Author: Baby Yit Lone
-

The Box
The Box (2007) ခုတင်ပြပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၀၇မှာထွက်ရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသမီးဖြစ်သူ”ကျဲန်”ကငယ်ငယ်လေးကတည်းကအမေထားခဲ့တာကိုခံခဲ့ရပြီး အဖွားဖြစ်သူကပဲ”ကျဲန်”ကိုပြုစုစောင့်ရှောက်ခဲ့ရပါတယ်။ မင်းသမီး ကြီးပြင်းလာတော့ အဖွားက”ကျဲန်”ရဲ့အမေပေးခဲ့တဲ့သေတ္တာကိုပေးလိုက်ပါတော့တယ်။ တစ်နေ့မှာ”ကျဲန်”ကပစ္စည်းရွေ့ပေးတဲ့ကုမ္ပဏီကို သေတ္တာရွှေ့ဖို့ခေါ်လိုက်ပြီး ရွှေ့သွားရွှေ့လာနဲ့ သေတ္တာသယ်ရတာကို စိတ်မရှည်တော့တာနဲ့ ရောင်းလိုက်ပါတော့တယ်။ ရောင်းပြီးပြီချင်းညမှာပဲ အမျိုးသမီးတစ်ယောက်ကိုအိပ်မက်မက်ခဲ့ပြီး သူ့အဖွားပေးထားတဲ့စာကိုဖွင့်ဖတ်ကြည့်ရာ သူရောင်းလိုက်တဲ့သေတ္တာကသူ့အမေပေးထားကြောင်း သေချာသိမ်းထားဖို့ရေးထားခဲ့တာပါ။ မနက်ရောက်တော့သူသေတ္တာရောင်းလိုက်တဲ့ ပစ္စည်းအဟောင်းဆိုင်ကိုသွားခဲ့တယ် အဲဆိုင်ကိုရောက်တဲ့ချိန်မှာပဲ သူ့သေတ္တာကိုဝယ်သွားတဲ့ကားကထွက်သွားတော့တာပဲ။ အဲဒီနောက် သူကကားငှားပြီး သူ့သေတ္တာကိုဝယ်သွားတဲ့လူနောက်လိုက်သွားခဲ့ပြီး ဘယ်လိုတော့ ဆက်ဖြစ်မှာလဲဆိုတာကတော့……..
-

Fluxx
Fluxx (2025) ၂၀၂၅ မှာ ထွက်ထားတဲ့ “Fluxx” က ရိုးရိုးရှင်းရှင်း Thriller မျိုးမဟုတ်ဘဲ ခေါင်းနည်းနည်းစားရမယ့် Psychological Thriller (စိတ်ပညာအသားပေး သည်းထိတ်ရင်ဖို) ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက Vada ဆိုတဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်အကြောင်းပါ။ တစ်မနက်မှာ သူက ရေချိုးကန်ထဲမှာ အဝတ်အစားတွေနဲ့ နိုးလာတယ်။ ဘာဖြစ်လို့ ဒီရောက်နေလဲဆိုတာ သူ လုံးဝမှတ်မိမနေဘူး။ အိမ်ထဲကြည့်လိုက်တော့လည်း အိမ်က မွှေနှောက်ခံထားရသလိုပဲ။ အဆိုးဆုံးကတော့ သူ့ယောကျ်ား ပျောက်နေတာပဲ။ သူအပြင်ထွက်ဖို့ ကြိုးစားလိုက်တိုင်း အစကပြန်ရောက်သွားပြီး ရေချိုးကန်ထဲမှာပဲ ပြန်နိုးလာတယ်။ ဆိုလိုတာက သူဟာ အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတာပေါ့။ သူ့အိမ်ထဲမှာပဲ တစ်ယောက်ယောက်က ချောင်းနေသလိုလို၊ လူဆိုးတွေ ဝင်လာသလိုလိုနဲ့ စိတ်ခြောက်ခြားစရာတွေ ကြုံရတယ်။ ဒါ့အပြင် သူ့ရဲ့ အရင်က…
-

