Author: Baby Yit Lone
-

ပျောက်ဆုံးနေတဲ့ ဆရာမကြီးကို မြောင်းမြဘက်မှာ ပြန်တွေ့လိုက်ရတဲ့ ရင်ကွဲစရာ အခြေအနေ!
ပျောက်ဆုံးနေတဲ့ ဆရာမကြီးကို မြောင်းမြဘက်မှာ ပြန်တွေ့လိုက်ရတဲ့ ရင်ကွဲစရာ အခြေအနေ! ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ပုသိမ်မြို့မှာ ရုတ်တရက် အစအနဖျောက် ပျောက်ဆုံးသွားခဲ့တဲ့ အမှတ် (၃) ရပ်ကွက်က ဆရာမကြီး ဒေါ်အေးအေးမြင့်ရဲ့ ဖြစ်စဉ်ဟာ အခုတော့ ရင်ကွဲဖွယ်ရာ ဇာတ်သိမ်းသွားခဲ့ပါပြီ။ နေ့မနား ညမအား မျှော်လင့်ချက်တွေနဲ့ လိုက်လံရှာဖွေနေခဲ့ကြတဲ့ မိသားစုဝင်တွေနဲ့ တပည့်တွေအတွက်တော့ တကယ့်ကို ဖြေဆည်ရာမဲ့စရာ အဖြစ်ဆိုးကြီးပါပဲ။ မနေ့က (ဩဂုတ်လ ၁၃ ရက်နေ့) မှာတော့ မြောင်းမြမြို့နယ်အပိုင်၊ ငမြင်းချောင်းထဲမှာ ရေစီးနဲ့ မျောပါလာတဲ့ အသက်မဲ့နေတဲ့ ခန္ဓာကိုယ် (DB) တစ်ခုကို ရုတ်တရက် သွားရောက် တွေ့ရှိခဲ့ပါတယ်။ အဆိုပါ သတင်းကြောင့် လူမှုကူညီရေးအသင်းတွေက မြောင်းမြပြည်သူ့ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့ရာမှာ၊ မိသားစုဝင်တွေ ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ဆရာမကြီး ဟုတ်မှန်ကြောင်းကို…
-

ရေပိုလွှဲ (၁၂) ပေါက်လုံးကို ဖွင့်ချလိုက်တဲ့ သဖန်းဆိပ်ဆည်
ရေပိုလွှဲ (၁၂) ပေါက်လုံးကို ဖွင့်ချလိုက်တဲ့ သဖန်းဆိပ်ဆည် (အောက်ဘက်ကို ဆင်းလာမယ့် ရေပမာဏက ထင်ထားတာထက် ပိုများနေပါတယ်) စစ်ကိုင်းတိုင်းအတွင်းက မူးမြစ်ကမ်းဘေး ဝဲ/ယာ ဒေသခံတွေ အထူးသတိထားရမယ့် အချိန်ကို ရောက်လာပြန်ပါပြီ။ ရေပြန်ကျပြီဆိုပြီး ကိုယ့်အိမ်ကိုယ် ပြန်နေဖို့ ပြင်ဆင်နေတဲ့ သူတွေရှိရင် အခုပဲ ရပ်တန့်ပြီး ရေလွတ်ရာ ကုန်းမြင့်ပိုင်းတွေမှာ ဆက်လက် နေထိုင်ကြဖို့ အရေးပေါ် သတိပေးချက် ထွက်ပေါ်လာပါတယ်။ ဆည်ရေ (၁၂) ပေါက်ကနေ အရှိန်နဲ့ ဆင်းလာမယ့်ရေ အခုရက်ပိုင်း မူးမြစ်ရေ တိုးလာတာကြောင့် ကျွန်းလှမြို့နယ်မှာရှိတဲ့ သဖန်းဆိပ်ဆည်ဟာ ကန်ရေပြည့်အမှတ် ၅၄၅ ပေကို ကျော်လွန်ပြီး လက်ရှိမှာ (၅၄၅.၇၅) ပေအထိ ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဆည်ကြံ့ခိုင်ရေးအတွက် ဒီကနေ့ ဩဂုတ်လ (၁၃) ရက်…
-

