Author: Baby Yit Lone

  • မုံရွာတွင် ညဈေးဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိ

    မုံရွာတွင် ညဈေးဖွင့်လှစ်ရန် စီစဉ်နေသော်လည်း လုံခြုံရေးနှင့် စစ်မှုထမ်းဥပဒေကြောင့် ပြည်သူများ စိုးရိမ်လျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အရှေ့ဘက်ကန်သာယာတွင် ဆိုင်ခန်းပေါင်း ၁၁၀ ပါဝင်မည့် ကန်သာယာညဈေး (Night Market) နှင့် ကျောက္ကာလမ်းပေါ်ရှိ မော်တော်ယာဉ်ရောင်းဝယ်ရေး စင်တာတို့ကို မကြာမီဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

    အဆိုပါ ညဈေးတွင် ဒေသထွက်ကုန်များ၊ စားသောက်ကုန်နှင့် အဝတ်အထည်များ ရောင်းချပေးမည့်အပြင် ဖျော်ဖြေရေးအစီအစဉ်များပါ ထည့်သွင်း၍ ညဘက်အပန်းဖြေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။

    ထို့အတူ ဘုန်းစိုးရပ်ကွက်ရှိ ကားအရောင်းစင်တာတွင်လည်း ဆိုင်ခန်းပေါင်း ၄၁ ခန်းဖြင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားသည်ဟု ဆိုသည်။

    သို့သော်လည်း မြေပြင်ရှိ မုံရွာမြို့ခံများအကြားတွင်မူ အဆိုပါ စီစဉ်မှုများအပေါ် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

    “မြို့ထဲမှာ ညဘက်ဆို လူတောင်မရှိတော့တာ ကြာပါပြီ။ အခုမှ ညဈေးဖွင့်မည်ဆိုတော့ စစ်မှုထမ်းဖို့ လူစုဆောင်းဖို့လား လူတွေက သံသယရှိနေတယ်” ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

    ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များအကြား စိုးရိမ်မှုကြီးမားနေချိန်တွင် ယခုကဲ့သို့ လူစုလူဝေးဖြစ်စေမည့် ညဈေးမျိုး ဖော်ဆောင်လာခြင်းအတွက် ဒေသခံများအကြား သံသယများတိုးပွားလာခြင်းဖြစ်သည်။

    “မြို့ပေါ်ကလူတွေက ည ၇ နာရီလောက်ဆို အိမ်ပြင်မထွက်ကြတော့ပါဘူး။ အခုလက်ရှိခြေနေက မုံရွာကျောက္ကာလမ်း အရှေ့ခြမ် းပြည်သူ့ဥယျာဥ်ရှေ့မှာ ညပိုင်းစည်နေတယ်။ အရက်ဆိုင်၊ ကေတီဗီ၊ စားသောက်ဆိုင်တွေ ညလုံးပေါက်ဖွင့်တယ်။ အဲဒီဆိုင်တွေက ဗိုလ်ကတော်က ဖွင့်ထားတာ။ အဲဒီဆိုင်ဖွင့်တုန်းက ပိုက်ဆံယူ တစ်တော့ရိုက် ကြော်ငြာတဲ့အဖွဲ့ကို ဘယ်အဖွဲ့ကမှန်းမသိ ဖမ်းသွားပြီး ငွေတောင်းတာကြားသေးတယ်”ဟု နောက်ထပ် မုံရွာမြို့ခံတစ်ဦးက ရှင်းပြပါတယ်။

    စစ်ကော်မရှင်သည် ရွေးကောက်ပွဲပြီးသည့်နောက် မြို့ပြတည်ငြိမ်အေးချမ်းကြောင်းပြသရန် ကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ လုံခြုံရေးစိုးရိမ်ချက်နှင့် စစ်မှုထမ်းဥပဒေ၏ ရိုက်ခတ်မှုများကြောင့် ပြည်သူများမှာ ညဘက်အပြင်ထွက်ရန် ဝန်လေးနေကြဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

  • မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျသံတွေ ညလုံးပေါက်နီးပါးကြားရ

