Author: Baby Yit Lone

  • ရန်ကုန်တွင် ပေါ်တာတင်မက စစ်မှုထမ်းအကျုံးဝင် လူလတ်တန်းစားများကိုပါ ဖမ်းဆီးလာ

    ရန်ကုန်တွင် ပေါ်တာတင်မက စစ်မှုထမ်းအကျုံးဝင် လူလတ်တန်းစားများကိုပါ ဖမ်းဆီးလာ

    ရန်ကုန်မြို့တွင် ပေါ်တာဆွဲရုံတင်မက လူလတ်တန်းစားရပ်ကွက်များအတွင်းရှိ စစ်မှုထမ်း အကျုံးဝင် လူငယ်များကိုပါ ဖမ်းဆီးလာကြောင်း သိရသည်။ ရန်ကုန်မြို့လမ်းမများပေါ်ရှိနေသော လူငယ်များကို စစ်အုပ်စုဝင်တို့က ပေါ်တာဆွဲနေသည်မှာ ၂နှစ် ဝန်းကျင်ရှိပြီဖြစ်ပြီး ယခင်က ရန်ကုန်မြို့စွန်ရပ်ကွက်များအတွင်းရှိ စစ်မှုထမ်း အကျုံးဝင်အခြေခံလူတန်းစားလူငယ်များအား အိမ်တိုင်ရာရောက် ဖမ်းဆီးခဲ့ရာမှ ယခုအခါ လူလတ်တန်းစားများပါ ဖမ်းဆီးလာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။ “ကျနော့်အမြင်ပြောရရင် ပေါ်တာဆွဲလို့မိတာ နည်းလာတယ်။ပြီးတော့ မြို့စွန်ပိုင်းက မျက်နှာမွဲလူ ငယ်တွေကို စစ်မှုထမ်းစာရင်းထဲပါတယ်ဆိုပြီး သွားဖမ်းလို့ရတာလည်း နည်းလာတယ်လို့ထင်တယ်။ အဲဒါကြောင့် လူလတ်တန်းစားတွေကိုပါ လုပ်လာတာ”ဟု ၎င်းကပြောသည်။ မေလ ၁၄ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ကျောက်မြောင်း၊ဌေးကြွယ်ရပ်ကွက်၊သူဌေးလမ်းထဲ၌ နေထိုင်သည့် လူငယ်အမျိုးသား ၃ ဦးကို စစ်မှုထမ်းစာရင်းထဲ ပါသည်ဟုဆိုကာ စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Rangoon Scout Network- RSN…

  • PDF ၉ ဦးကျဆုံးခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကို ဦး‌ဆောင်လမ်းပြတဲ့ အုပ်ချုပ်ရေးမှူးကို ကော့သောင်း ပကဖ အရှင်မိ

    PDF ၉ ဦးကျဆုံးခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကို ဦး‌ဆောင်လမ်းပြတဲ့ အုပ်ချုပ်ရေးမှူးကို ကော့သောင်း ပကဖ အရှင်မိ

    PDF ၉ ဦးကျဆုံးခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ကို ဦး‌ဆောင်လမ်းပြတဲ့ အုပ်ချုပ်ရေးမှူးကို ကော့သောင်း ပကဖ အရှင်မိ စစ်ဆေးစဉ် ရုန်းကန်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် ကျည်ထိမှန်သေဆုံး တနင်္သာရီ‌ဒေသ၊ ကော့သောင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်‌ရေးရဲဘော် ၉ ဦးကျဆုံးခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်မှာ ဦးဆောင်လမ်းပြခဲ့တဲ့ အကြမ်းဖက်စစ်တပ် လက်ပါးစေ အုပ်ချုပ်ရေးမှူးကို မြို့နယ် ပကဖ က မေ ၁၃ ရက်မှာ အရှင်ဖမ်းမိခဲ့ရာ ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကော့သောင်း – နမ္မသွန်(ဒေသအ‌ခေါ် ပါကလပ်) လမ်းပိုင်းတနေရာမှာ နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်စဉ် အေးမြသာယာရွာမှ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူး စိုးထိုက် (၄၄)နှစ်ရဲ့ ကားကို သတင်းအရ တားဆီးစစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးစဉ် ကားပေါ်မှာ ပလပ်စတစ်ပုံးနဲ့ ထည့်လာတဲ့ တော်လှန်ရေးရဲဘော်တွေ…

  • မူဆယ်တွင် စက်ရုံအလုပ်ရမည်ဆိုကာ လိမ်လည်ခေါ်ယူခံရသည့် မိန်းကလေးငယ်တစ်ဦး အခန်းတွင်း ပိတ်လှောင်ခံထားရ