Revolution X
Revolution X (2022) ဒီဇာတ်ကားဟာ ဒါရိုက်တာ Matthew Philip Cannon ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် အချိန်ခရီးသွား ဒရာမာဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ အချိန်ခရီးသွား တိုက်ပွဲတစ်ခုအကြောင်းပါ အဖျက်အဆီးခံရသော ကံကြမ္မာ: ၂၁ ရာစုရဲ့ ထူးချွန်တဲ့ အနုပညာရှင် Tee Hudson ဟာ ကမ္ဘာကြီးကို ကောင်းမွန်အောင် ပြောင်းလဲပေးမယ့် “Daydream” အဖွဲ့အစည်းကို တည်ထောင်ဖို့ ကံပါလာသူပါ။ ဒါပေမဲ့ အနာဂတ်မှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ Planet X ကော်ပိုရေးရှင်းကြီးက သူတို့အာဏာတည်မြဲဖို့အတွက် Tee ရဲ့ ဘဝကို ဖျက်ဆီးဖို့ အတိတ်ကို လူလွှတ်ခဲ့ပါတယ်။ Planet X ဟာ Tee ငယ်စဉ်မှာ သူ့အမေကို…
-

Space/Time
Space/Time (2025) ဒီဇာတ်လမ်းက အနာဂတ်ကာလ၊ ကမ္ဘာကြီး ပျက်စီးလုနီးပါးဖြစ်နေတဲ့ အချိန်ကို အခြေခံထားတာပါ။ သိပ္ပံပညာရှင်တစ်စုဟာ ကြယ်တာရာတွေကြား ခရီးသွားနိုင်မယ့် အင်ဂျင်တစ်ခု (Interstellar Engine) ကို တီထွင်နေရင်းနဲ့ မတော်တဆမှုတစ်ခုဖြစ်ပြီး လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့ စီမံကိန်းက ပိတ်သိမ်းခံလိုက်ရပြီး ရန်ပုံငွေလည်း မရတော့ဘူးပေါ့။ ဒါပေမဲ့ ဒီစက်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေတော့ သိပ္ပံပညာရှင်တွေက လက်မလျှော့ကြဘူး။ သူတို့ရဲ့ “Space-Time” စက်ကို ပြန်လည်တည်ဆောက်ဖို့အတွက် ငွေလိုလာတဲ့အခါမှာတော့ မမျှော်လင့်ဘဲ ဒုစရိုက်လောကထဲကို ခြေစုံပစ်ဝင်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ပြီး ငွေရှာကြပါတော့တယ်။ ဝေဖန်ရေးသမားတချို့ကတော့ ဒီကားကို Breaking Bad နဲ့ Back to the Future တို့ ပေါင်းထားသလိုပဲလို့တောင် တင်စားကြပါတယ်။…
-

In the Bedroom
In the Bedroom (2025) ဒီရုပ်ရှင်ဟာ မိသားစုတစ်ခုအတွင်း ဖြစ်ပျက်တတ်တဲ့ နာကျင်ကြေကွဲမှုနဲ့ လူသားတွေရဲ့ စိတ်အခံကို တကယ့်ကို ရိုးရှင်းပြီး ပါးပါးနပ်နပ်ကြီး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်ကားက ပုံမှန် မြင်နေကျ ဟောလိဝုဒ် ဒရာမာတွေလို အလှည့်အပြောင်းတွေနဲ့ ဆွဲဆောင်တာမျိုးမဟုတ်ဘဲ ဇာတ်ကောင်တွေရဲ့ အတွင်းစိတ်ထဲက တိတ်ဆိတ်တဲ့ နာကျင်မှုတွေ တစ်ယောက်နဲ့တစ်ယောက်ကြားက မပြောဖြစ်တဲ့ စကားလုံးတွေကတစ်ဆင့် ပရိသတ်ကို ဇာတ်ရှိန်တက်အောင် ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက တကယ့်ကို သဘာဝကျလွန်းလို့ ကြည့်နေရင်းနဲ့ သူတို့ခံစားချက်တွေထဲ စီးမျောသွားစေပြီး၊ အေးစက်စက် လေထုနဲ့အတူ ရင်ထဲမှာ တစ်ခုခုကို တင်းကျပ်နေစေမယ့် ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ချစ်ခြင်းမေတ္တာ၊ ဆုံးရှုံးမှုနဲ့ ကံကြမ္မာရဲ့ ရက်စက်မှုကို အနုပညာမြောက်မြောက် ခံစားကြည့်ချင်သူတွေအတွက်တော့…