    မြစ်ကြီးနားမြို့ပေါ်မှာ လက်နက်ကြီးကျည်ကျသံတွေ ညလုံးပေါက်နီးပါးကြားရ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ်ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မြို့ပေါ်မှာ နေ့စဉ်လိုလို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာတွေဖြစ်နေတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။

    ဖေဖော်ဝါရီ ၂၀ ရက် စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ပြီးနောက်မြင်ကွင်း

    မနေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ည ၁၁ နာရီကျော်ခန့်မှာလည်း မြို့ပေါ်မှာလက်နက်ကြီးကျည်ပေါက်ကွဲ သံတွေကြားခဲ့ရပြီး ကျရာက်တဲ့နေရာတိတိကျကျကိုမသိရဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    “အဲဒီထဲကမှ နှစ်လုံးက တော်တော်ကျယ်တယ်။ အေးစေတီရပ်ကွက်ဘက်ဆို တိုက်ပါ တုန်တယ်” လို့ သူက ဆက်ပြောပါတယ်။

    ဖေဖော်ဝါရီ ၂၀ ရက် MNA လေယာဉ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    လေယာဉ်ဖြစ်စဉ်တဲ့နေ့ ဖေဖော်ဝါရီ ၂၀ ရက်မနက်အစောပိုင်းတုန်းကလည်း စီတာပူနဲ့ ရွှေညောင်ပင် ရပ်ကွက်တွေပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာမှာ လူထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

    စီတာပူရပ်ကွက် အပိုင်း ၄ က နေအိမ်တစ်အိမ်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး သားအမိနှစ်ဦးထိရောက်ရခဲ့တယ်လို့ ဒေသတွင်းအခြေစိုက်မီဒီယာတွေကလည်း ဖော်ပြပါတယ်။

    ဖေဖော်ဝါရီ ၂၀ ရက် စီတာပူရပ်ကွက်ပေါ် လက်နက်ကြီးကျည်ကျရောက်ပြီးနောက်မြင်ကွင်း

    ဒါအပြင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝိုက်ကိုလည်း မနေ့ညပိုင်းမှာ စစ်တပ်လေယာဉ်တွေ တောက်လျှောက်ပျံဝဲနေတယ်လို့ ဒေသခံတွေရဲ့လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားဖော်ပြချက် အရရော လေယာဉ်သတင်းဖော်ပြတဲ့ ကင်းထောက်ချန်နယ်တွေအရပါ သိရပါတယ်။

    တစ်ညလုံး လေကြောင်းအန္တရာယ် သတိပေးချက်တွေ ဆက်တိုက်ကြေညာနေတယ်လို့ လိုင်ဇာမှာနေထိုင်သူတချို့ က လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားကြတာပါ။

    ဖေဖော်ဝါရီ ၂၀ ရက် MNA လေယာဉ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မြင်ကွင်း

    စစ်တပ်ထောက်ခံသူတချို့ကလည်း လိုင်ဇာ အပါအဝင် KIAဌာနချုပ်ရှိရာရဲ့ တပ်မဟာ ၃၊ တပ်မဟာ ၅ လိုင်စင်၊ တပ်မဟာ ၈ နဲ့ တပ်မဟာ ၉ မိုးညှင်း၊ မိုးကောင်းတို့ဘက်ကို စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းတွေအပြင် အမြောက်နဲ့ပါ တောက်လျှောက်တိုက်ခိုက်နေတယ်လို့ မနေ့ညပိုင်းမှာ ရေးသားဖော်ပြပါတယ်။

  • ပညာရေးကျားဖြန့်

    ပညာရေးကျားဖြန့်

    ပညာရေး ကျားဖြန့်” ဆိုတဲ့ စကားလုံးကို ကြားဖူးကြသလား။

    အခုနှစ်မှာ ကိုယ့်ဘဝကို ပညာရေးနဲ့ မြှင့်တင်ပြီး လွတ်လပ်တဲ့ အနာဂတ်ကို တည်ဆောက်ချင်ကြတဲ့ ကျွန်တော်တို့ တိုင်းပြည်က လူငယ်တွေကြားမှာ ဒီကျားဖြန့်က အတော်လေး အမြစ်တွယ်နေပြီ။

