Author: Baby Yit Lone
-

သဖန်းဆိပ်ဆည် ရေဖောက်ချပြီး နောက်ဆက်တွဲတွေ
စစ်အုပ်စုက သဖန်းဆိပ်ဆည် ရေဖောက်ချလို့ မူးမြစ်ရိုးရှိ စစ်ရှောင်တဲ အလုံးရေ ထောင်ချီ ရေမျောပါ တန့်ဆည်မှာတင် စစ်ရှောင်တဲ ထောင်ချီ ရေမျောပါပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း မျောပါ သေဆုံး စစ်ကိုင်းတိုင်းထဲ မိုးသည်းထန် ရွာသွန်းချိန် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ထုတ်တာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက် ခိုလုံနေထိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေရဲ့ ထောင်နဲ့ချီတဲ့ တဲတွေ ရေမျောပါ ပျက်စီး၊ နစ်မြုပ်ကာ စစ်ရှောင်တွေ နှစ်ထပ်ကွမ်း ဒုက္ခ ရောက်နေကြရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ စစ်အုပ်စုက ပြည်သူကို အသိမပေးဘဲ သဖန်းဆိပ်ဆည်ကနေ ဩဂုတ် ၅ ရက်နဲ့ ၆ ရက်မှာ ရုတ်တရက် ရေ လွှတ်ထုတ်တာကြောင့် ဆည်အောက်ပိုင်း မူးမြစ်ရိုးတလျှောက်ရှိ တန့်ဆည်၊…
-

အထက်ပေါင်းလောင်းဆည် အကြောင်း သတင်းမှောင် ချထားတုန်းပဲလား
ပေါင်းလောင်းဆည်ဟာ စစ်တောင်းမြစ် အစ မတိုင်ခင်နားမှာ ရှိတယ်။ သဖန်းဆိပ်ဆည်ကတော့ မူးမြစ် အထက်ပိုင်းမှာ ရှိတယ်။ စစ်တောင်း မြစ်တလျှောက် မိုးကြီးနေချိန်မှာ သဖန်းဆိပ်ဆည်လို ပေါင်းလောင်းဆည် ရေလွှတ်ချလိုက်ရင် အောက်ရေတောင့် အပေါ်ရေဆင်းတာနဲ့ ဆိုင်ပြီး ထိခိုက်မှု ကြီးမားလိမ့်မယ်။ ပြောရမယ်ဆိုရင် ပေါင်းလောင်းဆည် (အောက်ပေါင်းလောင်းဆည်) ဟာ ပေါင်းလောင်းမြစ်ရဲ့ အဆုံးနားမှာ တည်ဆောက်ထားတာ တွေ့ရတယ်။ တောင်ကြော အမြင့်ပေါ်မှာ အထက်ပေါင်းလောင်းဆည် ဆိုတာလည်း ရှိသေးတယ်။ အဲဒီ အထက်ပေါင်းလောင်းဆည်က အောက်ပေါင်းလောင်းဆည်ထက် ရေလှောင်ပမာဏ နှစ်ဆကျော်များတယ်။ လေးမျက်နှာ တာဘောင်ချိုးတာ က ငဝန်မြစ် အနောက်ခြမ်းမှာ ရောက်လာတဲ့ AA ထိုးစစ် ဟင်္သာတ ကို ဆက်လာမှာ စိုးလို့ တမင်လုပ်တာ တဲ့။ အဲလို ဟင်္သာတ ကနေ…
-

ထိုင်းကျောင်းသူကို အုပ်စုဖွဲ့ အကြမ်းဖက်ခဲ့တဲ့ မြန်မာကျောင်းသူရဲ့ နောက်ဆက်တွဲဖြစ်ရပ်များ
ဆိုးသွမ်းသူ အနည်းငယ်ကြောင့် အများပါ သိက္ခာကျရတဲ့ ဖူးခတ်က မြန်မာကျောင်းသူ/ကျောင်းသား မောင်နှမ ဖြစ်စဉ် ဖြစ်စဉ်အစကတော့ အသက် (၁၃) နှစ်အရွယ် မြန်မာကျောင်းသူနဲ့ အသက် (၁၄) နှစ်အရွယ် ထိုင်းကျောင်းသူတို့ ဆိုရှယ်မီဒီယာပေါ်မှာ စကားများ ရန်ဖြစ်ကြရာကနေ စတင်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၆) ရက်နေ့မှာ မြန်မာကျောင်းသူက သူငယ်ချင်း စာအုပ်ကျန်ခဲ့လို့ လာပေးတာဆိုပြီး အကြောင်းပြကာ ထိုင်းကျောင်းသူ တက်နေတဲ့ ကျောင်းထဲကို အဖော်တွေနဲ့အတူ ဝင်ရောက်သွားခဲ့ပါတယ်။ အဲဒီနောက် ထိုင်းကျောင်းသူကို အိမ်သာထဲ ဆွဲခေါ်သွားပြီး ပါးရိုက်၊ အိမ်သာခွက်ထဲ ခေါင်းထည့်၊ ထိုင်ရှိခိုးခိုင်းရုံတင်မကဘဲ ရှိခိုးနေတဲ့ မျက်နှာကိုပါ ခြေထောက်နဲ့ ကန်ခဲ့ပါတယ်။ ဒီရိုက်နှက်စော်ကားမှုတွေကို အဖော်ပါလာသူတွေက ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ် ဖြန့်ဝေခဲ့ကြတာပါ။ အရိုက်ခံရတဲ့ ထိုင်းကျောင်းသူရဲ့ မိခင်က သိသွားပြီး…
-

