Author: Baby Yit Lone
-

မူဆယ်တွင် စက်ရုံအလုပ်ရမည်ဆိုကာ လိမ်လည်ခေါ်ယူခံရသည့် မိန်းကလေးငယ်တစ်ဦး အခန်းတွင်း ပိတ်လှောင်ခံထားရ
ရန်ကုန်၌ အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို စက်ရုံအလုပ် လစာကောင်းကောင်းရမည်ဟု မြူဆွယ်လိမ်လည်ခေါ်ယူသွားပြီး လက်ရှိတွင် မူဆယ်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အတင်းအဓမ္မ ပိတ်လှောင်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ယမန်နေ့ မေလ ၁၅ ရက်က ပျောက်ဆုံးနေသည့် မိန်းကလေးငယ်သည် အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရကြောင်း Viber မှတစ်ဆင့် မိသားစုထံ ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မူဆယ်ကားကြီးဝင်းထဲမှာလို့ ပြောတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိနေတာ။ သူ့ကို ခေါ်သွားတာက တရုတ်မယားပွဲစား မလီလီဆိုသူ ဖြစ်တယ်။ အခု တချို့က သမီးလေးကို ပြန်လိုချင်ရင် ငွေ ၇ သိန်းပေးရမယ်လို့ ဆက်သွယ်ပြောလာတာတွေ ရှိလို့ ဖုန်းတွေပိတ်ထားရတယ်။ အခုတော့ သမီးပျောက်ဆုံးသွားတဲ့ ထန်းတစ်ပင်ရဲစခန်းနဲ့ လူကုန်တား (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)…
-

ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်
ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တပ်ရင်းမှူး အပါအဝင် စစ်သား ၁၁ ဦး သေဆုံး အထိနာသော စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံပြီး အထိနာ၍ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ချွန်ကျုံးရွာကို ရောက်လာပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို…
-

သူ ပံ့ပိုးခဲ့တဲသူတွေကပဲ ပြန်ဆွဲခံလိုက်ရလို့ မချိတင်ကဲဖြစ်နေရတဲ့ ခိုင်နှင်းဝေ
ကလေးက ကြက်ဥပြုတ်ပူဆာလို့ ကားပေါ်ကဆင်းကျန်ခဲ့ရာကနေ လက်နက်ကိုင်တွေတားဆီးတဲ့အန္တရာယ်က သီသီလေးလွတ်မြောက်သွားခဲ့တဲ့ ခိုင်နှင်းဝေ ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေတို့အဖွဲ့ လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တားဆီးခေါ်ဆောင်တာကို ခံခဲ့ရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကလေးတစ်ယောက်ရဲ့ ပူဆာမှုကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ (၁၃) ရက်နေ့ မွန်းလွဲ (၁၁) နာရီလောက်မှာ ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပားတောင်မှာ ပွဲပေးပြီးအပြန် လမ်းမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ခိုင်နှင်းဝေက စိတ်ထဲမှာ ရှေ့ဆက်မသွားချင်သေးတာနဲ့ လက်ဆေးဖို့အကြောင်းပြပြီး ကားခဏရပ်ခိုင်းခဲ့တာပါ။ အဲဒီကနေ ကားပေါ် ပြန်တက်ခါနီးကျမှ ကားပေါ်ပါလာတဲ့ ကလေးလေး “ဟေသာမေ” က မေမေရယ် ကြက်ဥပြုတ် စားချင်တယ်ဆိုပြီး လက်ကိုဆွဲပြီး ဂျောက်ဂျက်လုပ် ပူဆာပါရော အဲဒါနဲ့ပဲ ဗိုက်လည်းဆာနေတာနဲ့ ဆိုင်ထဲမှာ…
-

ပုဂံ၊ ညောင်ဦးမြို့က ပျူခေါင်းဆောင် နောင်နောင်အပါအဝင် ပျူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး
ပုဂံ၊ ညောင်ဦးမြို့က ပျူခေါင်းဆောင် နောင်နောင်အပါအဝင် ပျူ ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ ညောင်ဦးမြို့မှာ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်(ပျူစောထီး)ခေါင်းဆောင် ၂ဦးရှိပြီး အခု တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရသူဟာ ညောင်ဦးမြို့အနောက်ခြမ်းတာဝန်ယူရတဲ့ နောင်နောင် ဆိုသူဖြစ်ပါတယ်။ ညောင်ဦးမြို့အရှေ့ခြမ်းတာဝန်ယူရတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟာ အောင်ကျော်မြင့်ဆိုသူ ဖြစ်ပါတယ်။ ” နောင်နောင်နဲ့ အောင်ကျော်မြင့် ဆိုပြီး ၂ယောက်ရှိတာ။ ခုက တစ်ယောက်ပါသွားပြီဆိုတော့ တစ်ယောက် ကျန်သေးတာပေါ့”လို့ ညောင်ဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ နောင်နောင်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ပြီးခဲ့တဲ့ လေးရက်လောက်က ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ဟာ ညောင်ဦးမြို့ကဒေသခံပြည်သူတွေအပေါ်…
-

ဗျတ္တပန်းဆက်လမ်းမှာ ထိန်းသိမ်းခံခဲ့ရတဲ့အခြေနေကို ရှင်းပြလာလာတဲ့ ခိုင်နှင်းဝေ
ဘဝ မှာ ကံအကောင်းဆုံး အချိန်🙏🙏🙏 (၁၃) ရက်နေ့ နေ့လည် (၁၁) နာရီခန့် တွင် ပုပ္ပားတောင်မှာ ပွဲပေးပြီး အပြန် ထမင်းဆိုင် တစ်ဆိုင် အရောက် ရုတ်တရက် စိတ်ထဲ ဆက်မသွားချင်တာနဲ့ ကားရပ်ပီး လက်ဆေး(မျောက်စာကျွေးထားတဲ့ အတွက်) ဖြစ်ခဲ့ပါတယ်.. ကားပေါ်ပြန်တက်ဘို့ အလုပ်မှာ ဟေသာမေ က မေမေ ကြက်ဥပြုတ်စားချင်တယ် ဆိုပီး လက်ကို ဆွဲထားတော့ ဗိုက်ဆာနေလို့ အထင်နဲ့ ထမင်းပေါင်း မှာ ကျွေးလိုက်ပါတယ်.. တူတူလာတဲ့ ဝန်ထမ်းများကားကတော့ ဆိုင်မဝင်ပဲ ပုဂံဘက်သို့ ဆက်မောင်းသွားပါတယ်.. (၁၅) မိနှစ် အကြာမှာ ဖုန်းထဲသို့ Message ဝင်လာပြီး “ဗျတ္တ ပန်းဆက်လမ်း”တွင် ကားကို အမည်မသိ လက်နက်ကိုင် အဖွဲ့များ မှ…