    မိဘတွေကလည်း သားသမီးတွေ သူများအောက် မကျို့ရအောင်၊ မျက်နှာမငယ်ရအောင်ဆိုပြီး ရှိစုမဲ့စုလေးကို ရောင်းချ၊ ပုံအောပြီး ပညာရေးဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်ကြတယ်။

    ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ပညာရေးဟာ ကုန်သွယ်မှု သက်သက်၊ လိမ်လည်မှု သက်သက် ဖြစ်လာနေတာကို ကျွန်တော် ရင်နာနာနဲ့ပဲ ထောက်ပြချင်ပါတယ်။

    ပထမဆုံး ပြောချင်တာက နိုင်ငံတကာကျောင်း ဆိုတဲ့ ဆိုင်းဘုတ်တွေအကြောင်းပါ။

    အခုနောက်ပိုင်း နိုင်ငံတကာကျောင်းဆိုတာ မှိုပေါက်သလို ပေါ်လာတယ်။ Cambridge တို့၊ IGCSE တို့ သင်မယ်ဆိုပြီး ကြော်ငြာကြတယ်။

    ကျောင်းလခတွေကလည်း မတန်တဆပါပဲ။ ဒါပေမဲ့ တကယ်တမ်း သင်ကြားတဲ့အခါ နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် မဟုတ်ဘဲ၊ ဟိုးအရင် ကျူရှင်ခေတ်ကလို အလွတ်ကျက်၊ အလွတ်ဖြေ စနစ်ဟောင်းကြီးနဲ့ပဲ သွားနေကြတာ အများကြီးပါ။

    ဘာလို့လဲဆိုတော့ သင်နေတဲ့ ဆရာ၊ ဆရာမ အတော်များများက နိုင်ငံတကာကျောင်းတွေ၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ တက်ခဲ့ဖူးတဲ့ အတွေ့အကြုံ မရှိကြလို့ပါပဲ။

    စေတနာမရှိဘူးလို့ ကျွန်တော် မဆိုလိုပါဘူး။ ဒါပေမဲ့ ပေးရတဲ့ ငွေနဲ့ ရလိုက်တဲ့ အရည်အသွေးက လုံးဝ မမျှတဘူး။

    သာမန်ကျောင်းကနေ ပြောင်းလာတဲ့ ကလေးတွေခမျာ စနစ်နှစ်ခုကြားမှာ ဗျာများ၊ စိတ်ဖိစီးပြီး၊ မိဘတွေရဲ့ သွေးချွေးစာ ငွေတွေလည်း သဲထဲရေသွန် ဖြစ်ရပါတယ်။

    ဒုတိယ အလိမ်အညာကတော့ ပြည်ပက အင်္ဂလိပ်စာ အစီအစဉ် တွေနဲ့ ပွဲစားတွေရဲ့ လုပ်ရပ်ပါပဲ။

    ထိုင်း၊ ဂျပန်၊ ကိုရီးယားစတဲ့ နိုင်ငံတွေက တက္ကသိုလ်တွေမှာ 100% English လိုပဲ သင်ပါတယ်ဆိုပြီး ပွဲစားတွေက ကြော်ငြာကြတယ်။

    တကယ်တမ်း ဟိုလည်းရောက်ရော သင်တဲ့ ပရော်ဖက်ဆာတွေရဲ့ အင်္ဂလိပ်စာ လေယူလေသိမ်း ကို နားလည်ဖို့ အတော်လေး ရုန်းကန်ရတယ်။

    ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်ကနေ IELTS ရမှတ် မြင့်မြင့်ရပြီး သွားတဲ့ ကျွန်တော်တို့ လူငယ်တွေက ဟိုက စာသင်နေတဲ့ ပရော်ဖက်ဆာတွေထက် အင်္ဂလိပ်လို ပိုပြီး ရှင်းလင်းပြတ်သားစွာ ပြောနိုင်၊ နားလည်နိုင်နေတယ်။

    ဘာသာစကား အခက်အခဲကြောင့် ပညာရေးမှာ တုံ့ဆိုင်းသွားရတယ်၊ ကျောင်းပြောင်းရတဲ့အထိ ဒုက္ခရောက်ရတယ်။

