Author: Baby Yit Lone
-

ဘာမြူဒါ ပုဂံ ညောင်ဦး
မန္တလေးတိုင်း ပုဂံ ညောင်ဦး ဒေသဟာတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတို အပိုင်းအစ တွေ ရှိနေခဲ့တာ ကြာပါပြီ။တကယ့်မြေပြင်မှာလည်း ပြည် တွင်းခရီးသွားတွေ လက်ရှောင်ကြတဲ့ လမ်းပိုင်းတစ်ခု ဖြစ်လို့နေပါပြီ။ပုဂံ ညောင်ဦး ဒေသမှာ ပြန်ပေးဆွဲမှု တွေ စပြီး သတိထားမိတာက ရေနံ့သာဒင်္ဂါး ဆိုသူ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းကစလို့ လူသိများတဲ့ သူတစ်ချို့ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် မဟုတ်ပါဘူးဆိုပြီး ငြင်း လိုက် ဖြစ်လို့နေခဲ့ပါတယ်။ ချောက်မြို့ နယ် အတွင်းမှာလဲ ယခုလို မထင်မရှား ကုမ္မဏီဝန်ထမ်းတွေ ပြန်ပေးဆွဲခံရသယောင် ဖြစ်ခဲ့ပေမယ့် ဘယ်အဖွဲ့ကမှ လို့ ထုတ်မပြောရဲကြတဲ့ အချက်ဟာ တစ်ထပ်တည်းလိုလို တူညီနေတာကို တွေ့ရပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေ မဟုတ်ဘူးဆိုရင် ဘယ်အဖွဲ့ဖြစ်မလဲ ❓ အကြ-မ်းဖ-က်စ-စ်တ-ပ် တစ်ခု…
-

တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ မှာ စစ်အုပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင် (ရုပ်သံ)
တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ မှာ စစ်အုပ်စုကို ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်း၊ ထီးချိုင့်၊ ကသာနဲ့ အင်းတော်ဒေသဘက် ရောက်လာတဲ့ အာဏာသိမ်း စစ်အုပ်စုကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်သုတ်သင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန – MOD၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်- PDF၊ သတင်းနဲ့ ပြန်ကြာရေးက ထုတ်ပြန်ပါတယ်။ PDF က တစ်နှစ်ကျော်ကြာ တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ မတ်လအတွင်း ပြန်လည် ထိုးစစ်ဆင် သိမ်းယူနိုင်ခဲ့သလို တကောင်းနဲ့ ဆက်စပ်နေတဲ့ စစ်ကိုင်းတိုင်း ထီးချိုင့်၊ အင်းတော်နဲ့ ကသာမြို့တွေကို…
-

စစ်မှုထမ်းဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ အမိန့်သစ်ကြောင့် လူငယ်တွေ ပိုမိုစိုးရိမ်
စစ်မှုထမ်းဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းရဲ့ အမိန့်သစ်ကြောင့် လူငယ်တွေ ပိုမိုစိုးရိမ် နေပြည်တော်မှာ မေလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်မှုထမ်းရမယ့် အင်အားစာရင်း အမှန်ရရှိဖို့အတွက် လဝကနဲ့ ပေါင်းပြီး မှတ်ပုံတင်စာရင်းပြုစုဖို့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ညွှန်ကြားလိုက်ပါတယ်။ စာရင်းပြုစုမှတ်ပုံတင်ထားသူတွေကို နောက်ပိုင်းမှာ အလှည့်ကျစနစ်နဲ့ မဖြစ်မနေ ဆင့်ခေါ်နိုင်ဖို့ ကြိုတင်စီမံထားရမယ်လို့ မှာကြားခဲ့ပါတယ်။ မြေပြင်အခြေအနေ: စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တွေမှာတော့ ပြီးခဲ့တဲ့ ဧပြီလက အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ကြား ရှိသူတွေကို မှတ်ပုံတင်တွေ လိုက်လုပ်ပေးခဲ့ပြီး အခုအခါမှာတော့ စစ်မှုထမ်းရမယ့် စာရင်းတွေကို ရပ်ကွက်တွေထဲ လိုက်လံကပ်ထားနေပြီလို့ မြို့ခံတွေက ဆိုပါတယ်။ တပြိုင်တည်း ခေါ်ယူနေမှု: လက်ရှိမှာ စစ်တပ်ဟာ စစ်မှုထမ်း အပတ်စဉ်…
-