ဈေးရောင်းပြီး လှေစီးပြန်လာကြတဲ့ တူအရီးနှစ်ယောက်ရဲ့ ကြေကွဲဖွယ်အဖြစ်ဆိုး
ဈေးရောင်းပြီးပြန်လာတဲ့ လှေတိမ်းမှောက်လို့ အသက် ၄ နှစ်အရွယ် ကလေးငယ်နဲ့အတူ ဦးလေးဖြစ်သူပါ ရေနစ်သေဆုံး မြိတ်နဲ့ ထားဝယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ထဲမှာ လှေတစ်စီး တိမ်းမှောက်ပြီး အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၅ ရက်နေ့က တနင်္သာရီမြို့နယ်၊ အောင်သာဝရ ကျေးရွာအနီးမှာ ရေဝဲကြောင့် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကုန်ခြောက်ပစ္စည်းတွေကို သတ္တုလုပ်ကွက်တွေမှာ သွားရောင်းပြီး ပြန်လာတဲ့ လှေဖြစ်တယ်လို့ သိရပါတယ်။ “သတ္တုလုပ်ကွက်တွေကို ပုံမှန်ဈေးသွားရောင်းပြီး အပြန်မှာ ဖြစ်တာ၊ လှေပေါ်မှာ ကလေးကော အပါအဝင် ၅ ယောက် ပါလာတာ၊ လှေမှောက်တော့ ကလေးကို လိုက်ဆယ်ရင်းနဲ့ ဦးလေးပါ ဆုံးသွားတယ်လို့ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။…
-

ဆယ်လီစောလေး T-ဆုံးမှု ရိုးရှင်းရဲ့လား
အလွဲကြီး လွဲနေတဲ့ ဖြစ်စဉ်တစ်ခု (သို့မဟုတ်) ရိုးရှင်းမနေတဲ့ သေဆုံးမှု ၁။ ဆီးမလောင်းချရသေးခြင်းနှင့် လက်ထဲက သွားတိုက်တံ ဆီးသွားလက်စ၊ ဆီးမလောင်းချရသေးခင် သေဆုံးသွားခဲ့ရတယ်။ လက်ထဲမှာလည်း သွားတိုက်တံကြီး ကိုင်ထားရက်သား။ သေဆုံးချိန်မှာ သွားတိုက်နေတုန်း မထင်မှတ်ထားတဲ့ အန္တရာယ်နား ရောက်လာခဲ့တာလား? ရန်ရှာခံခဲ့ရတာလား? ဆီးသွားနေတုန်း အသက်အန္တရာယ် ပေးမယ့်သူက အနောက်ဘက်ကနေ ရောက်လာခဲ့တာလား? တွေးစရာတွေ အများကြီးပါ။ ဒါမှမဟုတ် အမှုအခင်း သာဓကအများစုမှာ (ဥပမာ- ထောင်အတွင်း ထောင်သားအချို့ သုံးတတ်သလို) မိမိအသက်ကို လာရောက် ရန်ရှာသူကို ပြန်လည်ခုခံဖို့ လက်ထဲမှာ မိရာရာ လက်နက်အဖြစ် ဆုပ်ကိုင်ထားရင်း ဆုံးပါးသွားခဲ့တာများလား? ၂။ အချက်ပေး ခေါင်းလောင်းသံ (Red Flag 🚩) ပိုဆိုးတာက ထိုသူမဆုံးခင်မှာ သူအရမ်းကြောက်နေကြောင်းနဲ့ သူ့နောက်ကို…