Author: Baby Yit Lone
-

တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နေရာအနှံ့ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး 5G နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၈ ရက် မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ 5G နည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Mid-Band (2600 MHz) လှိုင်းကို သတ်မှတ်ချထားပေးပြီး…
-

ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ပါမောက္ခဘွဲ့ ရရှိပြန်
ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင်လုပ်ခဲ့တဲ့ မင်းအောင်လှိုင် ရုရှားစီးပွားရေးတက္ကသိုလ်က ပါမောက္ခဘွဲ့ ရသွားပြန် ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ အထိ စံချိန်တင် ဈေးနှုန်းကြီးမြင့်နေချိန်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းခြင်းခံရကြောင်း သိရသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် အရွေးတုသမ္မတ မင်းအောင်လှိုင်အား အဆိုပါ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းသည့် အခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်ခံယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ…
-

“မြန်မာ့မြေကို ချစ်တယ်”ဆိုတာ သက်သေပြလိုက်တဲ့ Takeru
သန့်ဇင်ကို အလဲထိုးခဲ့ပေမယ့် မြန်မာ့မြေကိုတော့ ချစ်တယ် ONE ချန်ပီယံ တာကဲရု ရှမ်းပြည်မှာ ကျောင်းဆောင်ကြီး လာလှူပြီး ကလေးတွေနဲ့ ခရမ်းချဉ်သီးကောက်တမ်း ကစားသွား One Championship မှာ ချန်ပီယံဖြစ်ခဲ့သူ၊ ဂျပန်နာမည်ကြီး ကစ်ဘောင်စင်ဖိုက်တာ တာကဲရု (Takeru) ဟာ မြန်မာပရိသတ်တွေကြားမှာ မြန်မာ့လက်ဝှေ့အကျော်အမော် သန့်ဇင်ကို အလဲထိုးအမှောက်သိပ်ခဲ့သူအဖြစ် အမှတ်ရနေကြပေမယ့် ဒီကနေ့မှာတော့ မြန်မာ့မြေပေါ်ကို လူကိုယ်တိုင် လျှို့ဝှက်ရောက်ရှိလာပြီး အံ့ဩစရာကောင်းတဲ့ ပရဟိတအလုပ်ကြီးတစ်ခုကို လုပ်ဆောင်သွားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ အေးသာယာမြို့နားက ရွှေတောင်တန်း ဘုန်းတော်ကြီး ပညာသင်ကျောင်း ကို တာကီရု ရုတ်တရက် ရောက်ရှိလာပြီး၊ သူလှူဒါန်းခဲ့တဲ့ ကျောင်းဆောင်သစ်ဖွင့်ပွဲ ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ တာကီရုဟာ ONE မှာ…
-

ဆယ်လီတွေ ဓာတ်ပုံရိုက် ပြန်သွားပြီးနောက် အခြေအနေပိုဆိုးလာတဲ့ ဧရာဝတီ
မြစ်ရေကြီးမှု ဆိုးရွားလာသော ငါးသိုင်းချောင်းတွင် ပြည်သူ ၁ ဦး ရေနစ်သေဆုံး၊ လေးမျက်နှာ၊ ကျုံပျော်၊ ရေကြည်နှင့် ဟင်္သာတအစပ်တို့တွင် ရေမြင့်တက်မှု ဆိုးရွားလာနေပြီး အကူအညီများ လိုအပ်နေ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် မြစ်ရေကြီးမှု ပိုမိုဆိုးရွားလာနေပြီး ဘုရားလမ်းနှင့် အောင်ဇေယျလမ်းဆုံ၌ ပြည်သူ ၁ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်း ငါးသိုင်းချောင်းမြို့ ကိုတွတ်လမ်းဆုံတွင် ရေစီးနှင့်အတူ လူ ၁ ဦး မျောပါသွားပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ လှေများနှင့် ပြည်သူများက ၀ိုင်းဝန်း ကူညီကယ်ဆယ်ခဲ့သော်လည်း ရေနစ်သွားသူမှာ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ “ငါးသိုင်းချောင်း၊ ကိုတွတ်လမ်းဆုံမှာ ရေစီးထဲမှာ မျောပါလာတာ။ ၀ိုင်းဝန်းဆယ်ပေမယ့် အသက်မမီဘူး။…
-

စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ ဓါတ်ပုံတစ်ပုံ
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံကမြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။ “အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး”လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂…