Author: Baby Yit Lone

  • နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်

    နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်

    မော်လိုက် ကလေးအကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးအကျဉ်းထောင်တွင် နိုင်ငံ ရေးအကျဉ်းသား ၂၀၀ ခန့်က တရားမျှတမှုနှင့် တန်းတူညီမျှမှုရရှိရေး အစာငတ်ခံ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များ ကွန်ယက် – PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောကြားသည်။ မေလ ၂ ရက်နေ့တွင် ကလေးမြို့နယ်၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်)ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်သည် အကြမ်းဖက် စစ်အုပ်စု၏ လွတ်ငြိမ်းသက်သာခွင့် ထုတ်ပြန်ချက် မှာ အကျဉ်းသားများအကြား တရားမျှတမှုနှင့် တန်းတူညီမျှမှု လုံးဝမရှိခြင်း၊ နိုင်ငံရေးအကျဉ်းသား များကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်၍ ခွဲခြားဆက်ဆံခြင်းတို့ကြောင့် တန်းတူညီမျှခွင့် ရရှိရေးအတွက်…

  • မူးယစ်ဆေးသုံးနေတဲ့ အရာရှိတွေ ဆေးဖိုးမပေးလို့ ရောင်းချသူတွေနဲ့ ရန်ဖြစ်

    မူးယစ်ဆေးသုံးနေတဲ့ အရာရှိတွေ ဆေးဖိုးမပေးလို့ ရောင်းချသူတွေနဲ့ ရန်ဖြစ်

    သန်လျင်တပ်နယ်က မူးယစ်ဆေးသုံးနေတဲ့ အရာရှိတွေ ဆေးဖိုးမပေးလို့ ရောင်းချသူတွေနဲ့ ရန်ဖြစ် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်အနီးမှာ မေလ ၁၄ ရက် ည ၉ နာရီက မူးယစ်ဆေးဝါးသုံးစွဲတဲ့ အရာရှိတွေနဲ့ ရောင်းချသူတွေအကြား ပြဿနာဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ သင်တန်းတက်နေတဲ့ အရာရှိတွေဟာ သန်လျင်မြို့ထဲက မူးယစ်ဆေးရောင်းချသူတွေဆီက မူးယစ်ဆေးဝါးဝယ်သုံးပြီး အကြွေးမပေးရာမှ လာတောင်းရင်း ဖြစ်တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “သင်တန်းသားအရာရှိတွေ E တွေ၊ K တွေ ဝယ်သုံးပြီး ပိုက်ဆံမပေးလို့ မနေ့ညက ပြဿနာတက်ကြတယ်။ရောင်းတဲ့သူက အရာရှိကြီးတွေရဲ့ သားသမီးတွေပဲ။ ဘယ်လိုပြီးသွားလဲတော့ မသိဘူး၊ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်” လို့ ပြောပါတယ်။ သင်တန်းသားအရာရှိတွေဟာ ညဘက် တန်းစီပြီးတာနဲ့ အပြင်ခိုးထွက်ပြီး မြို့အတွင်း…

