Author: Baby Yit Lone

  • လူပြောများလာတဲ့ ဒေါက်တာ ရဲမြင့်ကျော်

    လူပြောများလာတဲ့ ဒေါက်တာ ရဲမြင့်ကျော်

    လူပြောများလာတဲ့ Dr ရဲမြင့်ကျော် သူ့ရဲ့စိတ်ဓါတ်မကောင်းတာ ကိုယ်တိုင်ခံစားရဖူးတယ် 2001/02 ဝန်းကျင် သမီး 7 နှစ်အရွယ်တုန်းက ရန်ကုန်ရောက်တုန်းရောက်ခိုက် ဆေးမှတ်တမ်းလဲအဆင့်သင့်ပါလာတာနဲ့ သူ့ဆေးခန်းထိုင်တဲ့ အာရှတော်ဝင်မှာ သွားပြဖြစ်တယ် လိုအပ်တဲ့ သွေးလဲစစ်တာပေါ့ လေးဖက်နာပိုး 285 ရှိတာကို ဟင်္သာတမှာဆေးကုပေးတဲ့ ကလေးအထူးကုရဲ့ ဆေးမှတ်တမ်းပြလို့တဲ့ ပန်ဘီတိုက်နေတာ ဆက်တိုက်စရာ မလိုဘူး ဆေးရုံကရောင်းတဲ့အားဆေးဘဲဝယ်သွား အားဆေးဘဲတိုက်တဲ့ ကိုယ်တွေက အဲ့အချိန် မကျွမ်းကျင် သူ့အထင်ကြီးမိတော့ သူက ပိုသိပိုတတ်လို့ လမ်းညွှန်တာဘဲလေ ဆိုပီးယုံကြည်စွာ သူညွှန်ကြားချက်အတိုင်း လုပ်ခဲ့မိတာ ခလေး ခမျာ ဒုက္ခနဲ့ လှလှတွေ့ရတော့တာဘဲ 😥🤧 ခန ခန ဖျား ကူးဆက်ရောဂါမှန်သမျှရှေ့ဆုံးကအကူးခံရ နေပူ သတိလစ် အေးလဲသတိလစ် နောက်တော့ သမားရင့် Gp ဆရာဝန်ကြီးနဲ့ အကုန်ချပြတော့…

  • ရေးဘီလူးဆို လူကိုယ်တိုင်မပြောနဲ့ လိုင်းပေါ်မှာတောင် ဖိန့်ဖိန့်တုန်နေကြပြီ

    ရေးဘီလူးဆို လူကိုယ်တိုင်မပြောနဲ့ လိုင်းပေါ်မှာတောင် ဖိန့်ဖိန့်တုန်နေကြပြီ

    ရေးဘီလူး လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက် ရေးသူများကို စစ်အုပ်စု ဆက်တိုက်ဖမ်း မွန်ပြည်နယ်တောင်ပိုင်းတွင် အခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည့် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရေးသူများကို စစ်အာဏာရှင်တပ်က ဆက်တိုက် ဖမ်းဆီးနေသည်။ မှတ်ချက်များ ဝင်ရေးခဲ့မှုဖြင့် မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာ ဒေသခံ ဦးဇင်မင်းခိုင်ကို သြဂုတ်လ ၈ ရက်တွင် စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။ အသက် ၅၀ နှစ်အရွယ် ဦးဇင်မင်းခိုင်ကို သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာအနီး သံဖြူဇရပ်-ကျိုက္ခမီကားလမ်းပိုင်းတွင် စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အလားတူ ဩဂုတ်လ ၈ ရက်တွင်ပင် သံဖြူဇရပ်မြို့နယ်၊ စက်စဲကျေးရွာဒေသခံ မဖူးပွင့်ဝေကိုလည်း ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာအောက်တွင် မှတ်ချက်ဝင်ရေးခဲ့သည်ဆိုပြီး ဖမ်းဆီးခဲ့သည်။ စစ်အုပ်စုက တော်လှန်ရေးအဖွဲ့အစည်းများ၏ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပြီး ဖမ်းဆီးနေသလို နိုင်ငံရေးနှင့် ပတ်သက်သည့် အကြောင်းအရာ ရေးသားဖြန့်ဝေသူများကိုလည်း…

