Author: Baby Yit Lone
-

လူမှုကွန်ရက်သုံးသည်ကို သဝန်တိုရာမှ ရန်ဖြစ်ကြပြီး မြန်မာလင်မယား သေဆုံး
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မြန်မာနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး လူမှုကွန်ရက်အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားရာမှ အပြန်အလှန် ဓားဖြင့်ထိုးခုတ်ကြသဖြင့် နှစ်ဦးစလုံး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့သည်။ ဧပြီလ ၃၀ ရက်၊ မွန်းလွဲပိုင်းတွင် ဖုတ်ဖရမြို့နယ်၊ ချောင်ခဲပ်ကျေးရွာရှိ နေအိမ်တစ်လုံး၏ မီးဖိုဆောင်အတွင်း ရုပ်အလောင်းနှစ်ခု တွေ့ရှိရကြောင်း သတင်းအရ ဖုတ်ဖရမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အနုဆွန် ဒန်ကောင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။ အခင်းဖြစ်နေရာတွင် အသက် ၃၁ နှစ်အရွယ် မနုနုဝေမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျက်သေဆုံးနေပြီး၊ ၎င်း၏အနီးတွင် ခင်ပွန်းဖြစ်သူ အသက် ၄၁ နှစ်အရွယ် ကိုဇော်လေးမှာလည်း ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာ ၇ ချက်ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ထိုင်းသတင်းဌာန North…
-

ဖားကန့်မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေ့ရှိ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက စစ်ကော်မရှင်တပ်စွဲထားတဲ့ နေရာအနီးမှာ အသတ်ခံထားရတဲ့ ဒေသခံပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံးခင်းကျေးရွာက ဆေးရုံကုန်းအနီးမှာ ပစ်ထားတဲ့အလောင်းတွေရဲ့အနံ့တွေ ဆိုးဝါးလာတဲ့အတွက် ဒေသခံတွေကနေ အကူအညီတောင်းပြီး ကောက်ခဲ့ကြတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “လမ်းသွားလမ်းလာလုပ်တဲ့ ပြည်သူတွေကို ပစ်သတ်ထားတာ ဟုတ်တယ်။ အခုတလော အဲ့ဒီတဝိုက်မှာ အလောင်းတွေအရမ်းနံလာလို့ ဒေသခံတွေ ရပ်မိရပ်ဖတွေ သေချာသွားပြောပြီး သွားကောက်ခဲ့တာပေါ့။”လို့ အထက်ပါ ဒေသခံအမျိုးသားက ပြောပါတယ်။ အသတ်ခံထားရတဲ့ အလောင်း ၄ လောင်းအထဲ အမျိုးသမီးအလောင်း တစ်လောင်းပါဝင်နေပြီး အဲဒီအမျိုးသမီးရဲ့ အင်္ဂါကိုလည်း ရက်ရက်စက်စက် ဖျက်ဆီးထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ လုံးခင်းဆေးရုံကုန်းမှာ တပ်စွဲနေတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်တွေက သတ်ဖြတ်ပြီးအလောင်းတွေကို ပစ်ထားတာဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။ အသတ်ခံရတဲ့ဒေသခံပြည်သူ…
-