    မူဆယ်တွင် စက်ရုံအလုပ်ရမည်ဆိုကာ လိမ်လည်ခေါ်ယူခံရသည့် မိန်းကလေးငယ်တစ်ဦး အခန်းတွင်း ပိတ်လှောင်ခံထားရ

    ရန်ကုန်၌ အလုပ်လုပ်ကိုင်နေသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဦးကို စက်ရုံအလုပ် လစာကောင်းကောင်းရမည်ဟု မြူဆွယ်လိမ်လည်ခေါ်ယူသွားပြီး လက်ရှိတွင် မူဆယ်မြို့ရှိ တိုက်ခန်းတစ်ခုအတွင်း အတင်းအဓမ္မ ပိတ်လှောင်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ယမန်နေ့ မေလ ၁၅ ရက်က ပျောက်ဆုံးနေသည့် မိန်းကလေးငယ်သည် အခန်းတစ်ခုအတွင်း ပိတ်လှောင်ခံထားရကြောင်း Viber မှတစ်ဆင့် မိသားစုထံ ဆက်သွယ်လာခဲ့ခြင်း ဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “မူဆယ်ကားကြီးဝင်းထဲမှာလို့ ပြောတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ရှိနေတာ။ သူ့ကို ခေါ်သွားတာက တရုတ်မယားပွဲစား မလီလီဆိုသူ ဖြစ်တယ်။ အခု တချို့က သမီးလေးကို ပြန်လိုချင်ရင် ငွေ ၇ သိန်းပေးရမယ်လို့ ဆက်သွယ်ပြောလာတာတွေ ရှိလို့ ဖုန်းတွေပိတ်ထားရတယ်။ အခုတော့ သမီးပျောက်ဆုံးသွားတဲ့ ထန်းတစ်ပင်ရဲစခန်းနဲ့ လူကုန်တား (လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့)…

  • ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်

    ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်

    ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော စစ်တပ် စစ်ကြောင်း စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တပ်ရင်းမှူး အပါအဝင် စစ်သား ၁၁ ဦး သေဆုံး အထိနာသော စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီး ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံပြီး အထိနာ၍ နေအိမ်များကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၁၄ ရက်နေ့တွင် ဖလမ်းမြို့ဘက်မှ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ချွန်ကျုံးရွာကို ရောက်လာပြီး ချင်းတော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ ထို…

  • သူ ပံ့ပိုးခဲ့တဲသူတွေကပဲ ပြန်ဆွဲခံလိုက်ရလို့ မချိတင်ကဲဖြစ်နေရတဲ့ ခိုင်နှင်းဝေ

    သူ ပံ့ပိုးခဲ့တဲသူတွေကပဲ ပြန်ဆွဲခံလိုက်ရလို့ မချိတင်ကဲဖြစ်နေရတဲ့ ခိုင်နှင်းဝေ

    ကလေးက ကြက်ဥပြုတ်ပူဆာလို့ ကားပေါ်ကဆင်းကျန်ခဲ့ရာကနေ လက်နက်ကိုင်တွေတားဆီးတဲ့အန္တရာယ်က သီသီလေးလွတ်မြောက်သွားခဲ့တဲ့ ခိုင်နှင်းဝေ ​ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေတို့အဖွဲ့ လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တားဆီးခေါ်ဆောင်တာကို ခံခဲ့ရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကလေးတစ်ယောက်ရဲ့ ပူဆာမှုကြောင့် အသက်ဘေးကနေ သီသီလေး လွတ်မြောက်သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ​ဖြစ်ပုံကတော့ ပြီးခဲ့တဲ့ (၁၃) ရက်နေ့ မွန်းလွဲ (၁၁) နာရီလောက်မှာ ခိုင်နှင်းဝေတို့အဖွဲ့ ပုပ္ပားတောင်မှာ ပွဲပေးပြီးအပြန် လမ်းမှာရှိတဲ့ ထမင်းဆိုင်တစ်ဆိုင်ကို ရောက်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ခိုင်နှင်းဝေက စိတ်ထဲမှာ ရှေ့ဆက်မသွားချင်သေးတာနဲ့ လက်ဆေးဖို့အကြောင်းပြပြီး ကားခဏရပ်ခိုင်းခဲ့တာပါ။ ​အဲဒီကနေ ကားပေါ် ပြန်တက်ခါနီးကျမှ ကားပေါ်ပါလာတဲ့ ကလေးလေး “ဟေသာမေ” က မေမေရယ် ကြက်ဥပြုတ် စားချင်တယ်ဆိုပြီး လက်ကိုဆွဲပြီး ဂျောက်ဂျက်လုပ် ပူဆာပါရော အဲဒါနဲ့ပဲ ဗိုက်လည်းဆာနေတာနဲ့ ဆိုင်ထဲမှာ…