Author: Baby Yit Lone

  • ခွေးလေးကို ရှောင်ရာက ကုန်ကားနဲ့တည့်တည့်တိုးမိတဲ့ ဇနီးမောင်နှံရဲ့အဖြစ်

    ခွေးလေးကို ရှောင်ရာက ကုန်ကားနဲ့တည့်တည့်တိုးမိတဲ့ ဇနီးမောင်နှံရဲ့အဖြစ်

    ပျော်ပျော်ရွှင်ရွှင် ဘားအံကို ထွက်လာခဲ့ကြပေမယ့်… လမ်းမှာ ခွေးလေးကို ရှောင်ရာကနေ ကုန်ကားနဲ့တိုက်မိပြီး ဇနီးမောင်နှံ ရုတ်တရက် အသက်ဆုံးရှုံး လောကကြီးမှာ မထင်မှတ်ထားတဲ့ ကံကြမ္မာလှည့်ကွက်တွေက တကယ့်ကို ရင်နာစရာကောင်းလှပါတယ်။ သားသမီးမရှိဘဲ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း သံယောဇဉ်ကြီးမားစွာ ဖြတ်သန်းနေကြတဲ့ ရွှေပြည်သာမြို့နယ်က ဇနီးမောင်နှံနှစ်ဦးရဲ့ နောက်ဆုံးခရီးစဉ်ကတော့ ကြားရသူတိုင်းရဲ့ မျက်ရည်ကို ကျစေခဲ့ပါတယ်။ ပျော်ရွှင်စွာ စတင်ခဲ့တဲ့ ဘားအံခရီးစဉ် သြဂုတ်လ (၁၇) ရက်နေ့ မနက်ခင်းလေးမှာ အသက် ၄၆ နှစ်အရွယ် ဦးထွဋ်ထွဋ်ဝင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်တင်မိုးမြင့်တို့ဟာ သူတို့ချစ်မြတ်နိုးတဲ့ ကားလေးနဲ့အတူ ဘားအံမြို့ကို အလည်အပတ်သွားဖို့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ သားသမီးမရှိပေမယ့် တိရစ္ဆာန်လေးတွေ၊ ခွေးလေးတွေအပေါ်မှာ အလွန် ကြင်နာတတ်သူတွေပါ။ ကရုဏာသက်မိရာကနေ…

  • နတ်ရေကန်ရဲ့ ခြေကုတ်စခန်းတွေ သိမ်းလိုက်ပြန်ပြီ

    နတ်ရေကန်ရဲ့ ခြေကုတ်စခန်းတွေ သိမ်းလိုက်ပြန်ပြီ

    နတ်ရေကန် စစ်ကူစစ်ကြောင်းများ၏ ခြေကုတ်စခန်းအနည်းဆုံး ၃ ခုကို AA တပြိုင်နက်တည်းတိုက်ခိုက် (သေဆုံးသူနှင့်ဒဏ်ရာရသူများကို စစ်ကားများဖြင့် ပဒါန်းသို့ ညတွင်းချင်းယူဆောင်သွား) အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကူ စစ်ကြောင်းများ၏ ယာယီခြေကုတ်စခန်းအနည်ဆုံး ၃ ခုကို အာရက္ခတပ်တော်က ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ ထိုသို့ တိုက်ခိုက်သဖြင့် စခန်းများပြိုလဲပြီး ထိခိုက်ဒဏ်ရာရသူများကို ညတွင်းချင်းပဒါန်းသို့ ကားဖြင့်ယူဆောင်သွားရသည်ဟုသတင်းရရှိသည်။ ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တစ်ခု “မနေ့ညကစကစစခန်းတွေကို AA က နည်းမျိုးစုံနဲ့ ဝင်ဆော်သွားတာ။တော်တော်ထိခိုက်သွားပုံရတယ်။သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကိုပဒါန်းကိုကားနဲ့ယူဆောင်သွားတယ်။ အများကြီးပါသွားတယ်လို့ သိရပါတယ်”ဟုပြောသည်။ယမန်နေ့က သြဂုတ် ၁၉ ရက် ​ညနေဖက်အချိန်တွင်ဂုတ်ကြီးပတ်ဝန်းကျင်ရှိ အာဏာသိမ်းစစ်တပ်၏ယာယီ စခန်းငယ်နှစ်ခုကို လက်နက်ကြီး​ဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ကာ မြေပြင်ကပါဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက ပြောသည်။ အလားတူ ပဇီရွာနှင့်နတ်ရေကန်တောင်ကြားရှိ အာဏာသိမ်းစစ်တပ်၏ ယာယီစခန်းငယ်တစ်ခုလည်း…