ရန်ကုန်ဆေးရုံကြီးမှ နာမည်ကြီး အထူးကုဆရာဝန်ကြီးများ တာမွေ အထက (၄) တွင် ကွင်းဆင်း စမ်းသပ်ကုသပေးမည်
သတင်းကောင်း!! ရန်ကုန်ဆေးရုံကြီးမှ နာမည်ကြီး အထူးကုဆရာဝန်ကြီးများ တာမွေ အထက (၄) တွင် ကွင်းဆင်း စမ်းသပ်ကုသပေးမည် ရန်ကုန်မြို့က မိဘပြည်သူများအတွက် တကယ့်ကို ဝမ်းသာစရာ ကျန်းမာရေး သတင်းကောင်းတစ်ခု ရှိလာပါတယ်။ လာမယ့် မေလ (၁၉) ရက် (အင်္ဂါနေ့) နံနက် (၈:၀၀) နာရီအချိန်မှာ ရန်ကုန်ဆေးရုံကြီးမှ ထိပ်တန်း အထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်ရှိ အထက (၄) တာမွေကျောင်း သို့ အရောက်လာရောက်ပြီး မည်သူ့ကိုမဆို စမ်းသပ်ကုသပေးသွားမည့် အစီအစဉ် ရှိနေပါတယ်။ 🏥 ကုသစစ်ဆေးပေးမည့် အထူးကုဌာနများနှင့် အစီအစဉ်များ- ကျောင်းတွင်း ကွင်းဆင်းကုသမှုတွင် အောက်ပါ အထူးကုဘာသာရပ် (၁၅) မျိုးကို စုံစုံလင်လင် စစ်ဆေးကုသပေးသွားမှာ ဖြစ်ပါတယ်ဗျာ။ ၁။ အရိုးအထူးကု…
-

မတော်တဆမှုမှာ နောက်ဆုံးအချိန်ထိ ပွေ့ဖက်ထားကြရင် ဆုံးပါးသွားကြတဲ့ ဇနီးမောင်နှံ
ယနေ့ည မြန်မာဇနီးမောင်နှံ နှစ်ဦး မော်တော် ဆိုင်ကယ် မတော်တဆမှုဖြင့်ကာ ပွေ့ဖက်ထားသည့် အနေအထားနှင့် ဆုံးပါးခဲ့တဲ့ ဝမ်းနည်းကြောင်းသတင်း ဖော်ပြလိုပါတယ်။ ထိုင်းနိုင်ငံ၊ စာမွတ်ပရာကန်ပြည်နယ်၊ ဘန်ဘိုခရိုင်၊ ကလုန်ဒန်မြို့နယ်၊ ဘန်သောင်ခွန်ကျောင်းအနီး ပန်ဝှီးသီးလမ်းပေါ်တွင် မေလ ၁၆ ရက် ညနေ ၆ နာရီခွဲအချိန်က မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး မော်တော်ဆိုင်ကယ်မှ ချော်ကျကာ နောက်မှလိုက်ပါလာသည့် ကွန်တိန်နာကားတစ်စီး၏ ဘီးအောက်သို့ ကျရောက်ခဲ့ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပါတယ်။ CCTV မှတ်တမ်းများအရ အဆိုပါစုံတွဲ၏ရှေ့မှ မော်တော်ဆိုင်ကယ်တစ်စီးက လမ်းဘေးသို့ကွေ့ရန် ဘရိတ်အုပ်လိုက်သဖြင့် ၎င်းတို့လည်း ဘရိတ်အုပ်လိုက်ရာ လမ်းပေါ်ရှိသဲများကြောင့် ဆိုင်ကယ်ချော်ကျသွားခဲ့ပါတယ်။ ထိုအချိန်တွင် နောက်မှလိုက်ပါလာသည့် ကွန်တိန်နာကား၏ ဘယ်ဘက်နောက်ဘီးက ၎င်းတို့၏ခေါင်းကိုကြိတ်မိခဲ့ပြီးနေရာတွင်ပင် ဆုံးပါးခဲ့ပါတယ်။ မတော်တဆမှုဖြစ်ပွားပြီးနောက် ထရပ်ကားမှာ အခင်းဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့ပြီး ၁ ကီလိုမီတာအကွာရှိ…