Author: Baby Yit Lone
-

ရေကြည်မြို့နယ်ရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း AA မှ ထုတ်ပြန်
ရေကြည်မြို့နယ်ရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း AA မှ ထုတ်ပြန် အာရက္ခတပ်တော် (AA) မှ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ရှိ ပွိုင့် (၂၈၈) ကုန်း၊ ပွိုင့် (၁၈၈) ကုန်းနဲ့ ပွိုင့် (၁၄၈) ကုန်းတို့ကို ဆက်တိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ခုလို သိမ်းပိုက်ရာမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှာ ပွိုင့် (၂၈၈) ကုန်းအားလည်းကောင်း၊၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ ပွိုင့် (၁၈၈) ကုန်းကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊…
-

ဒလမြို့နယ်တွင် ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် လင်မယားကို သတ်ဖြတ်ခဲ့သည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတစ်ဆင့် ခြေရာခံဖမ်းဆီး
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ ပြည့်ဝကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသည့် ဆိုင်ဝန်ထမ်းဟောင်း ၂ ဦးကို CCTV မှတ်တမ်းများကို အခြေခံ၍ ခြေရာခံစုံစမ်းခဲ့ရာ ဇွန်လ ၂၆ ရက်နေ့တွင် လှိုင်သာယာမြို့နယ်နှင့် သာကေတမြို့နယ်တို့၌ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ဇွန်လ ၂၅ ရက်နေ့ ညပိုင်း ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ် (၂၉၀) နေအိမ်တွင် ပြည့်ဝကုန်စုံဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသည့် ဦးအောင်ကျော်ကျော်နှင့် ဇနီးဖြစ်သူ ဒေါ်နွယ်နွယ်ထွန်း ၂ ဦးမှာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်းတို့သည် နေအိမ်ဒုတိယထပ်ရှိ ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခဲ့ပြီး ရေချိုးခန်းအတွင်း သွေးစွန်းနေသည့် အသွား ၆ လက်မခန့်ရှိ ဓားတစ်ချောင်းနှင့် စကေးဘာတစ်ချောင်းကိုလည်း…
-

ကလေးမြို့တွင် မီတာခကြွေးကျန် ၅၀ ရာခိုင်နှုန်း ချက်ချင်းမဆောင်နိုင်သည့် အိမ်များမှ မီတာ ဘောက်များ လိုက်လံဖြုတ်သိမ်းနေ
ကလေးမြို့တွင် မီတာခကြွေးကျန် ၅၀ ရာခိုင်နှုန်း ချက်ချင်းမဆောင်နိုင်သည့် အိမ်များမှ မီတာ ဘောက်များ လိုက်လံဖြုတ်သိမ်းနေ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ ကြွေးကျန်ရှိနေသည့် အိမ်ထောင်စုများကို ရွေးတုအစိုးရ၏ လျှပ်စစ်ဌာနက မီတာဘောက်များ အဓမ္မဖြုတ်သိမ်းသည့် နည်းလမ်းဖြင့် ဖိအားပေး ငွေကောက်ခံလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် ရွေးတုအစိုးရ၏ လျှပ်စစ်ဌာနက ကြွေးကျန်စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကို တစ်ကြိမ်တည်း ဖြင့် အပြီးပေးသွင်းမှသာ မီတာဆက်လက် သုံးစွဲခွင့်ပြုမည်ဟု ကန့်သတ်ထားပြီး အဆိုပါ ပမာဏအတိုင်း ချက်ချင်းပေးသွင်းနိုင်ခြင်းမရှိပါက မီတာဘောက်များကို အတင်းအဓမ္မ ဖြုတ်သိမ်းလျက်ရှိသည်။ “လက်ရှိ မီတာခတွေကို အပြီးသတ်ပေးဖို့ အခက်အခဲရှိတဲ့အိမ်တွေက တော်တော်များတယ်။ အခုက ၅၀ ရာခိုင်နှုန်းကို တစ်ခါတည်းပေးရမယ်ဆိုတော့ အဆင်မပြေတဲ့သူတွေက အများကြီးပါပဲ။ အဲဒီလို မပေး နိုင်တဲ့အိမ်တွေကို…
-

လှနုထွန်းနဲ့ “မောင်မလာ မောင်သာငတ်” ဇာတ်လမ်းတွဲ
Morning ပါ ရုပ်ရှင်ထွက်ရင်ဖိတ်မယ်နော် poster က မန့်မှာ သူများတင်ပေးတာပါ မိန်းခလေးဘက်က ရွဲ့ပြီးရေးတဲ့စာတွေမှန်းသိသိကြီးနဲ့ အောက်ဖဲလှန်ပြီး နှစ်ကိုယ်ကြားပြောတဲ့ ss တင်တာ အဲ့ယောက်ျားရဲ့ အဆင့်အတန်းလေနော် အမကို လှောင်နေဟားနေတဲ့သူတွေရော ချစ်သူကိုရွဲ့ပြီးပြောခဲ့ဆိုခဲ့ သူငယ်ချင်းတွေကိုအကူအညီတောင်းပြီး သူ သဝန်တိုအောင် ပုံတင်ခဲ့တာမျိုး မလုပ်ခဲ့ဖူးဘူးလားရှင် March နဲ့ April တုန်းက သူပဲဗိုလ်ချုပ်ဈေးပတ်နေခဲ့လို့ လှနုရည်းစားထားတာလေ သူပဲ အိမ်ထဲလာ ချစ်လှပါပြီဆိုပြီးဝုန်းဒိုင်းကြဲ သူပဲအတင်းဖြတ်ခိုင်း သူ့ကိုပြန်လက်ခံခိုင်းတာ လှနုမှာ video တွေ ရှိပါတယ် May June ကာလ အဂ်လိပ်စာ placement test လာသင်ချိန်လည်း သူ့ကိုခိုးသင်ပေးရတယ် သူ့ ကောင်မလေး မကြိုက်မှာစိုးလို့လေ IELTS သင်တန်းတက်ချိန်မှာ မနက်သင်တန်းပြီးရင် လှနုဆီ စာလုပ်မယ်ဆိုပြီး အမြဲလာတယ်…
-

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ ကိုယ်ရေးအရာရှိက တပ်ရင်းမှူး ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်(ဗိုလ်စွမ်း)၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ဖြစ်သူ ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ ဇွန်လ ၂၆ ရက် မွန်းလွဲ ၂နာရီခန့်တွင် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်မြစ်က ပြောသည်။ “ဒီနေ့အစည်းအဝေးမှာ ပုလဲမြို့နယ်က ရင်းတွေအကုန်ခေါ်တဲ့အချိန်မှာ စကားပြောနေတဲ့အချိန်မှာ အဲ့ဒီကလေး(ပုလဲမောင်ကို သတ်ခဲ့တဲ့သူ)က ပုလဲမောင်ကို သေနတ်နဲ့ပစ်လိုက်တာပေါ့။”ဟု ဖြစ်စဉ်သိရှိသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။ တပ်ရင်းမှူး ပုလဲမောင်ကို ပစ်သတ်ခဲ့သည့် ရဲဘော်ငဖြိုးအား စစ်ဥပဒေဖြင့် အရေးယူသွားမည်ဟု NUG ထုတ်ပြန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၏ တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်…