Author: Baby Yit Lone
-

စိနတိုင်းမှာ ကိုဗစ် ၁၉ လှိုင်း ပြန် စ ပြီ လူနာသစ် ၅ သိန်းကျော် ပိုးတွေ့ထား
တရုတ်တွင် COVID လူနာသစ် ၅ သိန်းကျော်တွေ့ရှိ၊ ၁ ဦးသေဆုံး၊ ကူးစက်မှုမြင့်တက်နေ တရုတ်တွင် ဇူလိုင်လအတွင်း COVID -19 အတည်ပြုလူနာသစ် ၅၂၂,၀၀၀ တွေ့ရှိခဲ့ပြီး၊ ယင်းတို့အနက် ၄၈၇ ဦးမှာ ပြင်းထန်လူနာများ ဖြစ်ကြကာ တဦး သေဆုံးခဲ့ကြောင်းနှင့် ကူးစက်မှုမြင့်တက်လာနေ ကြောင်း တရုတ်အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။ လက်ရှိ ကူးစက်ခံရမှု မြင့်တက်လာခြင်းသည် ပုံမှန်ဖြစ်ပေါ်နေကျ အချိန်ကာလအလိုက်လှိုင်းတခုမျှသာ ဖြစ်သော်လည်း၊ ပြင်းထန်မှုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း တွေ့ရှိခဲ့ရသည့် ရောဂါကူးစက်မှု မြင့်တက် မှုများနှင့် နှိုင်းယှဉ်နိုင်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရောဂါကူးစက်မှု မြင့်တက်နှုန်းမှာ သိသိသာသာနှေးကွေးသွားပြီဖြစ်ပြီး လက်ရှိတွင် ရောဂါကူးစက်မှု အမြင့်ဆုံးကာလ၏ တည်ငြိမ်သည့်အဆင့်…
-

သီပေါ စာသင်ကျောင်း ၁၇ ကျောင်းပိတ်ပြီး ဆရာတွေကို ထိုးကျွေးလိုက်ပြီ
သီပေါက ကျောင်း ၁၇ ကျောင်း စစ်တပ်က ပိတ်ခိုင်းပြီး ဆရာများကို SSPP ထိန်းချုပ်ဒေသပို့ အဲဒီစာသင်ကျောင်း ၁၇ ကျောင်းဟာ ကိုးကန့်တပ်(MNDAA)ရဲ့ ထိန်းချုပ်ဒေသတွင်းမှာလည်း ပါဝင်နေပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးက ပိတ်ခိုင်းလိုက်တာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “စစ်တပ်က သီပေါမြို့ကိုပြန်သိမ်းတော့ ဒေသခံတွေက မြို့နယ် ပညာရေးမှူးကို ပြောပြီး ကျောင်းလေးတွေအတွက် ဆရာ၊ ဆရာမ ၂၀ ဦးလောက်နဲ့ ကျောင်းပြန်ဖွင့်တာ။ လုံခြုံရေးကြောင့် ရွှေ့ခိုင်းတာ မဟုတ်ဘူး။ SSPP က စစ်တပ်နဲ့ တွေ့တယ်လေ။ ပညာရေးအတွက် လိုအပ်တယ်ပြောလို့ အဲဒီ ဆရာ၊ ဆရာမတွေကို SSPP ထိန်းချုပ်ဒေသကို ပို့လိုက်တာ။ ကျနော် ကြားတာက ဝမ်ဟိုင်းဘက်လို့ ကြားတာပဲ။ ဘယ်နေရာလို့တော့ မသိရသေးဘူး” လို့ ပြောပါတယ်။ အဲဒီကျောင်းတွေကို…
-

လပ်တီးတို့ မြေပြင်က မတိုးနိုင်တော့တဲ့ မကွေး အညာ
မကွေးတွင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ၃၀၀ နီးပါးပြုလုပ်၊ စစ်ဘေးရှောင် ၅၀,၀၀၀ ကျော်အထိ ရှိလာ မကွေးတိုင်းတွင် စစ်အုပ်စုက ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၁၇ ကြိမ် ပြုလုပ်ခဲ့၍ မြို့နယ် ခြောက်မြို့နယ်မှ ဒေသခံ ၅၀,၈၀၀ ဦးခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း တမာဖွံ့ဖြိုးရေးအင်စတီကျု၏ လစဉ်အစီရင်ခံစာ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့(သြဂုတ်လ ၁၅ ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၁၂ မြို့နယ်သို့ လေကြောင်းတိုက်ခိုက်မှု ၂၉၅ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၁၃ ကြိမ်နှင့် ပါရာမော်တာ/ဂျိုင်ရိုကော်ပတာ တိုက်ခိုက်မှု ကိုးကြိမ် ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြို့နယ် ၁၁ မြို့နယ်၌ စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စုစုပေါင်း အကြိမ်…
-