  • တောင်ဦးမော်ရေတပ် နေ့လား ညလား အသဲအသန်

    တောင်ဦးမော်ရေတပ် နေ့လား ညလား အသဲအသန်

    တောင်မော်ဦး​ရေတပ်အနီးကကာကင်းစခန်းများကို AA ဝင်တိုက်၍တိုက်ပွဲဖြစ်ပွားနေ ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်၊ ရှေ့ထွက် အ၀တောင်ကာကင်းစခန်းများကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ “အရင်ကတော့ AA က ခုခံစစ်ပါ။ စကမ စစ်ကြောင်းထိုးလာမှ ပြန်တိုက်တာ။ အခုကတော့ AA က ကာကင်းစခန်းတွေကို ဝင်တိုက်နေပြီ။ AA က ဗျူဟာပြောင်းပြီလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ လက်ရှိ ဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်”ဟု ဒေသခံသတင်း​ရင်းမြစ်က ပြောဆိုသည်။ ယခုတိုက်ခိုက်နေသော ကာကင်းစခန်းများမှာ တောင်မော်ဦးရေတပ်၏အဓိက အခိုင်မာစခန်းတစ်ခုဖြစ်တဲ့ အဝတောင်ရွာစခန်းမှရှေ့ထွက်ကာကင်းများကြောင်း၎င်းက ပြောသည်။ “စစ်တပ်ကယာယီကာကင်းစခန်းတွေဖြန့်ချထားတယ်။သူတို့ စစ်တပ်ဗျူဟာ အရင်ကလို မဟုတ်ဘူး။တပ်တွေကို ဖြန့်ခွဲပြီး ချထားတာ။ အဲဒီကာကင်းစခန်းတွေကို AA က တိုက်ခိုက်နေတာ”ဟု ဆက်လက်ပြောဆိုသည်။ အခုလိုယာယီစခန်းတွေကတဆင့် စစ်ကြောင်းတွေလာပြီး စနဲဖက်သို့ ထိုးစစ်ဆင်ရန်အကြိမ်ကြိမ်ကြိုးစားနေသော်လည်း…

  • မဟာရန်ကုန် အထူးသတိ!

    မဟာရန်ကုန် အထူးသတိ!

    ရန်ကုန်သူ ရန်ကုန်သားတွေအနေနဲ့ မပေါ့ဆဘဲ ကြိုတင်ပြင်ဆင်ထားရမယ့် မိုးလေဝသ သတိပေးချက်တစ်ခု ထွက်ပေါ်လာပါတယ်။ နာမည်ကြီး မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ရန်ကုန်တစ်တိုင်းလုံးစာအတွက် မိုးလေဝသအခြေအနေကို သတိပေး ထုတ်ပြန်ထားတာပဲ ဖြစ်ပါတယ်။ ရာနှုန်းပြည့် မိုးကြီးနိုင်မယ့် ရက်များ ခန့်မှန်းချက်တွေအရ ယခု ဩဂုတ်လ (၂၀) ရက်နဲ့ (၂၁) ရက်နေ့တွေမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်နဲ့ ကျေးရွာတွေ အားလုံးမှာ ရာနှုန်းပြည့် မိုးကြီးနိုင်ပြီး၊ နေရာကွက်ကျား မိုးသည်းထန်မှုတွေ အများအပြား ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီရက်တွေ နောက်ပိုင်းမှာလည်း ဩဂုတ်လ (၂၅) ရက်နေ့အထိ မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိနေပါတယ်။ ဘယ်မြို့နယ်တွေ ဂရုစိုက်ရမလဲ? ဥက္ကံ၊ အဖျောက်၊ တိုက်ကြီး၊ မှော်ဘီ ကစလို့ မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ လမ်းမတော်၊ လသာ၊…

  • ဆန္ဒပြ အလုပ်သမားတွေကို ရဲခေါ် ပေါ်တာဆွဲခိုင်းတဲ့ ဒေါ်ခင်အေးလွင်

    ဆန္ဒပြ အလုပ်သမားတွေကို ရဲခေါ် ပေါ်တာဆွဲခိုင်းတဲ့ ဒေါ်ခင်အေးလွင်

    ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ Myanmar Silver Spring အထည်ချုပ်စက်ရုံ၌ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဩဂုတ်လ ၁၃ ရက်နေ့က စတင် တောင်းဆိုနေခြင်းဖြစ်ပြီး ဆန္ဒပြနေ စဉ် စက်ရုံအထွေထွေမန်နေဂျာ ဒေါ်ခင်အေးလွင် က ရဲကို ခေါ်ဆောင်ကာ စစ်မှုထမ်းရန်…