ရန်ကုန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေရာအနှံ့အပြား၌ သစ်ပင်များလဲကျ
ရန်ကုန်မြို့အတွင်း ယနေ့ ဧပြီ ၃၀ ရက် နေ့လယ်ပိုင်းတွင် မိုးရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အချို့ရှိ လမ်းမကြီးများပေါ်၌ သစ်ပင်နှင့် သစ်ကိုင်းအများအပြား လဲကျမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြို့ခံများထံမှ သိရသည်။ ယနေ့ နေ့လယ်ပိုင်း လေပြင်းတိုက်ခတ်မှုကြောင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၉၀) ရပ်ကွက်၊ ပုဏ္ဏမီလမ်းမပေါ်တွင် သစ်ပင်လဲကျခဲ့သလို၊ ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်၊ ပြည်သာယာလမ်းနှင့် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ ကျောက်လမ်းတို့တွင်လည်း သစ်ပင်များ ပြိုလဲကျခဲ့ ကြောင်း သိရသည်။ ထို့ပြင် ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာရှေ့နှင့် ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်း၊ ထီးတန်း အိမ်ရာရှေ့တို့တွင်လည်း သစ်ကိုင်းများ ကျိုးကျမှုများ ရှိခဲ့သည်။ “ရန်ကုန်မှာ မိုးရွာပြီ။ လေပြင်းတွေတိုက်ပြီးတော့ မိုးအများကြီးတော့ မရွာဘူး။ အပူနည်းနည်း သက်သာသွားတယ်”…
-

ငလျင်ထိထားတဲ့ပျော်ဘွယ်မှာ လေပြင်းတိုက်လို့ နေအိမ်နဲ့စာသင်ကျောင်းတွေ ပျက်စီး
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။ ပျော်ဘွယ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက် ညနေ ၃ နာရီ ၅၀ မိနစ်ကနေ ၄ နာရီ ၂၀ မိနစ်ခန့်အထိ နာရီဝက်ကြာ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ပျော်ဘွယ်မြို့ပေါ်ရှိ မြို့မ၊ မြင်းဘက်၊ ရွှေပြည်ရန်နိုင်ရပ်ကွက်တွေနဲ့ ရွှေညောင်ဖူး၊ မင်းလမ်း၊ ရွာထင်၊ ထရံကာ၊ ဂွေးဇီး၊ မြောက်ကန်ကြီးနဲ့ ဘတ္တကျေးရွာအုပ်စုတွေမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က အသိပေးပါတယ်။ အဲဒီ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၆လုံး၊ စာသင်ကျောင်း (၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပျော်ဘွယ်မီးသတ်က ထပ်မံအသိပေးပါတယ်။ “အမိုးလန်တဲ့အိမ်တွေလည်း ရှိတယ်။ အဲဒီအိမ်တွေဆိုရင် ငလျင်တုန်းက အိမ်တွေယိုင်ထားတာ ခုထိမပြင်နိုင်သေးတာ”လို့…
-

မြန်မာကျပ် မလို တရုတ်ယွမ်သာလိုတဲ့ ရှမ်းပြည်က နယ်စပ်မြို့တွေ
တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ မြန်မာကျပ်ငွေထက် တရုတ်ငွေကြေး ယွမ်ကို ဦးစားပေးသုံးတာက အရင်ကတည်းကရှိခဲ့ပြီး မဆန်းလှပါဘူး။ ဒါပေမဲ့ မြန်မာအစိုးရရုံးတွေနဲ့ ဘဏ်တွေရှိခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးကလည်း အတိုင်းအတာတစ်ခုအထိ ခိုင်မာနေခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ယွမ်တန်ဖိုးက ဘယ်တုန်းကမှနဲ့မတူအောင် မြင့်တက်လာပြီး ကျပ်ငွေက နောက်ကောက်ကျန်ရစ်ခဲ့ပါတယ်။ လိုချင်သူ ရှားလာပါတယ်။ ဝ တပ်ဖွဲ့ (UWSA)နဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကျပ်ငွေအစား ယွမ်ငွေကိုပဲ ဘာလို့ သုံးလာကြတာလဲ။ ယွမ်ငွေ အဓိကကိုင်လာကြတဲ့မြို့တွေ ရှမ်းမြောက်က သိန္နီ၊ ကွမ်လုံ၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်မြို့တွေမှာ အရင်ကထက် တရုတ်ယွမ်ငွေသုံးစွဲတာ ပိုပြီးတွင်ကျယ်လာတယ်လို့ အဲဒီနေရာတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတချို့က ဘီဘီစီကိုပြောပါတယ်။ အဲဒီမြို့တွေကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်…