    အဲ့ဒီလို အိပ်မက်တုတွေ ရောင်းစားပြီး ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်နေတဲ့ ပညာရေးပွဲစားတွေရဲ့ လုပ်ရပ်ဟာ တော်တော်လေးကို ရုပ်ဆိုးလွန်းပါတယ်။

    တတိယတစ်ခုကတော့ အခုခေတ်စားနေတဲ့ AI၊ Data Science ၊ IT စတဲ့ နာမည်ကြီး ဘာသာရပ်တွေနဲ့ ဗီဇာ ရောင်းစားတဲ့ အစီအစဉ်တွေပါ။

    ထိုင်းလို နိုင်ငံမျိုးမှာ ကာလတို ဗီဇာရဖို့ သက်သက်အတွက် ဖွင့်ထားတဲ့ အရည်အသွေးနိမ့် ပုဂ္ဂလိကကျောင်းတွေ အများကြီး ရှိလာတယ်။

    ထိုင်းက AIT လို၊ Mahidol လို၊ Chulalongkorn လို အစိုးရတက္ကသိုလ်၊ နိုင်ငံတကာအဆင့်မီ ကျောင်းတွေမှာ သွားတက်ရင် တကယ့် အရည်အသွေးပြည့်ဝတဲ့ ပညာရေးကို ရမှာ သေချာပါတယ်။

    ဒါပေမဲ့ အချိန်မပေးနိုင်လို့ဖြစ်ဖြစ်၊ ပွဲစားတွေရဲ့ ဖြားယောင်းမှုကြောင့်ဖြစ်ဖြစ် ဟိုကျောင်းတွေကို ရောက်သွားတဲ့အခါ ဒုက္ခလှလှ တွေ့တော့တာပါပဲ။

    စာသင်မယ့် ဆရာတွေက AI အကြောင်း၊ IT အကြောင်း သေသေချာချာ နားမလည်ကြဘူး။

    ခေတ်စားနေတဲ့ စကားလုံး တွေနဲ့ နာမည်ကြီး ဖတ်စာအုပ်တွေကို ကိုးကားပြီး ဟန်ပြသင်သွားကြတာ များတယ်။

    တကယ့် လက်တွေ့တတ်ကျွမ်းတဲ့ ဆရာဆိုတာ လက်ချိုးရေလို့ ရတယ်။ ဒီလိုနဲ့ပဲ ဗီဇာရဖို့ သက်သက် သွားတဲ့ လူငယ်တွေဟာ ပညာလည်းမတတ်၊ အချိန်တွေ၊ ငွေတွေသာ ကုန်ဆုံးပြီး လမ်းပျောက်ရပြန်ပါတယ်။

    ကျွန်တော်တို့ လူငယ်တွေ၊ ညီငယ်၊ ညီမငယ်တွေ… ပညာရေးဆိုတာ ကိုယ့်ဘဝအတွက် အကြီးမားဆုံး လက်နက်ပါ။

    ဒါပေမဲ့ အဲဒီလက်နက်ကို ဝယ်ယူတဲ့နေရာမှာ လိမ်လည်လှည့်ဖြားတဲ့ ကျားဖြန့်တွေရဲ့ သားကောင် မဖြစ်ပါစေနဲ့။

    မိဘတွေရဲ့ ချွေးနှဲစာ၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ လူငယ်ဘဝ အချိန်တွေကို ပွဲစားတွေရဲ့ လေလုံးတွေကြားမှာ မစတေးလိုက်ပါနဲ့။

    သေချာ စုံစမ်းပါ၊ ဝေဖန်ပိုင်းခြားပါ။

    ကိုယ်ရွေးချယ်မယ့် လမ်းဟာ ရွှေပြည်တော်ကို တကယ်ရောက်မယ့် လမ်းလား၊ ဒါမှမဟုတ် တံလျှပ်ကို ရေထင်ပြီး ပြေးရမယ့် လမ်းလားဆိုတာကို မျက်စိဖွင့် နားဖွင့်ထားဖို့ ကျွန်တော် အလေးအနက် သတိပေးချင်ပါတယ်။