  • တောင်တန်းထဲမှာ ၃ ရက်ကျော် ပျောက်ဆုံးသွားတဲ့ အော်တစ်ဇင် ကလေးငယ်

    တောင်တန်းထဲမှာ ၃ ရက်ကျော် ပျောက်ဆုံးသွားတဲ့ အော်တစ်ဇင် ကလေးငယ်

    လမ်းပြမရှိတဲ့ တောနက်ထဲမှာ သူ ဘယ်လို ဆက်ရှင်သန်ခဲ့လဲ “ကြောက်တယ်”ဆိုတာကို မသိ၊ “ကယ်ကြပါ” လို့ တစ်ခွန်းတောင် မအော်တတ်တဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးဟာ နွေရာသီအချိန် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် တောနက်ထဲမှာ တစ်ယောက်တည်း လမ်းပျောက်ခဲ့ပါတယ်။ ၈၀ နာရီတိတိ ဆိုတာဟာ မိသားစုတစ်စုအတွက်တော့ ငရဲခန်းတစ်ခုဖြစ်ပြီး၊ မြို့ငယ်လေးတစ်မြို့အတွက်တော့ မီးခိုးတိတ်စစ်ပွဲတစ်ခုပါပဲ။ အသက် ၄ နှစ်အရွယ် ဟောက်ဟောက် ဆိုတဲ့ ကလေးငယ်ဟာ အော်တစ်ဇင် ရောဂါရှိသူဖြစ်ပြီး ကွေ့ကျိုးပြည်နယ် တောနက်ထဲမှာ ၈၀ နာရီတိတိ တစ်ယောက် တည်း လှည့်လည်သွားလာခဲ့ပါတယ်။ သူဟာ အကူအညီတောင်းဖို့ မအော်တတ်သလို၊ မိုးရွာရင်လည်း ရှောင်ဖို့မသိ၊ အန္တရာယ်ဆိုတာကိုတောင် နားမလည်ခဲ့ပါဘူး။ သြဂုတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ ရေဒါအပူချိန်ပြ…

  • ကွတ်ခိုင်မှာ ဟင်းအိုးထဲ ပြုတ်ကျသွားသည့် လသားကလေး

    ကွတ်ခိုင်မှာ ဟင်းအိုးထဲ ပြုတ်ကျသွားသည့် လသားကလေး

    ဟင်းအိုးထဲ ပြုတ်ကျသွားသည့် လသားကလေးငယ် ဆေးကုသနိုင်ရန် အကူအညီလိုအပ်နေ ဟင်းအိုးထဲ ပြုတ်ကျသွားသည့် လသားကလေးငယ် ဒဏ်ရာအများအပြား ရရှိသွားသဖြင့် ဆေးကုနိုင်ရန် အကူအညီလိုအပ်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဆာယာကျေးရွာမှ ၉ လာသား ကလေးငယ်တစ်ဦးသည် သြဂုတ်လ ၈ ရက်နေ့တွင် အမေလက်မှ လွတ်ကျပြီး ဟင်းရည်အိုးထဲ ပြုတ်ကျသွားခဲ့ခြင်းဖြစ်သည်။ “အမေဖြစ်သူက ဟင်းရည်အိုး တည်ထားတုန်း ကလေးကို နို့တိုက်ဖို့ လုပ်ရာကနေ ပွေ့ချီရင်း ကလေးက နောက်လှန်ပြီး ဟင်းအိုးထဲ ကျသွားပါတယ်။ ဟင်းအိုးထဲ ကျသွားတဲ့ ကလေးငယ်က ၉ လသားပဲ ရှိပါသေးတယ်။ ကလေးငယ် ဆေးကုဖို့ အကူအညီ လိုအပ်နေပါတယ်။”ဟု ကလေးကို ကူညီပေးနေသည့် ကိုမိုင်းကောင်းဆိုင်က ပြောသည်။ ဟင်းရည်အိုးထဲ ပြုတ်ကျသွားခြင်းကြောင့် ကလေးငယ်၏…

  • “ဒီမိုကရေစီ မရမချင်း အမျှမဝေပါနဲ့ဦး ဖေဖေ”

    “ဒီမိုကရေစီ မရမချင်း အမျှမဝေပါနဲ့ဦး ဖေဖေ”

    အသက် ၁၆ နှစ်အရွယ် သမီးငယ်တစ်ယောက်၏ မပြီးဆုံးသေးသော ဆန္ဒ တချို့သော လူသားများသည် အသက်ရှည်ရှည် မနေခဲ့ရသော်လည်း သမိုင်းထဲတွင် အလွန်ရှည်ကြာစွာ အသက်ရှင်နေတတ်ကြသည်။ တချို့သော စကားများသည် ပြောလိုက်သည့်အချိန်မှာ စကားတစ်ခွန်းမျှသာ ဖြစ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် လူတစ်မျိုးလုံး၏ နှလုံးသားထဲတွင် ပဲ့တင်ထပ်နေတတ်သည်။ မြန်မာ့သမိုင်းတွင်လည်း ထိုသို့သော စကားတစ်ခွန်း ရှိခဲ့သည်။ “သမီးသေသွားရင်တောင်မှ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရမချင်း အမျှမဝေပါနဲ့ဦး ဖေဖေ…” ထိုစကားကို ပြောခဲ့သူမှာ အသက်အရွယ်ကြီးရင့်ပြီး နိုင်ငံရေးအတွေ့အကြုံများစွာရှိသည့် ခေါင်းဆောင်တစ်ဦး မဟုတ်ခဲ့ပါ။ သူမသည် အသက် ၁၆ နှစ်သာရှိသေးသော ကျောင်းသူလေး မဝင်းမော်ဦး ဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ် အမှတ် (၄) အလယ်တန်းကျောင်းတွင် အဋ္ဌမတန်းပညာ သင်ကြားနေသည့် ကျောင်းသူတစ်ယောက်။ သူ့အသက်အရွယ်က ကျောင်းသွားရမည့်အရွယ်၊…