ ၁၀ ရက်အကြာ ရေကြီးရေလျှံနေသည့် လေးမျက်နှာမြို့နယ်သို့ ဩဂုတ်လ ၉ ရက်တွင် သွားရောက်ခဲ့သော်လည်း ရေဘေးသင့်နေရာများသို့ ထဲထဲဝင်ဝင် သွားရောက်ခဲ့ခြင်း မရှိဘဲ လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူ အချို့နှင့် တွေ့ဆုံခြင်း၊ ငဝန်ရေကာတာ ကျိုးပေါက်မှုကို ရဟတ်ယာဉ်ပေါ်မှ ပတ်ကြည့်ခြင်းတို့ကိုသာ ပြုလုပ်ခဲ့သည်။ မင်းအောင်လှိုင်၏ ရေဘေးသွားရောက်သည့် ပုံရိပ်များနှင့်…
-

နေဝင်ချိန်တွေနီးလာတဲ့ သီတာယုမွန်
PDF စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံ ပျူခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင်မရှိ PDF က စစ်ရေးပစ်မှတ် သတ်မှတ်ထားသော မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန်၏ ကေတီဗီဆိုင်သို့ လူအဝင် မရှိသလောက်ဖြစ်နေကြောင်း သိရသည်။ ဇူလိုင်၂၆ရက်ညတွင် မြင်းခြံမြို့၊၁၉ရပ်ကွက်၊မြင်းခြံ-ညောင်ဦးလမ်းဆုံရှိ စွန်းလွန်းပန်းခြံနေရာ၌ ကေတီဗီနှင့်စားသောက်ဆိုင်ကို သီတာယုမွန်က ငှားရမ်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး PDF တို့က အချိန်မရွေး တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။ “ဖွင့်ပွဲလုပ်တဲ့အချိန်မှာ ဖိတ်ထားတာဆိုတော့ ကီးဘုတ်မ(သီတာယုမွန်)ကို ကြောက်တာရော မသွား လို့မကောင်းတာရောပေါ့။ သွားကြတာတွေ ရှိတယ်။ အဲဒါပြီးတော့ လူအဝင်လုံးဝမရှိဘူး။ အဲဒါကြောင့် ကီးဘုတ်မက တစ်တော့ပေါ်မှာ လူမဝင်လို့ တစ်ယောက်တည်း ပေါက်ကွဲနေတယ်”ဟု မြင်းခြံမြို့သတင်းရင်းမြစ်က ပြောသည်။ ယင်းဆိုင်ကို PDF တို့က တိုက်ခိုက်မည်စိုးသဖြင့် ပျူစောထီးတို့က အရပ်ဝတ်ဖြင့် ကင်းစောင့်နေ…