    Ko Kyaw Tun

  • ဝှစ်သောက်ကား ပွားပြီးစီးတာ ယာဉ်ထိန်းရုံးကပါ

    ဝှစ်သောက်ကား ပွားပြီးစီးတာ ယာဉ်ထိန်းရုံးကပါ

    ပိုင်ရှင်နဲ့ ဒဲ့မိတဲ့အခါ

    ပွားစီးထားတဲ့ကားက လိုင်စင်သက်တမ်း ပိုတောင်များနေသေး

  • မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်

    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်

    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်

    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ်မှ ဗိုလ်မှူးအဆင့်အရာရှိများက ဦးဆောင် အုပ်ချုပ်မည်ဖြစ်ပြီး ကြံ့ဖွတ်အစိုးရသစ်နှင့်အတူ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးအသစ်များ တက်လာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ ကြံ့ဖွတ်အစိုးရသစ်ဖွဲ့စည်းချိန်တွင် နိုင်ငံတစ်ဝန်းရှိ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များတွင်လည်း နယ်မြေခံ ဗိုလ်မှူးအသစ်များက အုပ်ချုပ်ရေးအရာရှိများအဖြစ် ရောက်ရှိအုပ်ချုပ်မည်ဖြစ်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၏ ဥက္ကဋ္ဌကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများက ရယူမည်ဖြစ်သော်လည်း အဓိက အုပ်ချုပ်မည့် Focal တာဝန်ရှိသူများမှာ စစ်တပ်မှ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးများ ဖြစ်ကြောင်း သိရှိရသည်။

    “မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးမှာ အုပ်ချုပ်ရေးအရာရှိ အဖွဲ့ဝင် ၁ အဖြစ် သက်ဆိုင်ရာ နယ်မြေခံတပ်နယ်တွေက တင်သွင်းတဲ့ ဗိုလ်မှူး ၁ ဦးကို ခန့်အပ်မှာဖြစ်ပါတယ်။ အဲဒါက တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးမှာ အပြောင်းအလဲ လုပ်မှာဖြစ်ပါတယ်။ ဒါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်အမှတ် ၄ /၂၀၂၅ အရ အဲဒီလို အပြောင်းအလဲလုပ်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌက ထွေ/အုပ်အရာရှိဖြစ်ပေမယ့် မြို့နယ်တစ်ခုလုံး ကို အုပ်ချုပ်မယ့် အရာရှိကတော့ တပ်မတော်က အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးတွေ ပဲဖြစ်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်အရ မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်မှာ နောင်လာမည့် အစိုးရအဆက်ဆက် ကျင့်သုံးရမည်ဖြစ်သည်ဟု သိရှိရသည်။

    မင်းအောင်လှိုင်၏ ညွှန်ကြားချက်အမှတ် ၄ /၂၀၂၅ တွင် နိုင်ငံတစ်ဝန်း မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ အကောင်အထည်ဖော်ရာတွင် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ငန်းစဉ်များအားလုံးကို သတ်မှတ်ပေးထားကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲ့စည်းရမည်ဖြစ်ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်ထုတ်ပြန်ခဲ့သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ အဖြစ် ထွေ/အုပ်အရာရှိကလည်းကောင်း၊ စစ်တပ်ကိုယ်စားလှယ် ၁ ဦး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်လ၀က ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးက တာဝန်ပေးအပ်သူ ၁ ဦးတို့က အဖွဲ့ဝင်များ အဖြစ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးကမူ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် ၇ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းချိန်မှစတင်၍ ယနေ့အချိန် အထိ တစ်နိုင်ငံလုံးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး ယင်းအဖွဲ့များတွင် ဗိုလ်မှူးများကို အုပ်ချုပ်ရေးအဖွဲ့ဝင်အရာရှိများအဖြစ် စစ်တပ်က ခန့်အပ်ထားခြင်းဖြစ်သည်။

    ဓာတ်ပုံ- လွှတ်တော်တက်ရောက်နေသည့် ဗိုလ်မှူး အပါအဝင် အကြမ်းဖက်စစ်အရာရှိတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)