Money Changer တွေနား ဈေးပိုပေးမယ်ဆိုပြီး လူခေါ်ကာ ဒေါ်လာ (၁,၅၀၀) ကို လက်လှည့်ယူသွား
စမ်းချောင်းက Money Changer တွေနားမှာ ဈေးပိုပေးမယ်ဆိုပြီး လူခေါ်ကာ ဒေါ်လာ (၁,၅၀၀) ကို လက်လှည့်ခိုးယူနေတဲ့ အဖွဲ့ လက်ရှိ ရန်ကုန်မြို့မှာ နိုင်ငံခြားငွေ သွားရောက်လဲလှယ်မယ့် သူတွေအနေနဲ့ တကယ့်ကို အထူးသတိထားရမယ့် လိမ်လည်မှု ပုံစံသစ်တစ်ခု ထွက်ပေါ်လာပြန်ပါပြီ။ ဈေးပိုပေးမယ်ဆိုတဲ့ မက်လုံးကို အသုံးချပြီး မျက်စိရှေ့တင် ငွေတွေကို လက်လှည့်ခိုးယူသွားတဲ့ ဂိုဏ်းတစ်ခု စမ်းချောင်းမြို့နယ်မှာ သောင်းကျန်းနေပါတယ်။ ဘယ်လို ကျော့ကွင်းဆင် ဖမ်းလေ့ရှိလဲ? ဒီအုပ်စုတွေဟာ တရားဝင် Money Changer ဆိုင်တွေနားမှာ အုပ်စုလိုက် ဟန်လုပ် ရပ်နေတတ်ကြပါတယ်။ ငွေလာလဲတဲ့ သူတွေကို မြင်တာနဲ့ “ဆိုင်ထက် ဈေးပိုကောင်းကောင်း ပေးမယ်” ဆိုပြီး သွေးဆောင် ဖြားယောင်းကာ ဘေးကို ခေါ်ထုတ်သွားတတ်ပါတယ်။ အဲဒီနောက် ငွေစစ်မယ်၊ ရေတွက်မယ်ဆိုပြီး…
-

BNRA တပ်ရင်းမှူး ၂ ဦး ထွက်ပြေး
ဖမ်းဆီးထားတဲ့ BNRA တပ်ရင်းမှူး ၂ ဦး ထွက်ပြေး စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်နဂါးရဲ့ BNRA အဖွဲ့ စခန်းတွေကို ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ PDFနဲ့ ပကဖ တပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းပြီး ဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့ BNRA တပ်ရင်းမှူး သုဘရာဇာနဲ့ ဒေါင်းညိုဟာ ဆေးကူသမှုခံယူနေစဉ် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သတင်းရရှိပါတယ်။ သုဘရာဇာနဲ့ ဒေါင်းညိုဟာ ပင်လည်ဘူးမြို့နယ်ဘက်မှာ ဆေးကုသမှုခံယူနေစဉ် လူနာစောင့်ကို အိပ်ဆေးခတ်ပြီး ထွက်ပြေးသွားတာလို့ စစ်ကိုင်းတ်ိုင်းအခြေစိုက် သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ၎င်းတို့ ၂ ဦးဟာ လူနာစောင့်ကို အဆိပ်လိုလို၊ အိပ်ဆေးလိုလို ခပ်ပြီးထွက်ပြေးသွားလို့ တွေ့ရှိရာနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားဖို့ ယင်းမာပင်ခရိုင်က တော်လှန်ရေးရဲဘော် တစ်ဦးက လူမှုကွန်ရက်ကတဆင့် ဩဂုတ် ၁၅ရက် ညပိုင်းမှာ အသိပေးထားပါတယ်။ လူသတ်မှုနဲ့ အဓမ္မပြုကျင့်မှုအချို့အပါအဝင် ဥပဒေမဲ့လုပ်ရပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့…