Author: Baby Yit Lone
-

နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး
နတ်ရေကန်ဗျူဟာအနီး ဂုတ်ကြီးစခန်းကို စစ်တပ် ၁ရက်ပဲ ထိန်းချုပ်နိုင်ပြီးပြန်ဆုတ်ခွာထွက်ပြေး နတ်ရေကန်ဗျူဟာအနီးမှာ အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားတဲ့ ဂုတ်ကြီးစခန်းကို စစ်တပ်က အင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တစ်ရက်ပဲသိမ်းယူနိုင်ခဲ့ပြီးဓာတ်ပုံရိုက်ကာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပါတယ်။ အမ်း-ပဒါန်း လမ်းပေါ်က နတ်ရေကန် ဗျူဟာရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ဂုတ်ကြီးစခန်းကို AA နဲ့မဟာမိတ်တပ်က ပြီးခဲ့တဲ့စက်တင်ဘာလကုန်မှာသိမ်းပိုက်ခဲ့တာပါ။ စစ်တပ်က အင်အားရာချီသုံးပြီး အောက်တိုဘာလကစပြီး ပြန်လည်စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာပါ။ နှစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် ဒီဇင်ဘာလ၂၀ရက်နေ့မှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်သာ ထိန်းချုပ်နိုင်ခဲ့ပြီး AAနဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်လို့ ဒီဇင်ဘာလ၂၁ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့ စစ်ရေးသတင်းရင်းမြစိအချို့ကပြောပါတယ်။ “ဂုတ်ကြီးစခန်းကို စစ်တပ်ထိန်းနိုင်တာ မဟုတ်ဘူး။ ဓာတ်ပုံရိုက်ရုံပဲရိုက်နိုင်တာ။အခု ပြန်ပြီးဆုတ်သွားပါပြီ။ တိုက်ပွဲက ဆက်ဖြစ်နေတာပါ”လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ဂုတ်ကြီးစခန်းဟာ မကွေးတိုင်းငဖဲမြို့နယ်ထဲမှာပါဝင်ပြီးနတ်ရေကန်ဗျူဟာနဲ့ ၂ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ မဟာမိတ်တွေက ပြီးခဲ့တဲ့…
-

ရန်ကုန်တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများကြောင့် လူငယ်များ စိုးရိမ်နေရ
ရန်ကုန်မြို့မှာ လူငယ်တွေကို အုပ်စုဖွဲ့ ခိုးယူတာ၊ လုယက်တာနဲ့ ဓားပြတိုက်သလို အတင်းအကျပ် ခေါ်ဆောင်သွားတာတွေကြောင့် လူငယ်တွေမှာ မလုံခြုံမှုတွေ၊ စိုးရိမ်ပူပန်တာတွေကို ခံစားနေကြရပါတယ်။ ရန်ကုန်က လူငယ်တွေဟာ အာဏာသိမ်းပြီးနောက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ အချိန်မရွေး ဖမ်းဆီးသတ်ဖြတ်ခံရနိုင်တဲ့အတွက် မလုံခြုံမှုကို ခံစားခဲ့ရသလိုပဲ စစ်မှုထမ်းဥပဒေကြောင့် လည်း အတင်းအဓမ္မ ဖမ်းဆီးခံရမှာကို စိတ်ပူပန်နေကြရပါတယ်။ စစ်တပ်က အတင်းအကျပ် စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေတဲ့အချိန်မှာပဲ တဖက်မှာလည်း အုပ်စုဖွဲ့ထားတဲ့သူတွေက လူငယ်တွေကို ပြန်ပေးဆွဲတာ၊ မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတဲ့အတွက် ရန်ကုန်က လူငယ်တွေဟာ စိုးရိမ်ပူပန်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ လှိုင်သာယာမြို့နယ်ထဲက ဆယ်ကျော်လူငယ်တယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်မှုထမ်းအဖွဲ့ကို ရောင်းစားခံလိုက်ရပေမဲ့ အခုချိန်ထိ အဆက်အသွယ် မရသလို…
-

မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါက အရေးယူမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အာဏာသိမ်း စစ်တပ်က အတင်းအကျပ် ပြန်လည်စတင်ဖို့ လုပ်ဆောင်နေပြီး စီမံကိန်းတွေကို ကန့်ကွက်ပါက ကန့်ကွက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စု ခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် အရေးယူမယ်လို့ မြန်မာစစ်တပ်လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ထုတ်ပြန်လိုက်တာပါ။ စစ်အုပ်စုက ခွင့်ပြုပေးထားတဲ့ လုပ်ငန်းတွေကို အထောက်အထားခိုင်လုံမှုမရှိဘဲ လုပ်ငန်း အနှောင့်အယှက်ဖြစ်စေဖို့နဲ့ မတရားအကျိုးအမြတ် တစုံတရာရယူဖို့ ကန့်ကွက်တာဖြစ်ကြောင်း စိစစ်ပေါ်ပေါက်ပါက ကန့်ကွက်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကို သက်ဆိုင်ရာ တည်ဆဲဥပဒေနဲ့အညီ အရေးယူမယ်ဆိုပြီးတော့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါဟာ မြစ်ဆုံစီမံကိန်းကို တရုတ်နဲ့ ပူးပေါင်းပြီး ပြန်လည်စတင်မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ထုတ်ပြောလာပြီးတဲ့ နောက်ပိုင်း ဒီအမိန့်ကို ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ…
-

CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ
ပုလောမှ CDM ပညာရေးတာဝန်ခံ ဇနီးမောင်နှံကို သတ်ဖြတ်သူများကို KNU ဖမ်းဆီးရမိ၊ ထမင်း တောင်းစားရာတွင် မရ၍ သတ်ဖြတ်ဟု ဝန်ခံ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာတွင်နေထိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမဇနီးမောင်နှံကို သတ်ဖြတ်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ခဲ့သည်။ KNDO တပ်ရင်း (၇)၊ တပ်ခွဲ-၅ တွင် ဖမ်းဆီးထားသော မောင်အောင်နိုင်ဦး၊ မောင်ဖြိုးဝေဦး၊ မောင်ဇော်ထိုက်၊ မောင်ဝင်းစိုးဆိုသူ အကျဥ်းသားလေးဦးသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အချုပ်မှထွက်ပြေးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တွင် CDM ဆရာမ ဇနီးမောင်နှံကို ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထွက်ပြေးသူများထဲမှ တစ်ဦးဖြစ်သည့်မောင်ဝင်းစိုးသည် ညအချိန်တွင် ဆရာမဒေါ်အေးသီတာအောင်…
-

Justice For Myanmar ၏ လုပ်ရပ် စစ်ကော်မရှင်၏ အရှိုက်ကိုထိပြီး ပြည်သူများကြိုဆို
အကြမ်းဖက်စစ်အုပ်စု၏ အွန်လိုင်းဝါဒဖြန့် စစ်ဆင်ရေးများသည် ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများ၏ တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်မှုကြောင့် အကြီးအကျယ် အထိနာသွားခဲ့ပြီး ၎င်းတို့၏ အွန်လိုင်းခံစစ် ကျိုးပျက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ Twitch၊ Facebook နှင့် YouTube အပါအဝင် နည်းပညာကုမ္ပဏီကြီးများသည် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်ချိရေး အကောင့်များကို ဖယ်ရှားခဲ့ရာ အဆိုပါ လုပ်ရပ်အပေါ် စစ်အုပ်စုအတွက် ဝါဒဖြန့်သူများက Justice For Myanmar (JFM) အဖွဲ့အား ဝေဖန်ကာ ဒေါသူပုန်ထလျက်ရှိသော်လည်း ပြည်သူလူထုကမူ ဝမ်းမြောက်စွာ ကြိုဆိုနေကြသည်။ “ကျော်နု (ကျော်မျိုးမင်း) တို့အဖွဲ့ပိုဆိုးတယ်။ ဆွေ့ဆွေ့ခုန်နေကြတယ်။ ပြည်သူတွေရဲ့ နားမျက်စိကို ပိတ်လိုက်တယ်လို့တောင် ပြောလိုက်သေးတယ်။ သူတို့အလှည့်လဲ ဘယ်တော့လာမလဲမသိဘူး။ တကယ်က သူတို့က ပြည်တွင်းထဲမှာနေပြီး မြေပြင်အခြေအနေတွေကို တိတိကျကျ မပြောပေးဘူး။ ရိုင်းရိုင်းပြောရရင် ဘောလိုက်မနေတာက…