ခင်လွှမ်းပြောပြလာတဲ့ သမီးလေးအတွက် ကျောင်းဘက်က တာဝန်ယူ/ခံမှု
ကျောင်းကိုသွားတွေ့တာနဲ့ပတ်သက်ပြီး သိချင်နေကြလို့ ပြောပြပါမယ်ရှင်. ကျွန်မတို့လင်မယားနှစ်ယောက် ကျောင်းမှာ ကျောင်းအုပ်ကြီး ၊ သမီးလေးအတန်းပိုင်နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသော အခြားဆရာဆရာမ ၃ယောက်တို့နဲ့ တွေ့ခဲ့ပါတယ်. ကျွန်မတို့ CCTV တောင်းကြည့်ရာတွင် စာသင်ခန်းထဲတွင် ကျောင်းသားများနှင့် ဆရာမများလုံခြုံရေးကြောင့် CCTV တပ်မထားကြောင်းပြောပါတယ်. ထို့ကြောင့် မကြည့်ခဲ့ရပါဘူးရှင်. ရှေ့လျှောက် တစ်ခုခုဆိုလည်း ပြန်မကြည့်နိုင်တဲ့အတွက် သူတို့ပြောသလောက်ပဲ သိရမယ့်အတွက် ကျွန်မကလေးအတွက်ရော အခြားကလေးတေအတွက်ပါ မိဘတေကိုယ်စား စိုးရိမ်သွားပါတယ်. သူတို့ဘက်က ရှင်းပြချက်မှာ အဲ့ဒီနေ့က အကြောင်းကြောင်းကြောင့် ပုံမှန်ရှိနေကြ ဆရာမအရေအတွက်ထက် ပိုနည်းနေခဲ့ပြီး ကျောင်းဆင်းခါနီး နောက်ဆုံးချိန်ဖြစ်တဲ့ coloring အချိန်မှာ သမီးလေးက သင်ခန်းစာအရင်ပြီးခဲ့ပြီး အခြားမပြီးသေးသောကလေးများကို ကူပြနေခြင်းကြောင့် အရင်ပြီးသောကလေးများကို မကြည့်အားခဲ့ခြင်းကြောင့် သမီးလေး ဘယ်လိုဖြစ်သွားမှန်းကို ဆရာမ တစ်ယောက်မှ လုံးဝ မမြင်ခဲ့ကြပါဘူးလို့ပြောပါတယ်.…
-

CDF-KKG ရဲ့ တာဝန်ခံ အပါအဝင် ၃ ဦး လုပ်ကြံသးT-တ်ဖြ/-တ်ခံရမှု
ဂန့်ဂေါတွင် CDF-KKG တပ်ရင်း ၆ တာဝန်ခံ အပါအဝင် ၃ ဦး လုပ်ကြံသတ်ဖြတ်ခံရ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖြစ်တဲ့ CDF-KKG တပ်ရင်း ၆ ရဲ့ ဥက္ကဋ္ဌ ကိုဘဖြိုးအပါအဝင် ၃ ယောက်ဟာ ဩဂုတ် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ည ၁၁ နာရီကျော်လောက်မှာ CDF-KKG တပ်ရင်း ၆ ရဲ့ ဥက္ကဋ္ဌ ဘဖြိုး၊ ရဲဘော်မဲကြီးနဲ့ ပိတောက်ကုန်းရွာက အမျိုးသား တယောက်တို့ စုစုပေါင်း ၃ ယောက်ဟာ ဂန့်ဂေါတောင်ပိုင်း ပိတောက်ကုန်းရွာနဲ့ ရှုံးရှီရွာကြားက ရာဇုမုနိဘုရားလမ်းဆင်းမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ ချောင်းမြောင်းလုပ်ကြံပစ်ခတ်တာခံရလို့ ၃ ယောက်လုံးကျဆုံး သွားပါတယ်။…
-

ခုမနက်ပဲဖြစ်သွားတာ… အားလုံးသတိထားကြဖို့
ဒီမနက်လေးတင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးမို့ ကျောင်းသားမိဘတွေ အားလုံး ကြိုတင်သိရှိထားနိုင်အောင် ရေးသားဖော်ပြပေးလိုက်ပါတယ်။ သားသမီးအပူဆိုရင် ဘာနဲ့မှမလဲနိုင်တဲ့ မိဘတွေရဲ့ စိတ်အားငယ်မှုကို အခွင့်ကောင်းယူသွားတဲ့ တကယ့်ကို ကြက်သီးထစရာ လိမ်လည်မှု လုပ်ရပ်တစ်ခုပါ။ ပြဿနာရဲ့ အစ (ရင်ထိတ်ဖွယ် ဖုန်းခေါ်ဆိုမှု) ရုတ်တရက် ဖုန်းဝင်လာပြီး တစ်ဖက်ကနေ ကလေးအသံတိုးတိုးလေးနဲ့ “မေမေရေ မြန်မြန်လာပါ… သမီး ဗိုက်အရမ်းအောင့်နေလို့ပါ” ဆိုပြီး ငိုသံလေးနဲ့ စပြောပါတယ်။ “ဘယ်သူလဲ” မေးတော့ “သမီးလေ မေမေ… ဆရာမလည်း ပါတယ်” ဆိုပြီး ဖုန်းကို လွှဲပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ ဆရာမဆိုသူက ကလေး အူအတက်ပေါက်လို့ အရေးပေါ် ခွဲစိတ်ရမယ်၊ အခု ကက်သလစ်ဆေးရုံ ဟိုဘက်ခြမ်းက ‘မေတ္တာဆေးခန်း’ မှာ တင်ထားတယ်လို့ အရေးတကြီး လှမ်းပြောပါတယ်။ အရေးပေါ်…