  • စတင်သိုက်တူးလာပြီဖြစ်တဲ့ ရဲဝင်းဦးသား ထက်ရဲနောင်

    စတင်သိုက်တူးလာပြီဖြစ်တဲ့ ရဲဝင်းဦးသား ထက်ရဲနောင်

    🔺ဖအေ တပ်ချုပ်ဖြစ်ပြီး မကြာမီ မင်းအောင်လှိုင်သားသမီးများနှင့်အတူ စတင်သိုက်တူးလာပြီဖြစ်တဲ့ ရဲဝင်းဦးသား ထက်ရဲနောင် ▫️အာဏာသိမ်းအကြမ်းဖက် မင်းအောင်လှိုင်ဟာ သူ အာဏာသိမ်းယူပြီးတဲ့နောက် အဖက်ဖက်က ယိုယွင်းကျဆင်းလာတဲ့ စီးပွါးရေးအခြေအနေ၊ လောင်စာဆီ အခက်အခဲပြဿနာတွေကြားမှာပဲ စစ်တပ်အသိုင်းအဝိုင်းနဲ့ သူတို့နဲ့ နီးစပ်သူ ရပ်ဝန်းတွေကြား ကြီးစွာသော စီးပွါးရေးအခွင့်အလမ်းကြီးတစ်ရပ်ကို ဖော်ဆောင်လာခဲ့ပါတယ်။ ▫️Ah Boy ဟာ တေးရေး၊ တေးဆို အမည်ခံပြီး အနုပညာ လောကထဲ ငွေထုတ်ပိုက် ဝင်ရောက်လာကာ တက်သစ်စ အဆိုတော်၊မော်ဒယ်တွေကို ခြေတော်တင်ရာမှာ နာမည်ကြီးသူတစ်ယောက်ပါ။ ▫️လျှပ်စစ် မော်တော်ယာဥ် စတင် တင်သွင်းခွင့်ပြုတဲ့ အချိန်ကာလမှာ စီးပွါးရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ပါမစ် တစ်ခုတည်းနဲ့ တင်သွင်းခွင့်ပြုခဲ့ပေမယ့် နောက်ပိုင်းကာလ စည်းကမ်းသက်မှတ်ချက်တွေမှာ ပို့ကုန်ရငွေနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ FESC ခွင့်ပြုချက်ရမှသာ…

  • ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ဆုံးမ၍ ပြန်လွှတ်

    ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ဆုံးမ၍ ပြန်လွှတ်

    အရှေ့ဒဂုံတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ဆုံးမ၍ ပြန်လွတ်ပေးဟုဆို ရန်ကုန်တိုင်း၊ အရှေ့ဒဂုံမြို့နယ်၊ ၁၃၂ရပ်ကွက်တွင် အသက် ၇နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သူအား ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရိုက်နှက်ဆုံးမ၍ ပြန်လွတ်ပေးလိုက်ကြောင်း သိရပါတယ်။ “အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ကို ယခု မေလ ၂ရက်နေ့က အဓမ္မပြုကျင့်တာပါ။ မေလ ၃ရက်နေ့ ကျူးလွန်သူနှင့် အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ် မိဘတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဆေးတယ်။ ကျူးလွန်သူက ဝန်ခံပေမယ့် ရိုက်နှက်ဆုံးမပြီး ပြန်လွတ်ပေးလိုက်တယ်”ဟု အရှေ့ဒဂုံ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဝင် တစ်ဦးက အသင်း၏ ပရဟိတဖွဲ့ထားသည့် Group တွင် ပြောဆိုထားပါတယ်။ “မေလ ၃ရက်နေ့၌ နစ်နာသည့် မိန်းကလေးငယ်၏ မိဘက ရဲစခန်းမှာ အမှုဖွင့်ပေမယ့်…

  • မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား

    မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား

    တောင်ကြီးမြို့တွင် မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွား မိဘရင်းနှင့် အနေဝေးကွာချိန် မိထွေးဖြစ်သူက ဆေးကြောင်ပြီး လည်ပင်းညှစ်သဖြင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေတောင်ရပ်ကွက်၊ နယ်မြေ (၁) တွင် မေ ၁၄ ရက် ညနေပိုင်းအချိန် အိမ်ရှင်ဖြစ်သူ အမျိုးသမီးက ကလေးငယ်ကို မတွေ့သဖြင့် ရပ်ကွက်ရုံးထံ လာရောက် တိုင်တန်းရာမှ ကလေးငယ် သေဆုံးမှု ဖြစ်ပွားကြောင်း အမှုပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးရုံး အ ဖွဲ့မှ အိမ်ရှင်ကို မေးမြန်းချက်အရ ကလေးငယ်ကို ရှာဖွေမေးမြန်းရာ အုပ်ထိန်းသူ (မိ ထွေး) က ကလေး၏ ဖခင်ရင်းထံ ပြန်ပေးလိုက်သည်ဟု လိမ်ညာဖြေဆိုခဲ့ကြောင်း၊ဖခင်ရင်းကို ခေါ်ယူမေးမြန်းရာမှ ကလေးမပေးလိုက်ကြောင်း…